Home Lifestyle Health အိန္ဒိယတွင် E-Cigarettes ထုတ်လုပ်ရောင်းချခြင်းကို တာမြစ်လိုက်ပြီ

အိန္ဒိယတွင် E-Cigarettes ထုတ်လုပ်ရောင်းချခြင်းကို တာမြစ်လိုက်ပြီ

0
အိန္ဒိယတွင် E-Cigarettes ထုတ်လုပ်ရောင်းချခြင်းကို တာမြစ်လိုက်ပြီ

စက်တင်ဘာလ (၁၈)ရက် ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယအစိုးအဖွဲ့ အစည်းအဝေးပြုလုပ်ပြီးနောက် E-Cigarettes များ ထုတ် လုပ်ခြင်းနှင့် ရောင်းချခြင်းကို ပိတ်ပင်တားမြစ်လိုက်ပြီဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တစ်ကမ္ဘာ လုံးရှိ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံအတော်များများဟာ ယခုနှစ်အတွင်းမှာ E-Cigarettes များကို ပိတ်ပင်တားမြစ် လာကြတာတွေ့ရပြီး နောက်ဆုံးကတော့ အိန္ဒိယပဲဖြစ်ပါတယ်။

E-Cigarettes ကို အဓိကတိုက်ဖျက်နေတာကတော့ အမေရိကန်ပဲဖြစ်ပါတယ်။ အမေရိကန်ရှိ ဆယ်ကျော်သက် က လေးများ E-Cigarettes သောက်သုံးခြင်းဟာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာကာ ယခုနှစ်မှာတော့ ဆယ်ကျော် သက်ကလေးပေါင်း ၅သန်းအထိ E-Cigarettes ကို သောက်သုံးလာသဖြင့် အမေရိကန်က ပြင်းပြင်းထန်ထန် တားမြစ် ရခြင်းဖြစ်ပါတယ်။

E-Cigarettes များဟာ အစပိုင်းမှာတော့ ဆေးလိပ်စွဲနေသူများကို ဆေးလိပ်ဖြတ်ဖို့ရန်အတွက်ဟု ခေါင်းစဉ်တပ်ကာ ထုတ်လုပ်ခဲ့သဖြစ် လက်ခံခဲ့ကြပါတယ်။ နောက်ပိုင်းမှာသုတေသီများ၏ ရှာဖွေတွေ့ရှိမှုအရ E-Cigarettes တွင် ပါ ဝင်တဲ့ နီကိုတင်းဟာ အဆုတ်ကိုထိခိုက်စေပြီး အဆုတ်နဲ့ ပတ်သက်တဲ့ ကပ်ရောဂါတစ်ခုကို ဖြစ်ပွားစေတာကို သိရှိခဲ့ ရပါတယ်။ ထို့အပြင် E-Cigarettes ကုမ္ပဏီတွေကလည်း လူငယ်တွေ အကြိုက်တွေ့စေရန် အရသာမျိုးစုံ အရောင် မျိုးစုံ တို့ကို ထုတ်လုပ်ကာ လူငယ်တွေကို ဆွဲဆောင်လာတာ တွေ့ရပါတယ်။ ထို့ကြောင့် နိုင်ငံကြီးများကစတင်ပြီး တားမြစ် ရတဲ့ အဆင့်ကိုရောက်လာခဲ့တာဖြစ်ပါတယ်။ ယခုဆိုလျှင် အမေရိကန်မှာ E-Cigarettes ကြောင့် သေဆုံးသူ (၆)ဦး အထိ ရှိနေပြီး ရောဂါဖြစ်နေသူအများအပြားရှိတယ်လို့ သိရပါတယ်။

Source : Bloomberg News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: