Slack ကို Dark Mode ဖြင့် မည်သည့် Device မှာမဆို အသုံးပြုလို့ရပြီ

0
124

လုပ်ငန်းရှင်အများစုအသုံးပြုတဲ့ workplace chat app တစ်ခုဖြစ်တဲ့ Slack က IOS, AndroidOS, MacOS, Windows OS နှင့် Linux OS အစရှိတဲ့ Device နဲ့ OS ကို အသုံးပြုတဲ့လူတွေအားလုံးအတွက် Dark Mode လေးကို ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။

Slack ရဲ့ Product Manager ဖြစ်တဲ့ George Zamfir က Dark Mode ကိုထည့်သွင်းပေးရတဲ့ ရည်ရွယ် ချက်က တော့ အမှောင်ထဲမှာ သို့မဟုတ် ညဘက်မှာ အသုံးပြုကြတဲ့လူတွေအတွက် မျက်စိအာရုံကြောကို မထိခိုက်စေရန် အတွက် ဖြစ်တယ်လို့ ရှင်းပြသွားခဲ့ပါတယ်။ Slack ကို Dark Mode အဖြစ်ပြောင်းလဲအသုံးပြုချင်တယ်ဆိုရင်တော့ Slack Setting က Themes ထဲမှာ Dark Mode ကို ရွေးလိုက်ရုံပါပဲ။

ယခုဆိုရင် လူသုံးများတဲ့ App တွေ အတော်များများဟာ အသုံးပြုသူတွေရဲ့ အာရုံကြောမထိခိုက်စေရန်အတွက် Dark Mode တွေကို ထည့်သွင်းပေးလာကြတာကို တွေ့ရှိရပါတယ်။ လူတော်တော်များများကလည်း Dark Mode ကို ကြိုက် နှစ်သက်ကြပါတယ်။ စာဖတ်ပရိတ်သတ်ကြီးလည်း Slack ကိုအသုံးပြုနေတယ်ဆိုရင်တော့ အခုပဲ setting ထဲသွားပြီး တော့ Dark Mode လေးကို ဖွင့်လိုက်တော့နော်။

Source : The Verge News

LEAVE A REPLY

Please enter your comment!
Please enter your name here