
၂၀၁၆ ခုနှစ် နိုဝင်ဘာလ မနက်(၅)နာရီမှာ ကျယ်လောင်တဲ့ အသံနဲ့အတူ ဂျပန်နိုင်ငံ ဖူကူအိုကာ(Fukuoka)မြိုု့လမ်းဆုံ တစ်ခုမှာ အကျယ်မီတာ ၃၀x၂၇ နဲ့ ၁၅မီတာ အနက်ရှိတဲ့ မြေကျွံကျမှုတစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ အနီးအနား ကဆောက်လုပ်ရေးတစ်ခုကြောင့် ဖြစ်ပျက်ခဲ့တာပါ။ ဒီမြေကျွံကျမှုကြောင့် လျှပ်စစ်မီးအပါအဝင် ဖုန်းလိုင်း၊ရေပိုက်များနဲ့ ဂက်စ်ပိုက်များနဲ့ မီးပွိုင့်လည်းပျက်စီး ပြတ်တောက်ခဲ့ရပါတယ်။
ဒီတွင်းနက်ကြီးကို ဂျပန်လမ်းပြင်လုပ်သားတွေဟာ သူတို့ရဲ့ အရင်က အတွေ့အကြုံတွေကို အခြေခံပြီး သဲတွေ၊ဘိလပ်မြေတွေနဲ့ ၄၈ နာရီအတွင်းအပြီး ဖြည့်ခဲ့ကြပါတယ်။ ဖူကူအိုကာ မြို့တော်ဝန် Soichiro Takashima ကတော့ ဒီနေရာဟာ အရင်ကထက် အဆ (၃၀)ပိုမိုကြံ့ခိုင်သွားပါပြီလို့ဆိုပါတယ်။ ဒီနိုဝင်ဘာလ(၁၅)ရက်နေ့ရုံးချိန်မှာတော့ ဒီလမ်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ဒီလို စတုရန်းမီတာ ၆၂၀၀ ကျယ်ဝန်းတဲ့ တွင်းနက်ကြီးကို တစ်ပတ်အတွင်း ခိုင်ခိုင်မာမာနဲ့ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့တာကြောင့် လူမှုကွန်ရက်ပေါ်မှာ ပြည်သူ ၁ သန်းကို အံ့သြသင့်စေခဲ့ပါတယ်။ ဂျပန်တွေ တော်လိုက်လေခြင်း။