တေးသံရှင်သစ် ဝင်းပိုင်ရဲ့ တေးစီးရီးသစ် မကြာမီ ထွက်ရှိ လာတော့မည်

0
1277

မြန်မာသံတေးလောကမှာ တေးသံရှင် ဗညားဟန်ရဲ့ ဝါဆိုမိုးနဲပြန်ခဲ့ပါ၊သမုဒယဝါဆိုမိုးစတဲ့ တေးသီချင်းလေးတွေကို ကြားမိလေတိုင်း တေးချစ်သူ ပရိတ်သတ်များရင်မှာ လွမ်းတသသခံစားမိကြမယ်ထင်ပါတယ်။ သမုဒယသံစဉ် အရေးအဖွဲ့ ကို အလွန်ပင်ပိုင်နိုင်လှတဲ့တေးရေးဆရာ မင်းဂျွန်စိုးရဲ့ထင်ပေါ်တဲ့တေးတွေဖြစ်ကြသလို တေးဖန်တီးရှင် မင်းဂျွန်စိုး အဖြစ် ထင်ပေါ်လာစေခဲ့တဲ့တေးတွေလို့ပြောမယ်ဆိုရင်လည်းမှားမယ်မထင်ပါဘူး။

လဝါဆိုကြောင့်တသသရင်မှာငိုခဲ့ရတဲ့ ဆရာမင်းဂျွန်စိုးက ဝါဆိုရောက်တိုင်း အချစ်ကျွန်တစ်ယောက်ပမာရင်မှာ ခံစားရ လွန်းလို့ထင်ပါရဲ့၊ အခုတစ်ခါ ဝင်းပိုင်ဆိုတဲ့ အသံအားကောင်းပြီး ကြည်လင်ပြတ်သားလှတဲ့ တေးသံရှင်သစ် အတွက် ဝါဆိုမိုးနဲ့အချစ်ကျွန်ဆိုတဲ့ တေးအလင်္ကာကို ရင်မှာခံစားရေးဖွဲ့လိုက်ပြန်ပါပြီ။ ဆရာ့ရဲ့လဝါဆိုနှလုံးသားခံစားချက် တိုင်းကို အားပါးတရလိုက်ပါခံစားအားပေးနေတဲ့ မြန်မာသံချစ်ပရိတ်တွေအတွက် တေးသံရှင်သစ် ဝင်းပိုင်ရဲ့ တေးစီးရီး သစ်မှာ Cover Song အဖြစ် ဝါဆိုမိုးနဲ့ အချစ်ကျွန်တေးကိုပဲရွေးချယ်လိုက်ပြန်ပါပြီ။ဒီစီးရီးသစ်မှာ ဆရာ့ရဲ့ နောက် ထပ်တေး၂ ပုဒ်အပါ အဝင် ပေါင်း ၃ပုဒ်ပါဝင်မှာဖြစ်တယ်လို့ သတင်းပေးချင်ပါတယ်။

ဒါတင်မကပါဘူး၊ဗိုလ်အောင်ဒင်နဲ့ ပြည်တစ်ခွင်ကျော်ခဲ့တဲ့တေးရေးအကျော်အမော် သဟာအောင်ရဲ့ တေးလက်ရာ ၃ ပုဒ်၊ ယနေ့ အကျော်အမော်တေးသံရှင်တို့ရဲ့လက်စွဲတေးရေးဆရာ ရွှေမန္တလာသားလေး ခေးကိုရဲ့ လက်ရာတေး ၂ပုဒ်၊ ရ ခိုင်တေးဂီတလောကမှာ မသိသူမရှိလို့ပြောရမယ့် ရိုးရာကမမ လက်ရာရှင်လည်းဖြစ်၊ မြန်မာ့ တေးဂီတ လောက မှာ လည်း ထင်ပေါ်တဲ့ တေးရေး သန်းမောင်(စစ်တွေ)ရဲ့ လက်ရာတေး ၂ပုဒ်တို့နဲ့အတူ အိမ်ပြန်ချိန်အမည်ရတဲ့ ရခိုင် တေး နဲ့လူသိများတဲ့ တေးရေးတေးဆို ရမ္မာဝတီစံဝင်းရဲ့ လက်ရာတေး၂ ပုဒ် ၊စတဲ့တေးတွေကိုလည်း ဝါဆိုမိုးနဲ့ အချစ် ကျွန်ကို အသစ်အသစ်တွေအဖြစ်အဖန်အဖန်ခံစားရစေဖို့ အားဖြည့်ကူညီပေးထားတယ်လို့ သိရပါတယ်။

တေးသံရှင်ဝင်းပိုင်ရွေးချယ်လိုက်တဲ့ နာမည်ကျော်ဆရာ့ဆရာတွေရဲ့တေးအလင်္ကာတွေကို အတွေးတွေရင်မှာ ထည့် ပြီးဂီတသံစဉ်များအဖြစ် တီးခတ်လိုက်တဲ့ တေးဂီတအဖွဲ့ကတော့ ဒီနေ့နာမည်ကျော်တေးစီးရီးပေါင်း များစွာကို တီးခတ် ပေးနေတဲ့ ဂီတမှူးကိုကျော်မင်းဦးဆောင်တဲ့ Evening Star တေးဂီတအဖွဲဖြစ်ပြီး သူ့ရဲ့စတူဒီယိုဖြစ်တဲ့ Studio 1235 မှာပဲ အသံဖမ်းယူပေးထားပါတယ်။

တေးချစ်သူပရိတ်သတ်များ အသံရောအရုပ်ပါခံစားနားဆင်ကြည့်ရှုနိုင်ဖို့ ဒါရိုက်တာ အကယ်ဒမီလှဆန်းဦးရဲ့ ရိုက်ချက် များနဲ့ထပ်မံ ချယ်မှုန်း လိုက်တဲ့ တေးသံရှင်ဝင်းပိုင်ရဲ့ Live Showကိုတော့ ၁၈.၈.၂၀၁၉ နေ့ကမြန်မာနိုင်ငံ ဂီတ အ စည်းအရုံူရဲ့ မြနန္ဒာခန်းမမှာ ရိုက်ကူးပြီးစီးခဲ့ပြီလို့သိရပါတယ်။

မကြာခင်မှာ မြန်မာနိုင်ငံဂီတအစည်းအရုံးသို့ ထုတ်လုပ်ဖြန့်ချိခွင့်တင်ဖို့စီစဉ်နေပြီး လာမယ့်သီတင်းကျွတ်အမီ မန်းသီရိ တေးသံသွင်းကနေဖြန်ချိနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မြန်မာသံချစ်ပရိတ်သတ်များအတွက် တေးသံရှင်သစ် ဝင်းပိုင်ရဲ့ ချိုလွင်ကြည်မြတဲ့အသံနဲ့ အတူ စီးမြောလာတော့မယ့် တေးတွေရဲ့ အနုအလှရသတွေကိုနားဆင်ခံစားနိုင်ကြစေဖို့ ဝါဆိုမိုးနဲ့ အချစ်ကျွန်တေးစီးရီးသစ်ကို ကြိုတင်သတင်းပေး ရေးသားလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here