Home Lifestyle စမတ်ကျတဲ့ အမျိုးသားတစ်ယောက်မှာ ရှိသင့်တဲ့ အသုံးအဆောင် (၅) မျိုး

စမတ်ကျတဲ့ အမျိုးသားတစ်ယောက်မှာ ရှိသင့်တဲ့ အသုံးအဆောင် (၅) မျိုး

0
စမတ်ကျတဲ့ အမျိုးသားတစ်ယောက်မှာ ရှိသင့်တဲ့ အသုံးအဆောင် (၅) မျိုး

အမျိုးသားတွေ စမတ်ကျဖို့ဆိုရင် အမျိုးသမီးတွေလိုမျိုး အသုံးအဆောင်များများ ဝယ်ယူစုဆောင်းနေဖို့မလိုပါဘူး။ ဒါပေမဲ့အောက်မှာဖော်ပြထားတဲ့ ပစ္စည်းတွေကတော့မရှိမဖြစ်လိုအပ်နေပါတယ်။

(၁) နေကာမျက်မှန်

နေကာမျက်မျန်ဟာ နေပူထဲသွားရာမှာ ကျန်းမာရေးအတွက်ရော၊ စတိုင်ကျဖို့အတွက်ပါမရှိမဖြစ်အရေးပါနေပါတယ်။ နေကာမျက်မှန်ကြောင့် ထူးခြားတဲ့အသွင်အပြင်ကိုဖြစ််ပေါ်စေပါတယ်။ သင့်တော်ကောင်းမွန်ပြီး UVAရော UVBကိုပါ ကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်မျိုးကိုရွေးချယ် တပ်ဆင်ဖို့ လိုအပ်လှပါတယ်။ သင့်မျက်လုံးကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ နေကာမျက်မှန်မျိုးဖြစ်ဖို့က အရေးကြီးလှပါတယ်။

 

(၂) ခေါက်ပိုက်ဆံအိတ်

အမျိုးသားတစ်ယောက်ကိုင်တဲ့ခေါက်ပိုက်ဆံအိတ်မျိုးဟာသားရေသားနဲ့ပြုလုပ်ထားတဲ့အမျိုးအစား ဖြစ်သင့်ပါတယ်။ သားရေးကပျော့လေ။ ပိုပြီးစတိုင်ကျလေပါပဲ။ အရောင်တွေအနေနဲ့ကတော့အညိုရောင်နဲ့ အနက်ရောင်တွေဖြစ်သင့်ပါတယ်။ ပိုက်ဆံအိတ်အပြည့်အသိပ်ထည့်ပြီး ဖောင်းကားနေတဲ့ပိုက်ဆံအိတ်ကို ဂျင်းဘောင်းဘီ အိတ်ကပ်ထဲထည့်တာမျိုးက ကြည့်ရဆိုးတာကြောင့်ရှောင်ကျဉ်သင့်ပါတယ်။ ပိုက်ဆံအိတ်ထဲမှာCredit Cardထည့်တာက စတိုင်ကျပါတယ်။

(၃) ခါးပတ်

ခါးပတ်ကတော့ အမျိုးသားတွေအတွက်အကောင်းဆုံးမိတ်ဆွေပါပဲ။ ခါးပတ်မပါပဲ ဘောင်းဘီဝတ်ဆင်တာက သင့်အသွင်အပြင်ကိုမှေးမှိန်စေတဲ့အပြင် သင့်ဘောင်းဘီကိုပါတစ်ခုခုလစ်ဟာနေသလိုထင်ရစေပါတယ်။ ခါးပတ်ဝယ်မယ်ဆို ဘယ်လိုဘောင်းဘီနဲ့မဆိုလိုက်ဖက်မဲ့ အညို အနက်စတဲ့အရောင်တွေကိုဝယ်ပါ။  ခေါက်ပိုက်ဆံအိတ်လိုပဲ ခါးပတ်ကလည်း သားရေအပျော့သားနဲ့ ပြုလုပ်ထားတဲ့ ခါးပတ်မျိုးဖြစ်သင့်ပါတယ်။

(၄) အိတ်

အပြင်သွားတဲ့အခါမှာ အိတ်တစ်လုံးကတော့ယူသွားသင့်ပါတယ်။ တကယ်လို့ သင်က ကောလိပ်ကျောင်းသား မဟုတ်တော့ဘူးဆိုရင် ကျောပိုးအိတ်ကို မသုံးသင့်တော့ပါဘူး။ အားလပ်ရက် အပန်းဖြေခရီးထွက်မယ် ဆိုရင် ကျောပိုးအိတ်က စတိုင်ကျပါတယ်။ အလုပ်အတွက် အိတ်ဆောင်ယူမယ်ဆိုတော့ တတ်နိုင်သမျှ အရည်အသွေးကောင်းတဲ့အိတ်မျိုးဆောင်ယူပါ။ ချောမွေ့လွန်းတဲ့သရေအိတ်မျိုးထက် မျက်နှာပြင်ကြမ်းတမ်းတဲ့ အိတ်မျိုးက အမျိုးသားတွေအတွက်ပိုပြီးဖက်ရှင်ကျစေပါတယ်။

(၅) လက်ပတ်နာရီ

လက်ပတ်နာရီဟာ အမျိုးသားတစ်ယောက်ရဲ့ လက်မှာမရှိမဖြစ်အရေးပါတဲ့အရာပါ။ အချိန်နဲ့နာရီအလိုက် လုပ်ဆောင်နေရတဲ့ ခေတ်ကြီးမှာ အချိန်အတိအကျသိနိုင်ဖို့အတွက် လက်ပတ်နာရီတစ်လုံးကိုအမြဲပတ်ထားသင့်ပါတယ်။ လက်ပတ်နာရီ အမျိုးအစားကောင်းကောင်း တစ်လုံးကိုပတ်ထားတာက အမျိုးသားတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုတောက်ပစေသလို စတိုင်လည်းကျစေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: