Home News လုံခြုံရေး စက်ရုပ်များကို အမှန်တကယ်အသုံးပြုလာတဲ့ အမေရိကန်

လုံခြုံရေး စက်ရုပ်များကို အမှန်တကယ်အသုံးပြုလာတဲ့ အမေရိကန်

0
လုံခြုံရေး စက်ရုပ်များကို အမှန်တကယ်အသုံးပြုလာတဲ့ အမေရိကန်

ကနေဒါနိုင်ငံHayward မြို့တွင် Knightscope ကုမ္ပဏီနှင့် Cobalt ကုမ္ပဏီတို့မှ ထုတ်လုပ်ထားသော လုံခြုံရေး စက်ရုပ်များကို စတင်အသုံးပြုနေပြီဖြစ်ပါတယ်။ ဩဂုတ်လအစပိုင်းက Knightscope ရဲ့ လုံခြုံရေးစက်ရုပ်မှ မသင်္ကာသူ တစ်ဦးရဲ့ ရုပ်ပုံနှင့် Video ကို ရိုက်ကူးပေးခဲ့ကြောင်း Knightscope ကုမ္ပဏီ၏ပြောပြချက်အရသိရပါတယ်။

Knightscope ရဲ့ စက်ရုပ်ဟာ ၃၉၈ပေါင်လေးပြီး လက်ရှိ အမေရိကန်နိုင်ငံ ပြည်နယ်၁၅ ခုလောက်မှာ Knightscope ရဲ့လုံခြုံရေးစက်ရုပ်ပေါင်း(၇၅)ရုပ်အထိ အသုံးပြုထားပြီးဖြစ်တယ်လို့သိရပါတယ်။ ထို့ကြောင့် လုံခြုံရေးလုပ်သားများ အတွက် လူဆိုးများကို ဖမ်းဖို့ မိုပိုလွယ်ကူစေမှာဖြစ်တဲ့အပြင် ကုမ္ပဏီများအနေနဲ့လည်း လုံခြုံရေး ဝန်ထမ်းငှား ရမ်းခြင်း ကို လျော့ချလာနိုင်မှာဖြစ်ပါတယ်။

လက်ရှိမှာ လုံခြုံရေးစက်ရုပ်များက သံသယရှိသူများကို ဓာတ်ပုံရိုက်နိုင်ခြင်း၊ Video ရိုက်နိုင်ခြင်း၊ ကလေးများရှိရင် အလိုအလျှောက် ရှောင်ပေးနိုင်ခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်ပြီဖြစ်သော်လည်း လိုအပ်ပါကတိုက်ခိုက်နိုင်ရန် အ တွက် လက်နက်ကိုတော့ ထည့်သွင်းအသုံးပြုနိုင်ခြင်း မရှိသေးပါဘူး။ Knightscope ကုမ္ပဏီက နောက်ပိုင်းတွင် သူတို့ ရဲ့ လုံခြုံရေးစက်ရုပ်များတွင် တိုက်ခိုက်ဖို့အတွက် လက်နက်များကိုပါ ထည့်သွင်းပေးသွားမှာဖြစ်ကြောင်း ပြောကြား သွားခဲ့ ပါတယ်။ ဒီလိုဆိုရင် နောင်လာမယ့် နှစ်တွေမှာ ကုမ္ပဏီကြီးများအနေနဲ့ လုံခြုံရေးအတွက် စက်ရုပ်တွေကိုပဲ အသုံးပြု လာကြတော့မယ်ဆိုတာ ခန့်မှန်းကြည့်လို့ရနေပြီဖြစ်ပါတယ်။

Source : The Verge News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: