Home Lifestyle Food မနက်စာအတွက် ထူးခြားတဲ့ ထောပတ်သီးကြက်ဥပေါင်း ပြုလုပ်ခြင်း

မနက်စာအတွက် ထူးခြားတဲ့ ထောပတ်သီးကြက်ဥပေါင်း ပြုလုပ်ခြင်း

0
မနက်စာအတွက် ထူးခြားတဲ့ ထောပတ်သီးကြက်ဥပေါင်း ပြုလုပ်ခြင်း

သင့်ရဲ့ မနက်စာအတွက် ထောပတ်သီးကြက်ဥပေါင်းဘယ်လိုလုပ်မလဲ

ပရိုတင်းဓာတ်ကြွယ်ဝပြီး ကာဗိုဟိုက်ဒရိတ်နည်းပါးတဲ့ မနက်စာမျိုးစားသုံးခြင်းဟာ လူတစ်ယောက်ကို လုံလောက်တဲ့ အာဟာရဓာတ်နဲ့ခွန်အားတို့ကို အလုံအလောက်ထောက်ပံ့ပေးတဲ့အပြင် သင့်ရဲ့ ကျန်းမာရေးကို လည်း အထောက်အကူ ပြုစေပါတယ်။ ဒီဆောင်းပါးမှာ သင့်ရဲ့ ပုံမှန် မနက်စာကို အရင် နေ့ရက်များနဲ့မတူ ထူးခြားစွာ သုံးဆောင်နိုင်ဖို့ အာဟာရလည်းရှိပြီး ခန္ဓာကိုယ်ကို အကျိုးဖြစ်ထွန်းစေမယ့် ထောပတ်သီးကြက်ဥပေါင်း တစ်ပွဲ ဘယ်လိုပြုလုပ်ရမလဲဆိုတာ တင်ဆက်သွားမှာဖြစ်ပါတယ်။

ဘာကြောင့် ထောပတ်သီးကို ရွေးချယ်ရတာလဲ?

ထောပတ်သီးမှာ လူတစ်ယောက်အတွက် တစ်နေ့တာ လိုအပ်တဲ့ ဗီတာမင်ဓာတ်၊ Glutathione လို့ခေါ်တဲ့ ဓာတ်တိုးခြင်းကို ကာကွယ်ပေးနိုင်တဲ့ဓာတ်တွေ အပြင်၊ မပြည့်ဝဆီနဲ့ အခြားသော ဂုဏ်သတ္တိများစွာပါဝင် ပါတယ်။ ထောပတ်သီးကြက်ဥပေါင်း တစ်ပွဲလုပ်ဖို့လိုအပ်တာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

လိုအပ်သော ပစ္စည်းများ

၁။ မမှည့်လွန်း မစိမ်းလွန်း အနေတော် ထောပတ်သီး ၁လုံး

၂။ ကြက်ဥ ၂လုံး

၃။ ငရုတ်ကောင်းမှုန့်

၄။ ဆားအနည်းငယ်

၅။ ကြက်သွန်မြိတ် သို့မဟုတ် နံနံပင်

လိုအပ်သော ပစ္စည်းတွေ စုဆောင်းပြီးပြီဆိုရင်တော့ ထောပတ်သီးကြက်ဥပေါင်း ပြုလုပ်ဖို့စတင်နိုင်ပါပြီ။

အဆင့်(၁)

ထောပတ်သီးကို အလည်ကနေ ထက်ခြမ်းခြမ်းရုံပါဘဲ။ ထောပတ်သီး ရွေးချယ်ရာမှာ မမှည့်လွန်း မစိမ်းလွန်း အနေတော် အသီးကို ရွေးချယ်ရမှာဖြစ်ပါတယ်။ မှည့်လွန်သွားရင်လည်း ပေါင်းလိုက်တဲ့အခါ အရည်ပျော်သကဲ့ သို့ဖြစ်နိုင်ပါတယ်။ စိမ်းလွန်းပြန်ရင်လည်း မာဆတ်ဆတ်ဖြစ်ပြီး အရသာအပြည့်အဝကို ရနိုင်မှာမဟုတ်ပါဘူး။ ခွဲစိတ်ထားတဲ့ ထောပတ်သီးတွေကို ပေါင်းအိုးထဲထည့်ထားပါ။

ထောပတ်သီးကြက်ဥပေါင်း

အဆင့် (၂)

ထက်ခြမ်းခွဲထားတဲ့ ထောပတ်သီးထဲကို ကြက်ဥတစ်လုံးဖောက်ထည့်ပါ။ ပြီးရင် ကြက်ဥအပေါ်ကနေ ငရုတ်ကောင်း၊ ဆား နဲ့ ကြက်သွန်မြိတ်တို့ကို ဖြုးပေးပါ။ ကြက်သွန်မြိတ်နေရာမှာ နံနံပင် အစားထိုးလဲ ရပါတယ်။ ပြီးရင်တော့ ပေါင်းအိုးထဲမှာ ၁၅ မိနစ်ခန့်ပေါင်းလိုက်ပါ။ ဒါဆိုရင်တော့ ထောပတ်ကြက်ဥပေါင်းကို ရရှိဖြစ်ပါတယ်။

ထောပတ်သီးကြက်ဥပေါင်း

ဒီလိုမနက်စာမျိုးကတော့ သင့်ကို တစ်နေ့တာ လိုအပ်တဲ့ အားအင်တွေကိုပေးစွမ်းနိုင်သလို တစ်ကယ့်ကို ကျန်းမာရေးနဲ့ညီညွတ်စေမယ့် အစာမျိုးလဲဖြစ်ပါတယ်။  အောက်ပါပုံကတော့ ထောပတ်သီးကြက်ဥပေါင်းပြီးတဲ့အခါ ရရှိလာမယ့် စားချင့်စဖွယ်ပုံလေးဖြစ်ပါတယ်။
ထောပတ်သီးကြက်ဥပေါင်း

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: