Home Entertainment Beauty and the Beast (2017) ရုပ်ရှင်အကြိုခံစားကြည့်ခြင်း

Beauty and the Beast (2017) ရုပ်ရှင်အကြိုခံစားကြည့်ခြင်း

0
Beauty and the Beast (2017) ရုပ်ရှင်အကြိုခံစားကြည့်ခြင်း

ကဲ… သူငယ်ချင်းတို့ အရင်ကကြည့်ခဲ့ဖူးတဲ့ Beauty and the Beast ကာတွန်းဖြစ်ဖြစ်၊ ရုပ်ရှင်ပဲဖြစ်ဖြစ် အသာထားဦးတော့၊ လာမဲ့ 2017မှာ Disneyကနေထွက်ရှိမဲ့ Beauy and the Beast 2017 filmလေး အကြောင်း မိတ်ပေးပါရစေလားဗျာ…

ဒီဇာတ်လမ်းလေးဟာ ၁၉၉၁ကထွက်ရှိခဲ့တဲ့ Disneyရဲ့Beauty And the Beast Animation ကာတွန်းကိုပြန်လည် အသက်ဝင်လာအောင် အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါရိုက်တာ Bill Condonရဲ့ ညွန်းကြားမှုနဲ့အတူ အနုပညာရှင်တွေဖြစ်ကြတဲ့ Emma Watson၊ Dan Stevens၊ Luke Evans၊ Kevin Kline၊ Josh Gad၊ Ewan Mcgregor၊ Stanley Tucci၊ Audra McDonald၊ Gugu Mbatha-Raw၊ Mc Kellenနဲ့ Emma Thompson တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ပူးပေါင်းထုတ်လုပ်သူတွေဖြစ်ကြတဲ့ David Hobermanနဲ့ Todd Liebermanတို့ဟာ Walt Diasney Studios Motion Picturesမှ မတ်လ ၁၆ရက်နေ့ ၂၀၁၅ခုနှစ်က ရိုက်ကူးပြီးစီးခဲ့သော်လည်း ၂၀၁၇ မတ် ၁ရမှာတော့ 3Dနဲ့ပြန်လည်ထွက်ရှိလာတော့မှာဖြစ်ပါတယ်လို့ Disneyကဆိုပါတယ်။

ဇာတ်လမ်းအကျဉ်း

သူငယ်ချင်းတို့…ဒီဇာတ်လမ်းလေးကို ကြည့်ခဲ့ဖူးကြတဲ့သူတွေ များတယ်လို့ထင်ပါတယ်။ မကြည့်ဖူးရင်တောင် ရုပ်ပြတွေဖတ်ဖူး၊ ကြားဖူးကြမှာပါ။ ဘာပဲဖြစ်ဖြစ်ဇာတ်လမ်းကိုအနည်းငယ်ပြောပြပါရစေ။

ရုပ်ဆိုးကြီးရဲ့ရဲတိုက်ထဲမှာ Belleဆိုတဲ့ကောင်မလေးဟာပိတ်မိခဲ့ပါတယ်၊။ အဲ့ဒီရဲတိုက်ထဲမှာ အသက်ဝင်နေတဲ့ အသုံးအဆောင်ပစ္စည်းတွေကိုတွေ့ခဲ့မြင်ခဲ့ရတဲ့အခါ သူမဟာ အကြောင်းစုံကိုသိသွားပြီး ရုပ်ဆိုးကြီးကို ကြောက်ရမဲ့အစား စိတ်နှလုံးကောင်းရှိတဲ့မင်းသားလေးဖြစ်တာကိုသိလိုက်ရတော့ မိတ်ဆွေတွေဖြစ်သွားခဲ့ကြတယ်။

အဲ့ဒီအချိန်မှာဘဲ Gaston ဆိုတဲ့မုဆိုးဟာ  ရုပ်ဆိုးကြီးကိုလည်း မရရအောင် အမဲလိုက်ဖမ်းဆီးပြီး Belle ကို သူ့အတွက် ကယ်တင်မယ်ဆိုပြီး ဇာတ်လမ်းအစပျိုးထားပါတယ်။

သူငယ်ချင်းတို့အတွက်Trailer Videoလေးကိုအောက်မှာပေးထားလို့ အကြိုခံစားကြည့်ရှုနိုင်ပါတယ်။

၂၀၁၇ မှာဒီဇာတ်ကားလေးထွက်လာရင်လည်းစောင့်မျှော်ကြည့်ရှုကြဖို့မမေ့နဲ့ဦးနော်…!

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: