Home Lifestyle Health ကိုယ်လုံးတီး ဘာကြောင့် အိပ်စက်သင့်သလဲ

ကိုယ်လုံးတီး ဘာကြောင့် အိပ်စက်သင့်သလဲ

0
ကိုယ်လုံးတီး ဘာကြောင့် အိပ်စက်သင့်သလဲ

နည်းနည်းတော့ မဖွယ်မရာဖြစ်လေမလားလို့ တွေးပြီးမစိုးရိမ်ပါနဲ့။ သိပ္ပံနည်းကျစူးစမ်းလေ့လာမှုအရ ကိုယ်လုံး တီး အိပ်စက်ခြင်းက အိမ်ထောင်သည်တွေရဲ့ ကျန်းမာသုခကို တိုးတက်ကောင်းမွန် စေတယ် လို့ဆို ပါတယ်။ ဒါပေမယ့် လူအတော်များများက ဒါကိုမသိကြပါဘူး။ အိမ်ထောင်သည်တွေအတွက် ကိုယ်လုံး တီး အိပ်စက်ခြင်း ဟာ ဟော်မုန်းတွေမျှတမှုကနေ ဗိုက်ထွက်တာသက်သာဖို့နဲ့ လိင်ပိုင်းဆိုင်ရာသုခတွေအထိ အကျိုးပြုနိုင်ပါ တယ်။ လေ့လာမှုတစ်ခုအရ အမေရိကန်အိမ်ထောင်သည်တွေရဲ့ ၁ဝရာခိုင်နှုန်းသာ ကိုယ်လုံးတီး အိပ်ကြ တယ် လို့ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံများမှာလည်း ဒီပမာဏလောက်ပဲ ဖြစ်နိုင်ပါလိမ့်မယ်။ ဒါကို ပြုပြင် ပြောင်းလဲ ကြရမှာပါ။ ဘာကြောင့်လဲ။ အောက်ပါအချက်တွေကြောင့်ပါပဲ။

 

(၁) အိုမင်းခြင်းလက္ခဏာကို နှေးကွေးစေပြီး ငယ်ရွယ်ပျိုမြစ်စေတယ်။

အခန်းအပူချိန် ၇၀ ဒီဂရီ ဖာရင်ဟိုက်( ၂၁ ဒီဂရီ စင်တီဂရိတ်) ထက်မပိုတဲ့အခန်းထဲမှာ ကိုယ်လုံးတီး အိပ်မယ်ဆိုရင် Melotonin ခေါ်တဲ့ အရွယ်တင်နုပျိုဟော်မုန်း နဲ့ ကြီးထွားမှု ဟော်မုန်း ကိုထုတ်လုပ်ပေးဖို့ လှုံ့ ဆော်ပေးပါတယ်။ ၂၀၁၂ မှာထုတ်ဝေခဲ့တဲ့ Sleep ဂျာနယ်အရ ဒီဟော်မုန်းတွေက  ကျန်းမာကြံ့ခိုင် ဖျတ် လတ် စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အခန်းအပူချိန်အောက်နိမ့်တဲ့နေရာမှာ ကိုယ်လုံးတီးအိပ်စက်ခြင်းက အရေပြား နဲ့ ဆံပင်ကိုလည်း ကောင်းစေပါတယ်။ အရမ်းပူတဲ့အချိန်မှာ အိပ်စက်ခြင်းက Melotonin ဟော်မုန်း ထွက်ဖို့ အတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ဆိုပါတယ်။

(၂) ပိုမိုပျော်ရွှင်စေပြီး စိတ်လက်ပေါ့ပါးလွတ်လပ်စေတယ်။

ကိုယ်လုံးတီးအိပ်စက်ခြင်းက အချစ်ဟော်မုန်းလို့ခေါ်တဲ့ အောက်စီတိုစင်(Oxytocin) ကိုထုတ် လွှတ ် ပေးပြီး လိင်ဆက်ဆံရာတွင် အားရကျေနပ်မှုကိုဖြစ်စေပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ စိတ်ကျတာတွေကို လျော့နည်း စေပါတယ်။ သွေးဖိအားကိုလည်းလျော့ကျစေတယ်။ မိမွေးတိုင်းဖမွေးတိုင်းအိပ်ကြတဲ့အခါ အရေပြား ချင်း ထိ ကပ်မှုကြောင့် အောက်စီတိုစင်အဆင့်ကိုတိုးစေပြီး လိင်ပိုင်းဆိုင်ရာ လိုအင်ဆန္ဒတွေကိုလည်း တိုး စေ ပါတယ်။ Cotton USA ရဲ့ တွေ့ရှိချက်အရ ကိုယ်လုံးတီးအိပ်တဲ့စုံတွဲတွေဟာ ပျော်ရွှင်မှုသုခကိုလည်း ရစေတယ် လို့ ဆိုပြန်ပါတယ်။

(၃) နှစ်ခြိုက်စွာ အိပ်ပျော်စေတယ်။

သြစတြေးလျားလူမျိုးတစ်ဦးရဲ့လေ့လာတွေ့ရှိချက်အရ ညအိပ်တဲ့အခါ ပုံမှန်မဟုတ်တဲ့ ကိုယ်ပူချိန်ဟာ
အိပ်မပျော်တဲ့ အနေအထားကို ဖြစ်ပေါ်စေတယ်။ အခြားလေ့လာမှုတစ်ခုအရလည်း အိပ်နေစဉ် သင့် တော်တဲ့ ကိုယ်ခန္ဓာအပူချိန်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင်ကူညီပေးတယ်လို့ဆိုပါတယ်။

(၄) ကော်တီဆုံး ဟော်မုန်းကို လျော့ကျစေပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ကျန်းမာစေတယ်။

အိပ်မပျော်တဲ့အခါ ကော်တီဆုံးဟော်မုန်းကိုထုတ်လွှတ်ပါတယ်။သူ့ကို ဖိစီးမှု ဟော်မုန်း(Stress Hormone)လို့ခေါ်သလို ဆာလောင်စေတဲ့ဟော်မုန်း( Hungry Hormone) လို့လဲခေါ်ပါ တယ်။ ဒီဟော်မုန်း များရင် အစာစားချင်စိတ်များပြီး များများစားတတ်ပါတယ်။ Warwick တကသိုလ်ရဲ့ အထူး သုတေသန ပြုချက် အရ တစ်နေ့အိပ်ချိန် (၆)နာရီထက်လျော့တဲ့သူတွေဟာ ဆီးချိုနဲ့ နှလုံးရောဂါဖြစ်နိုင်ချေ (၃)ဆပိုများတယ်လို့ ဆိုပါတယ်။ ဒါကြောင့်အိပ်ပျော်ပြီဆိုတာနဲ့ ကိုယ်အပူချိန်က အကောင်းဆုံးအနေ အထား မှာရှိမယ်။ ခန္ဓာကိုယ် က ထုတ်တဲ့ ကော်တီဆုံးကလည်း ပုံမှန်လည်ပတ်တာကြောင့် ကျန်းမာတဲ့ ကိုယ်ခန္ဓာ ကိုလည်း ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၅)ကိုယ်ခံအားကို ကောင်းစေတယ်။

ကောင်းစွာအိပ်ပျော်တဲ့အတွက် အောက်စီတိုစင်ကိုတိုးစေပြီး ကော်တီဆုံးကိုလျော့ကျစေတာဟာ အရေးပါတဲ့ ဓါတ်နှစ်မျိုးကို မျှတအောင်ထိမ်းညှိပေးထားတာဖြစ်တဲ့အတွက် ကိုယ်ခံအားကို ကောင်းစေပြီး ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ရောဂါပိုးမွှားတွေမဝင်ရောက်နိုင်အောင် ကာကွယ်ပေးပါတယ်။

(၆) အမျိုးသမီးတွေရဲ့အင်္ဂါထဲသို့ရောဂါပိုးမွှားတွေမဝင်ရောက်အောင်ကာကွယ်ပေးတယ်။

အမျိုးသမီးတွေရဲ့ ကျန်းမာရေးမှာ အမြဲအရေးပါတဲ့ အရာကတော့ အမျိုးသမီးကိုယ် အဂါကျန်းမာ ရေး ပဲဖြစ်ပါတယ်။ ရောဂါဖြစ်စေတတ်တဲ့ ပိုးမွှားတွေဟာ အမျိုးသမီးကိုယ်အဂါလို ပူနွေးပြီးစိုစွတ်တဲ့ နေရာတွေမှာ ပိုမိုပေါက်ပွားလွယ်ပါတယ်။ ကာလီဖိုးနီးယားတကသိုလ်မှ သုတေသနသပံပညာရှင် Nicole Prause က နေ့စဉ် ဆေးပညာသတင်း Medical Daily သို့ ပြောကြားရာမှာ ကိုယ်လုံးတီးအိပ်စက်ခြင်းက လေဝင်လေထွက်ကောင်း စေတာကြောင့် အမျိုးသမီးတွေရဲ့ ကိုယ်အဂါ ကိုအေးပြီးခြောက်သွေ့စေကာ ရောဂါပိုးမွှားများပေါက်ပွားခြင်းကို လျော့နည်းစေတယ်လို့ဆိုခဲ့ပါတယ်။

(၇) ကျားသဘာဝစွမ်းအားကိုတိုးစေတယ်။

အမျိုးသားတွေအတွက်လည်း အတော်အသုံးတည့်တဲ့ အိ်ပ်စက်နည်းပါ။ ကိုယ်လုံးတီးအိပ်တဲ့အခါ အမျိုးသားတွေရဲ့ ဝှေးစေ့ဟာ အပြင်မှာရှိနေတဲ့အတွက် အေးမြစေတယ်။ ဒါကြောင့် ကျားအားကိုတိုးစေ ပါတယ်။ တကယ်လို့ လေးလံပြီးတင်းကျပ်တဲ့ ခြုံစောင်တွေသာ ဖိအုပ်ထားရင်တော့ အပူကြောင့် သုတ်သွေးပမာဏကို ကျဆင်းစေပါတယ်။ သင်ဒါမျိုးတော့အဖြစ်ခံမှာမဟုတ်ပါဘူး။

ကဲမယုံမရှိပါနဲ့။ ဒီနေ့ကစပြီး မိမွေးတိုင်းဖမွေးတိုင်းအိပ်ကြည့်ကြဖို့ တိုင်ပင်လိုက်ကြပါလို့ ဇနီးမောင်နှံတွေကိုအကြံပြုချင်ပါတယ်။ လုံးဝအံ့သြသင့်လောက်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ကို ရရှိပိုင်ဆိုင်နိုင်ကြမှာဖြစ်ပြီး အိမ်ထောင်ရေးသုခကိုလည်း အပြည့်အဝရရှိနိုင်မှာဖြစ်ပါတယ်။  အားလုံးဘဲ ကျန်းမာပျော်ရွှင်တဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: