အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ်တွင် လမ်းဘေး၌ ကျင်ကြီးစွန့်လိုက်တဲ့ ဆယ်ကျော်သက် ကလေး(၂)ဦးကို သတ်မှုဖြစ်ပွား

0
286

စက်တင်ဘာလ (၂၅)ရက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်တွင် အိန္ဒိယနိုင်ငံ၊ Madhya Pradesh ပြည်နယ်ရှိ ရွာတစ်ရွာ၏ လမ်းဘေး၌ အဆင့်နိမ့်လူတန်းစားဖြစ်တဲ့ အသက် (၁၂)နှစ်အရွယ်ရှိ Roshni နှင့် အသက် (၁၀)နှစ်အရွယ်ရှိ Avinash တို့ဟာ ကျင်ကြီးစွန့်ခဲ့ကြသောကြောင့် အထက်တန်းစားဖြစ်ကြတဲ့ Rameshwar Yadav နှင့် Hakim Yadav တို့က တုတ်ဖြင့် ရိုက်သတ်ခဲ့ကြပါတယ်။

ထိုသို့ ရိုက်သတ်ခဲ့မှုကြောင့် Rameshwar Yadav နှင့် Hakim Yadav တို့ကို ရဲများကဖမ်းဆီးထားပြီး လူသတ် မှုဖြင့် အမှုဖွင့်ထားတာဖြစ်ကြောင်း ရဲမှူးကြီး Rajesh Chandel ၏ ပြောပြချက်အရသိရပါတယ်။ Roshni နှင့် Avinash တို့ဟာ ဝမ်းကွဲညီအစ်မတွေဖြစ်ကြပြီး Avinash ရဲ့ မိဘများက Roshni ကိုမွေးစားထားသောကြောင့် အတူ နေ ထိုင်ကြတယ်လို့ သိရပါတယ်။

Avinash ရဲ့ အဖေ၏ ပြောပြချက်အရ သူဟာ လက်လုပ်လက်စား အခြေခံလူတန်းစား ဖြစ်တဲ့အတွက် အလွန်ဆင်းရဲပြီး အိမ်သာတောင်မဆောက်နိုင်တဲ့ အခြေအနေဖြစ်လို့ ယခုလိုအမှုဖြစ်ပွားခဲ့ရတာ ဖြစ်ကြောင်းနှင့် အစိုးရက ဆင်းရဲတဲ့သူ များအတွက် အိမ်သာဆောက်ပေးတဲ့ အစီအစဉ်မှာ သူတို့မရခဲ့ဘူးလို့လဲ သိရပါ တယ်။

အိန္ဒိယမှာ လူတန်းစားခွဲခြားမှုဟာ မျိုးရိုးစဉ်ဆက်ကျင့်သုံးလာတာဖြစ်လို့ ယခုအချိန်အထိ ကျယ်ပြန့်စွာ တည်ရှိနေ သေးတာဖြစ်ပြီး လူအခွင့်အရေးအဖွဲ့များကလည်း လူတန်းစားခွဲခြားမှုကို တိုက်ဖျက်နေတာ ယခုအချိန်အထိ မအောင်မြင် သေးပါ။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ၂၀၁၄ ခုနှစ်တွင် The Swachh Bharat Mission လို့ခေါ်တဲ့ လူမြင်ကွင်း၌ ကျင်ကြီး၊ ကျင်ငယ်စွန့်မှု ပပျောက်ရေးလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ခဲ့ကာ အဓိကအားဖြင့် ဆင်းရဲနွမ်းပါးတဲ့ သူများ၏ နေအိမ်များတွင် အိမ်သာများကိုဆောက်လုပ်ပေးနေတာဖြစ်ပါတယ်။ သို့သော် အိမ်သာများ မလုံလောက်သေးတဲ့အပြင် ရေမလုံလောက်မှုနှင့် အိမ်သာများကို ထိန်းသိမ်းခြင်း ကိစ္စရပ်များမှာ အခက်အခဲများရှိနေတဲ့အတွက် ထိုလုပ်ငန်း စဉ်ကို အပြီးသတ် အကောင်အထည်ဖော်ရန် နှောင့်နှေးနေရတယ်လို့လည်း သိရပါတယ်။

Source : BBC News

LEAVE A REPLY

Please enter your comment!
Please enter your name here