Home Lifestyle Health လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ လိင်ကျန်းမာရေး ဆက်စပ်နေကြောင်း ကျွမ်းကျင်သူများဆို

လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ လိင်ကျန်းမာရေး ဆက်စပ်နေကြောင်း ကျွမ်းကျင်သူများဆို

0
လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ လိင်ကျန်းမာရေး ဆက်စပ်နေကြောင်း ကျွမ်းကျင်သူများဆို

ယနေ့ခေတ်မှာ ကျန်းမာရေးလိုက်စားကြတဲ့ လူတွေအရမ်းများလာနေပါတယ်။လူတစ်ချို့က ကျန်းမာရေးအရ လေ့ကျင့် ခန်းလုပ်နေကြသလို အလှအပနဲ့ ခန္ဓာကိုယ်ကိုပြုပြင်ပြောင်းလဲဖို့အတွက် လေ့ကျင့်ခန်းလုပ်နေကြတဲ့လူတွေလဲ ရှိပါ တယ်။ ဘယ်လိုရည်ရွယ်ချက်ကြောင့်ပဲ လေ့ကျင့်ခန်းတွေ လုပ်လုပ် လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကိုယ်ရောစိတ်ပါ ကျန်း မာရေးအတွက် အရမ်းအထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် လူသားအားလုံးအတွက် အရေးပါတဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း အလွန်အထောက်အကူပြုပါတယ်။

အနောက်မြောက်ဆေးဘက်ဆိုင်ရာစင်တာNorthwestern Medicine Center for Sexual Medicineရှိ လိင်ပိုင်း ဆိုင်ရာ ဆေးပညာဌာနမှ ဆေးဘက်ဆိုင်ရာ ညွှန်ကြားရေးမှူး ဖြစ်တဲ့Dr.Lauren Streicher က ကျန်းမာနေတဲ့ ဘယ်အမျိုးသမီး၊ အမျိုးသားမဆို လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး ကောင်းပြီးသားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်စုံ တစ် ခုသော နာမကျန်းဖြစ်ခြင်းဟာ လိင်ပိုင်းဆိုင်ရာ တုတ်ပြန်မှု အား ကို အနည်းနဲ့ အများထိခိုက်စေတယ်လို့ ပြောပြသွား ခဲ့ ပါတယ်။ ထို့အပြင် လိင်ပိုင်းဆိုင်ရာ တုတ်ပြန်မှုအားဟာ နှလုံးသွေးကြောစနစ် အားကောင်းမှု၊ အားနည်းမှုနှင့် ဆက်စပ်မှုရှိနေတာဖြစ်တဲ့အတွက်နှလုံးသွေးကြောစနစ်အားကောင်းတဲ့လူဟာလိင်ပိုင်းဆိုင်ရာကျန်းမာရေး ကောင်း နေမှာဖြစ်တယ်လို့လဲ ရှင်းပြသွားပါတယ်။

ထို့ကြောင့် အေရိုးဘစ်ကစားခြင်း၊ ယောဂကစားခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ဘောလုံးကစားခြင်း၊ ဘတ်စ်ကက်ဘော ကစားခြင်း အစရှိတဲ့ ကျန်းမာရေးဆိုင်ရာ အလုပ်များဟာ နုလုံးသွေးစီးဆင်းမှုကို အထောက်အကူဖြစ်စေသောကြောင့် နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေမှာဖြစ်ပါတယ်။ San Francisco ဆေးရုံရှိ Urology အရာရှိဖြစ်သူ Dr. Benjamin Breyer က လိင်ပိုင်းဆိုင်ရာမှာ တုတ်ပြန်မှုအားနည်းတဲ့ အမျိုးသမီး၊ အမျိုးသားအများစုဟာ ကိုယ်လက် လှုပ်ရှားမှု နည်းပြီး နှလုံးသွေးလည်ပတ်မှု အားနည်းတဲ့လူများဖြစ်ကြပါတယ်။ ထို့ကြောင့် မိမိကိုယ်ကို လိင်ပိုင်း ဆိုင် ရာ တုတ်ပြန်မှုအားနည်းနေပြီးလို့ ထင်လျှင် ရှေ့ဦးစွာလေ့ကျင့်ခန်းလုပ်ဖို့ ပြောပြခဲ့ပါတယ်။

လေ့ကျင့်ခန်းလုပ်ရမယ့် နည်းကတော့ အရမ်းမပြင်းထန်တဲ့ လေ့ကျင့်ခန်းကိုလုပ်မယ်ဆိုလျှင် တစ်ပတ်မှ အနည်းဆုံး မိနစ် ၁၅၀လုပ်ရမှာဖြစ်ပြီး၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်မယ်ဆိုရင်တော့ အနည်းဆုံး တစ်ပတ်ကို ၇၅ မိနစ် အထိ လုပ်ပေးရမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ကျန်းမာရေးကိုအထောက်အကူဖြစ်တယ်ဆိုပေမယ့် အလွန် အကျွံ လုပ်ခြင်းကိုတော့ ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ တန်ရင်ဆေး လွန်ရင်ဘေးဆိုတဲ့ စကားအတိုင်း မိမိခန္ဓာကိုယ်က လို အပ်တဲ့ပမာဏကို ချိန်ပြီးလုပ်ရင်တော့ ကျန်းမာရေး အတွက်အထောက်အကူဖြစ်ပါလိမ့်မယ်။ စာဖတ်ပရိသတ်ကြီးလည်း ကျန်းမာရေးသုခနဲ့ ပြီးပြည့်စုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source : CNN News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: