နယူးယောက်တွင် ဖခင်က ၅နှစ်အရွယ်သမီးလေးကိုချီကာ ရထားလမ်းသို့ခုန်ချပြီး အဆုံးစီရင်မှုဖြစ်ပွား

0
148

စက်တင်ဘာလ ၂၃ ရက် တနင်္လာနေ့နံနက်ပိုင်းမှာ နယူးယောက် Bronx မြို့ရှိ Kingsbridge ရထားဘူတာတွင် Fernando Balbuena လို့ခေါ်တဲ့ အသက် ၄၅နှစ်အရွယ်အမျိုးသားတစ်ဦးဟာ အသက် ၅နှစ်အရွယ်ရှိ သူ၏သမီး လေးကိုချီပြီး အမှတ် ၄ ရထားလာရာလမ်းထဲသို့ ခုန်ချကာအဆုံးစီရင်ခဲ့ပါတယ်။ ထူးဆန်းစွာဖြင့် ကလေးဟာမသေပဲ အ သက်ရှင်ကျန်ရစ်ခဲ့ပြီး ဖခင်ဖြစ်သူကတော့ ထိုနေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။

တနင်္လာနေ့ နက်နံ ၈နာရီလောက်မှာ Fernando Balbuena က သူမဆီကိုဖုန်းဆက်ပြီးနောက် ကြီးမားတဲ့ အရာ တစ်ခုခုဖြစ်တော့မယ်ဆိုတာ သူမသိလိုက်ရတယ်လို့ မိခင်ဖြစ်သူ Niurka Caraballo က ပြောပြပါတယ်။ ထို့ကြောင့် သူမ ဟာ ရထားဘူတာကို ချက်ချင်းသွားခဲ့ပေမယ့် အချိန်မမှီခဲ့ဘူးလို့သိရပါတယ်။ သို့သော် ကလေးဟာ မသေဆုံးခဲ့ပဲ ပွန်းပဲ ဒဏ်ရာမျှသာရရှိခဲ့တဲ့အတွက် ဆေးရုံသို့ပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။

မိခင်ဖြစ်သူ Niurka Caraballo က သူမရဲ့ အမျိုးသား Balbuena ဟာ သူမအပေါ်အလွန်ကောင်းတဲ့ သူတစ်ယောက် ဖြစ်ကြောင်း၊ ဖခင်ကောင်းတစ်ယောက်ဖြစ်ကြောင်း၊ မိသားစုကိုထောင့်ပံ့ပေးနိုင်တဲ့သူတစ်ယောက်ဖြစ်ပြီး လူကောင်းတစ် ယောက်လည်းဖြစ်ကြောင်းပြောခဲ့ပါတယ်။ သို့သော် သူ့မှာ စိတ်ဓာတ်ကျတဲ့ ဝေသနာတစ်ခုကို ခံစားနေရတာဖြစ်ပြီး သူမ အနေနဲ့လည်း ထိုဝေဒနာကိုဘယ်လိုလုပ်ပေးရမလဲဆိုတာ မသိခဲ့ဘူးလို့ ပြောပြခဲ့ပါတယ်။

Source : FOX News

LEAVE A REPLY

Please enter your comment!
Please enter your name here