Home Lifestyle Health သွေးအမျိုးအစားအလိုက် ရောဂါဖြစ်နိုင်ခြေ ကိုတွေ့ရှိ

သွေးအမျိုးအစားအလိုက် ရောဂါဖြစ်နိုင်ခြေ ကိုတွေ့ရှိ

0
သွေးအမျိုးအစားအလိုက် ရောဂါဖြစ်နိုင်ခြေ ကိုတွေ့ရှိ

လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသွေးအမျိုးအစားကိုလိုက်ပြီးတော့ ရောဂါဖြစ်နိုင်ခြေရှိကြောင်းကို သုတေသီများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သုတေသီများ၏ ပြောပြချက်အရ သွေးအမျိုးအစား တစ်မျိုးနဲ့တစ်မျိုးမှာ ပါဝင်တဲ့မော်လီကျူး တွေဟာ မတူညီကြတဲ့အတွက် ဖြစ်နိုင်တဲ့ ရောဂါပိုးများဟာလည်း မတူညီကြပါဘူး။ သွေးအမျိုးအစား အလိုက် ဖြစ်ပွားနိုင် တဲ့ ရောဂါပိုးမွှားများကတော့-

A ၊ ​B နှင့် AB သွေးအမျိုးအစား

ဖြစ်နိုင်သည့်ရောဂါ – နုလုံးရောဂါ

BMC ဆေးဌာန၏ ထုတ်ပြန်ချက်အရ O သွေးမဟုတ်တဲ့ သွေးအမျိုးအစားပိုင်ရှင်များဟာ နုလုံးနဲ့ ပတ်သက်တဲ့ ရော ဂါများကို ခံစားရနိုင်ပါတယ်။ သူတို့ရဲ့ သွေးများဟာ နုလုံးနေရာမှာ အလွယ်တကူ သွေးခဲခြင်းကိုဖြစ်ပွားစေနိုင်ပါတယ် ထို ဖြစ်စဉ်ကိုတော့ Von Willebrand factor နှင့် factor VIII လို့ခေါ်ပါတယ်။ ထို့ကြောင့် ၎င်းသွေးပိုင်ရှင်များဟာ အခြားသွေးပိုင်ရှင်များထက် နုလုံးရောဂါဖြစ်သေဆုံးနိုင်ချေ ၁၅% ပိုများပါတယ်။

O သွေးအမျိုးအစား

ဖြစ်နိုင်သည့်ရောဂါ – ကလေးမရခြင်းပြဿနာ

Albert Einstein ဆေးဘက်ဆိုင်ရာကော့လိပ်မှ သုတေတီများ၏ပြောပြချက်အရ O သွေးပိုင်ရှင်များဟာ အခြားသွေး ပိုင်ရှင်များထက် follicle stimulating ဟော်မုန်း ပါဝင်မှုများ နေခြင်း ကြောင့် ကလေးမရနိုင်တဲ့ ပြဿနာရှိ နေတတ် ပါတယ်။

AB သွေးအမျိုးအစား

ဖြစ်နိုင်သည့်ရောဂါ – မှတ်ဉာဏ်ပျောက်ဆုံးခြင်း

AB သွေးအမျိုးအစားဟာ ရှားပါးတဲ့ သွေးအမျိုးအစားဖြစ်ပါတယ်။ ထိုသွေးပိုင်ရှင်များဟာ အသက်ကြီးလာတဲ့အခါမှာ အခြားသောသွေးပိုင်ရှင်များထက်၈၂%ပိုပြီးမှတ်ဉာဏ်ပျေက်ဆုံးခြင်းကို ဖြစ်ပေါ်စေတာတွေ့ရပါတယ်။ ထို့အပြင် factor VIII အဆင့်ဖြစ်တဲ့အတွက် ထိုရောဂါကိုဖြစ်ပွားစေနိုင်ပါတယ်။

A သို့မဟုတ် B သွေးအမျိုးအစား

ဖြစ်နိုင်သည့်ရောဂါ – ဆီးချို၊ သွေးချို ရောဂါ

A သို့မဟုတ် B သွေးပိုင်ရှင်များဟာ အခြားသောသွေးပိုင်ရှင်များထက် ဆီးချို၊ သွေးချို ရောဂါဖြစ်နိုင်ချေ ၂၁% ပိုများနေ ပြီးB+သွေးပိုင်ရှင်များကတော့ ဖြစ်နိုင်ချေအများဆုံးဖြစ်ပါတယ်။ သုတေသီများကတော့ တိကျတဲ့အဖြေကို ရှာတွေ့ထာ ခြင်းမရှိသော်လည်းမှတ်တမ်းများအရ ထိုသွေးပိုင်ရှင်များဟာ GImicrobiome ပါဝင်မှုများတဲ့အတွက် glucose များကိုလောင်ကျွမ်းစေနိုင်တာကို တွေ့ရှိရပါတယ်။

Source : Elite Readers News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: