Home News Samsung က Galaxy Note 10 နှင့် Note 10 Plus မိတ်ဆက်ပွဲ ကျင်းပ

Samsung က Galaxy Note 10 နှင့် Note 10 Plus မိတ်ဆက်ပွဲ ကျင်းပ

0
Samsung က Galaxy Note 10 နှင့် Note 10 Plus မိတ်ဆက်ပွဲ ကျင်းပ

ဩဂုတ်လ (၇)ရက် ဗုဒ္ဓဟူးနေ့ ညတွင် Samsung ကုမ္ပဏီမှ Galaxy Note 10 ဖုန်းမိတ်ဆက်ပွဲကို ကျင်းပပြု  လုပ်ခဲ့ပါတယ်။ ထိုပွဲတွင် Samsung ရဲ့ အသစ်ထုတ်ကုန် (၇)မျိုးဖြစ်တဲ့ Galaxy Note 10 နှင့် Note 10 Plus၊ အဆင့်မြှင့်ထားတဲ့ S Pen၊ နောက်ထပ်ထွက်ရှိလာမယ့် Note 10 5G၊ Samsung ရဲ့ Note ဖုန်းများကို Computer ဖြင့် ချိတ်ဆက်၍အသုံးပြုလို့ရတဲ့ DEX အကြောင်း၊ Galaxy Book S Laptop၊ Under Armour Edition Galaxy Watch Active 2 နှင့် Sustainable Development Goals App အကြောင်းတို့ကို မိတ်ဆက် ခဲ့ပါတယ်။ ယခု တင်ဆက်ပေးသွားမှာကတော့ Galaxy Note 10 နှင့် Note 10 Plus အကြောင်းပဲဖြစ်ပါတယ်။

အသစ်ထွက်ရှိတဲ့ Galaxy Note 10 နှင့် Note 10 Plus ရဲ့ အဓိက ထူးခြားချက်ကတော့ Video ရိုက်ကူး ခြင်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Camera တွင် AI စနစ်ကို အသုံးပြုထားတဲ့အတွက် မိမိရိုက်လိုက်တဲ့ ဓာတ်ပုံ၊ Video တွေဟာ မလှပေမယ့် AI က အလိုအလျှောက်ပြန်လည် ချိန်ညှိပြီး ရိုက်သွားပေးမှာဖြစ်တဲ့အတွက် ဓာတ်ပုံဆရာတစ်ဦး ရိုက် သလို လှပနေမှာဖြစ်ပါတယ်။ ထို့အပြင် Video ရိုက်ရာတွင် ပြင်ပ Video Application ကို အသုံးပြုစရာမလိုပဲ Original Camera Software ဖြင့်ပင် Effect များကို ထည့်သွင်းပြီး ရိုက်ကူးနိုင်မှာဖြစ်တဲ့အပြင် ရွေ့လျားပြီး ရိုက်ကူး တဲ့အခါမှာ တုန်ခါမှုကို အလိုအလျှောက် AI စနစ်က ထိန်ညှိပေးသွားမှာ ဖြစ်တဲ့အတွက် Video ရုပ်ထွက်ဟာ ကြည့်ကောင်းနေမှာဖြစ်ပါတယ်။ ထို့အပြင် Note 10 နှင့် Note 10 Plus မှာ ဓာတ်ပုံပင်မဟုတ်ပဲ Video ကိုပါ Portrait Mode ဖြင့်ရိုက်လို့ရပြီဖြစ်ပါတယ်။

ဖုန်းရဲ့ Body ကိုတော့ Stainless Steel ဖြင့် ပြုလုပ်ထားမှာဖြစ်ပြီး Front Camera (၃)လုံးနှင့် Selfie Camera ကိုတော့ ပုံထဲကအတိုင်း ဖုန်းရဲ့ အပေါ်ဖက်အလယ်တည့်တည့်မှာပါရှိနေမှာဖြစ်ပါတယ်။ Finger Print ကတော့ Under Display ဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ နားကြပ်ပေါက်ပါဝင်ခြင်း ရှိတော့မှာမဟုတ်ပဲ USB Type-C တစ်ပေါက်ထဲမှာပဲ အားသွင်းခြင်းနှင့် နားကြပ်ဖြင့် သီချင်းနားထောင်ခြင်းကို ပြုလုပ်ရမှာဖြစ်ပါတယ်။

ဖုန်းဝယ်တဲ့အခါ Headphone ပါဝင်မှာဖြစ်သော်လည်း Dongle ကတော့ $9.99 ဖြင့် ဝယ်ယူရမှာဖြစ်ပါတယ်။ ဒီ တစ်ချက်ကတော့ အာရုံနောက်စရာ ကိစ္စပဲဖြစ်ပါတယ်။ Galaxy Note 10 က Screen ၆.၃ လက်မရှိမှာဖြစ်ပြီး Note 10 plus က တော့ ၆.၈ လက်မရှိမှာဖြစ်ပါတယ်။ အရောင်ကတော့ Note 10 တွင် Aura White၊ Aura Black နှင့် Aura Glow ဆိုပြီး (၄)မျိုးရှိမှာဖြစ်ပြီး Note 10 Plus မှာတော့ Aura White၊ Aura Black၊ Aura Glow နှင့် Aura Blue ဆိုပြီး (၄)မျိုးရှိမှာဖြစ်ပါတယ်။

Galaxy Note 10 RAM 8GB၊ Storage 256GB ကို $949 ဖြင့် ဝယ်ယူရမှာဖြစ်ပြီး Note 10 Plus RAM 12GB၊ Storage 256GB ကတော့ $1099 ဖြင့် Microsoft Store မှာ စတင်ပြီး order တင်လို့ရပြီဖြစ်ပါတယ်။ Storage 512GB ကတော့ $100 ပိုပေးရမှာဖြစ်ပါတယ်။ ယခုတင်လိုက်တဲ့ ပထမဦးဆုံး order ကိုတော့ ဩဂုတ်လ ၂၈ရက်နေ့မှာ ပို့ဆောင်ပေးမှာဖြစ်တယ်လို့သိရပါတယ်။

Note10 နှင့်Note 10 plus ဈေးကွာရခြင်း အကြောင်း အရင်း ကတော့ Note 10 Plus မှာ extra DepthVision camera ပါဝင်နေခြင်းဖြစ်ပါတယ်။ ထို့ကြောင့် Note 10 Plus နှင့် 3D ရုပ်ထွက်ကို ရိုက်ကူး လို့ ရမှာ ဖြစ်ပါတယ်။ ထို့အပြင် Note 10 တွင် Battery 3500mAh သာပါဝင်ပြီး Note 10 Plus ကတော့ 4300mAh ပါဝင် မှာဖြစ်ပြီး Note 10 တွင် microSD အသုံးပြုလို့ရမှာမဟုတ်ပဲ Note 10 Plus မှာတော့ အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။

Galaxy Note 10 နဲ့ Note 10 Plus ရဲ့ တူညီတဲ့အချက်တွေကတော့ Snapdragon 855 Processor ကို အသုံး ပြုထားခြင်း၊ အရှေ့ Camera တွေဖြစ်တဲ့ Wide-angle camera: 16 megapixels, f/2.2၊ Main camera: 12 megapixels, f/1.5 and f/2.4 dual aperture, OIS နှင့် Telephoto camera: 12 megapixels, f/2.1, 45-degree တို့ကို အသုံးပြုထားခြင်း၊ Selfie Camera: 10 megapixels, f/2.2 ကို အသုံးပြုထားခြင်းနှင့် Bluetooth LE၊ accelerometer နှင့် gyroscope for motion controls တို့ကိုအသုံးပြုလို့ရတဲ့ S Pen ပါဝင် ခြင်း တို့ပဲဖြစ်ပါတယ်။

Note10 နဲ့ Note10Plus ရဲ့ ထူးခြားချက်ကတော့ အရင်Noteတွေမှာ အသုံးပြုထားတဲ့ S Pen တွေလို အဝေး မှဓာတ်ပုံရိုက်ခြင်းအပြင်gyroscopecontrols ကြောင့် ဖုန်း screen ကို ထိစရာမလိုပဲ အဝေးမှပင် ဖုန်းပေါ်ရှိ အရာ များကို S Pen ဖြင့် ခိုင်းစေလို့ရမှာဖြစ်ပြီး ၎င်း S Pen ကို အခြား Device များဖြင့် အသုံးပြုချင်လျှင်လဲ Bluetooth ဖြင့်ချိတ်ဆက်ကာ အသုံးပြုခွင့်ပေးထားတာဖြစ်လို့ အလွန်အသုံးဝင်တဲ့ S Pen တစ်ချောင်းပဲဖြစ်ပါတယ်။ ဒါတင်မကပဲ Game Launcher ကိုပါ ထည့်သွင်းပေးထားလို့ Game ဆော့တဲ့အခါမှာ Discord ကို အလိုအလျှောက် ချိတ် ဆက်ကာ အသုံးပြုလို့ရမှာဖြစ်လို့ Gamer တွေအတွက် စိတ်ကျေနပ်မှုကို ရရှိစေမှာဖြစ်ပါတယ်။

Source : The Verge News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: