Apple Music ကို Browser တွင် အသုံးပြုလို့ရပြီ

0
151

MacOS နဲ့ IOS အသစ်ထွက်ရှိပြီးနောက်မှာ Apple Music ဟာ Apple အသုံးပြုသူတွေထံမှ နှုတ်ဆက် သွားခဲ့ ရတာဖြစ်ပါတယ်။ သို့သော် ယခုအခါမှာတော့ Apple အသုံးပြုသူတွေသာမဟုတ်ပဲ အခြားသော OS များကို အသုံပြုတဲ့ သူတွေပါ Apple Music ကို အသုံးပြုခွင့်ရမယ့် အခွင့်အရေးတစ်ခုပေါ်ပေါက်လာခဲ့ပြီဖြစ်ပါတယ်။

ယခုအခါမှာတော့ macOS, Windows, Chrome OS, iOS နဲ့ Android အစရှိတဲ့ platforms မျိုးစုံတွင် Web Browser မှတစ်ဆင့် Apple Music ကို အသုံးပြုလို့ ရပြီဖြစ်ပါတယ်။ သို့သော် အရင် Apple Devices များတွင် အ သုံးပြုခဲ့ရတဲ့ အရသာအပြည့်အစုံကိုတော့ ခံစားရတော့မှာ မဟုတ်ပေမယ့် အရင်ကအသုံးပြုခဲ့ရတဲ့ Apple Music ရဲ့ အ ငွေ့အသက်တွေတော့ ကျန်ရှိနေဦးမှာဖြစ်ပါတယ်။

အရင်တုန်းက Apple Music အတိုင်းပဲ မိမိကြိုက်နှစ်သက်တဲ့ သီးချင်းတွေကို For You ဆိုတဲ့ Album ထဲမှာ စု ဆောင်းကာ ကြိုက်နှစ်သက်သလိုနားဆင်လို့ရမှာဖြစ်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့တော့ Apple Music Account အသစ်ကိုတော့ လျှောက်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒါကြောင့် Apple Music ကို အသုံးပြုချင်တယ်ဆိုရင်တော့ အခု ပဲ Browser ကိုဖွင့်ပြီး အသုံးပြုလိုက်ပါတော့။

Source : Mashable News

LEAVE A REPLY

Please enter your comment!
Please enter your name here