Home News Facebook က Dating Feature အသစ်ကို အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၀ တွင် အသုံးပြုခွင့်ပေးလိုက်ပြီ

Facebook က Dating Feature အသစ်ကို အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၀ တွင် အသုံးပြုခွင့်ပေးလိုက်ပြီ

0
Facebook က Dating Feature အသစ်ကို အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၂၀ တွင် အသုံးပြုခွင့်ပေးလိုက်ပြီ

ပြီးခဲ့တဲ့ နှစ်က Facebook မှ စတင်မိတ်ဆက်ခဲ့တဲ့ Dating Feature ကို စက်တင်ဘာလ (၅)ရက် ကြာသပတေး နေ့က အမေရိကန်မှာရှိတဲ့ Facebook အသုံးပြုသူတွေကို အသုံးပြုခွင့်ပေးလိုက်ပြီးဖြစ်ပါတယ်။ Dating Feature ကို အသက် (၁၈)နှစ်ပြည့်သော Facebook အသုံးပြုသူများအနေနဲ့ ဖုန်းရဲ့ အပေါ်ဆုံးမှာရှိတဲ့ Feature Bar တွင် Dating Feature အသစ်ထွက်ပေါ် လာမှာဖြစ်ပါတယ်။ ထို Feature ကို အသုံးပြုချင်ရင် လျှောက်ထားနိုင်သလို မသုံးချင်လျှင်လည်း ပိတ်ထားလို့ရပါတယ်။

လက်ရှိမှာ Facebook မဟုတ်တဲ့ အခြားသော Dating App တွေလည်း အများအပြားရှိပါတယ်။ သို့သော် အသုံး ပြုသူတွေက အခြားသော Dating App တွေကိုအသုံးပြုရတာ အဆင်မပြေဖြစ်နေတဲ့အတွက် Facebook က ထုတ် ပေး ခဲ့တာဖြစ်ပါတယ်။ Dating Feature ဟာ Facebook နဲ့ ဘာမှမဆိုင်တဲ့ အခြားသော Profile တစ်ခုအနေနဲ့ တည်ရှိ နေမှာဖြစ်သော်လည်း Facebook အပြင် Instagram တို့နှင့်ချိတ်ဆက်အသုံးပြုလို့ရမှာဖြစ်ပါတယ်။ထို့ကြောင့် အ သုံးပြုသူအနေနဲ့ Facebook နှင့် Instagram ပေါ်က သူငယ်ချင်းဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မိမိ သဘော ကျတဲ့လူတွေကို Chatting ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ထို့အပြင် မိမိရှိနေတဲ့ နေရာကိုလည်း Share လုပ်လို့ရမှာဖြစ်ပြီး ဘယ်သူနဲ့ ဘယ်နေရာမှာ ဘယ်အချိန်မှာ Date လုပ်နေလဲဆိုတာကို Share လို့ရမှာဖြစ်ပါတယ်။ ထိုသို့ Share လုပ်တဲ့အခါမှာလည်း မိမိတွေ့စေချင်သော သူများ၊ မတွေ့ချင်သောသူများကို ခွဲခြားပြီး Share လို့ရမှာဖြစ်ပါတယ်။ Dating Feature တွင်လည်း မိမိကြိုက်နှစ်သက်တဲ့ Profile ပုံကို ရွေးချယ်ပြီး တင်လို့ရမှာဖြစ်ပါတယ်။ Chatting သီးသန့်ဖြစ်တဲ့အတွက် Main Facebook ကဲ့သို့ events တွေကိုတော့ တင်လို့ရမှာမဟုတ်ပါဘူး။

Facebook ရဲ့ ပြောပြချက်အရတော့ Dating Feature ဟာ ချစ်သူမရသေးသော သူများအတွက် အမြန် ဆုံး ချစ် သူ ရ စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီ Feature လေးကို ထုတ်ပေးလိုက်တာဖြစ်ကြောင်းသိရပါတယ်။ လက်ရှိမှာတော့ အမေရိ ကန်အပါအဝင် Brazil, Canada, Chile, Columbia, Ecuador, Guyana, Laos, Malaysia, Mexico, Paraguay, Peru, Philippines, Singapore, Suriname, Thailand, Uruguay, နှင့် Vietnam အစရှိတဲ့ နိုင် ငံ (၂၀)မှာ Dating Feature ကို အသုံးပြုခွင့်ရနေပြီးဖြစ်ပါတယ်။ နောက်နှစ် အစောပိုင်းမှာ ဥရောပတွင်လည်း အ သုံးပြုလို့ရမှာဖြစ်ကြောင်း သိရှိရပါတယ်။

 

Source : The Verge News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: