Home News တစ်ကမ္ဘာလုံးကို မိမိကိုယ်တိုင်ပျံသန်း ကြည့်ရှုနိုင်မယ့် Google Earth VR

တစ်ကမ္ဘာလုံးကို မိမိကိုယ်တိုင်ပျံသန်း ကြည့်ရှုနိုင်မယ့် Google Earth VR

0
တစ်ကမ္ဘာလုံးကို မိမိကိုယ်တိုင်ပျံသန်း ကြည့်ရှုနိုင်မယ့် Google Earth VR

ကမ္ဘာကြီးမှာ အံ့သြစရာကောင်းပြီး တစ်ကယ့်ကို လှပတဲ့နေရာတွေ အများကြီးပါ။ အဲ့ဒီလိုနေရာတွေကို လည်ပတ်ဖို့ဆိုရင် အချိန်၊ ငွေကြေး၊ နဲ့ ခရီးတစ်ခုသွားဖို့အတွက် စီမံကိန်းတွေ ရေးဆွဲရပါတယ်။ ဒါ့အပြင် သင်ကိုယ်တိုင် တစ်ကမ္ဘာလုံးမှာရှိတဲ့ နေရာတွေ အားလုံးကို သွားနိုင်ဖို့ဆိုတာ တစ်ကယ့်ကို မလွယ်ကူလှပါဘူး။ အခုတော့ Google Earth VR သုံးပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ မည်သည့် နေရာမဆို သွားရောက်လည်ပတ်နိုင်ပါပြီ။

Google Earth VR App ကို Stream Gaming Distribution Service မှ အခမဲ့ ဒေါင်းလုပ်ဆွဲနိုင်မည်ဖြစ်ပြီး လက်ရှိမှာတော့ HTC Vive virtual reality headset အသုံးပြုသူများသာ Google Earth VR App ကိုသုံးစွဲနိုင်မည်ဖြစ်သည်။ နောက်ပိုင်းမှာတော့ အခြား VR headset အသုံးပြုသူများပါ Google Earth VR App ကို သုံးစွဲလာနိုင်မှာဖြစ်ပါတယ်။

VR Headset ကို ဝတ်ဆင်၍ မိမိသွားရောက်လိုသော နေရာများကို အနီးကပ်ပျံသန်းသွားရောက်နိုင်ပြီး သွားရောက်လိုတဲ့ ဦးတည်ရာ ကို ရည်ညွန်းဖို့အတွက် Touch Controller ကို အသုံးပြုရမှာဖြစ်ပါတယ်။

“စတုရန်းမိုင်ပေါင်း ၁၉၆.၉ သန်းရှိတဲ့ ကမ္ဘာကြီးရဲ့ မည်သည့်နေရာမဆို အလွယ်တစ်ကူသွားရောက်လည်ပတ်နိုင်ပါပြီ ” ဟု Google VR ထုတ်ကုန် မန်နေဂျာ Mike Podwal က ပြောကြားခဲ့သည်။ အောက်ဖော်ပြမှာ Demo Video မှာတော့ အမျိုးသမီးတစ်ဦး HTC Vive VR headset ကိုအသုံးပြုပြီး ကမ္ဘာအနှံ့က နာမည်ကြီးနေရာတွေကို Virtual World အနေနဲ့ ပျံသန်း လည်ပတ်ပုံဖြစ်ပါတယ်။  ၂၀၁၇ ခုနှစ် လောက်မှာ VR Headset တိုင်းနီးပါးကို အသုံးပြုပြီး သင်ကိုယ်တိုင် ကမ္ဘာအနှံ့အပြားကို လည်ပတ်ပျံဝဲနိုင်မှာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: