Home Knowledge Facial Recognition ရဲ့ အဓိက ပြဿနာများ။

Facial Recognition ရဲ့ အဓိက ပြဿနာများ။

0
Facial Recognition ရဲ့ အဓိက ပြဿနာများ။

Facial Recognition ကို ဒီနေ့ခေတ် smartphone တော်တော်များများမှာ တွေ့နိုင်ပါတယ်။ Security and Payment system တွေမှာ Finger Print ကို အသုံးမပြုကြတော့ပဲ facial recognition တွေကို အသုံးပြုလာကြပါတယ်။ Facial Recognition system တွေကို ရဲတွေပါ အသုံးပြုလာတဲ့အခါမှာတော့ ပြဿနာတွေ ရင်ဆိုင်လာရပါတယ်။ မကြာသေးမီ လအနည်းငယ်က San Francisco မှာ ရဲတွေကို Facial Recognition အသုံးပြုမှုကို တားမြစ်လိုက်ပါတယ်။ San Francisco က ကမ္ဘာမှာ နည်းပညာထွန်းကားတဲ့ မြို့တစ်မြို့ဖြစ်ပြီး Facial Recognition ကိုတောင် တားဆီးပိတ်ပင်လိုက်ရပါတယ်။

Facial Recognition ဆိုတာ A.I နည်းပညာပေါ်အခြေခံပြီး တည်ဆောက်ထားတဲ့ system တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ မျက်နှာကို​ ဦးနှောက်ထဲမှတ်ထားသလို A.I ကလည်း လူတစ်ဦးတစ်ယောက်စီရဲ့ မျက်နှာကို မှတ်ထားနိုင်ပါတယ်။ လူတွေရဲ့မျက်နှာက​ အတည့်အနေအထားမှာ Facial Recognition က ပိုပြီး တိတိကျကျ အလုပ်လုပ်နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ မေးရိုးဖွဲ့စည်းပုံ၊ မျက်လုံး၊ နှာခေါင်း နဲ့ နှုတ်ခမ်းဖွဲ့စည်းပုံတွေကို အခြေခံပြီး A.I က လူတစ်ယောက်ကို ခန့်မှန်းတာဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ မျက်နှာဆင်တူဖြစ်တဲ့ လူအားလုံးကို A.I က ဖော်ပြပေးပါတယ်။

San Francisco က ရဲ တွေက facial recognition ကို အသုံးပြုပြီး တရားခံတွေ ဖမ်းတဲ့အခါမှာ အပြစ်မရှိတဲ့လူတွေပါ အမှုထဲ ရောက်လာတာကြောင့် မြို့သူမြို့သားတွေနဲ့ ရဲဌာနကြား အချင်းများမှုတွေ ကြုံခဲ့ရပါတယ်။ ဒီအဖြစ်အပျက်မျိုးကြုံလာပြီး နောက်ပိုင်းမှာတော့ အမေရိကန်မြို့တော်တော်များများမှာ ရဲတွေကို Facial Recognition သုံးခွင့်တားမြစ်လိုက်ပါတယ်။ ဒါပေမယ့် security company တစ်ခုက မြို့အနှံ့မှာ Facial Recognition system ပါတဲ့ cctv camera တွေတပ်ဆင်ထားလိုက်တဲ့ အချိန်မှာတော့ ရာဇဝတ်မှုတွေ ကျဆင်းလာခဲ့ပါတယ်။ Facial Recognition တွေက တစ်နေ့ထက်တစ်နေ့ တိုးတက်လာတယ်ဆိုပေမယ့် အတိအကျ လူတစ်ယောက်ကို ခွဲခြားစိတ်ဖြာပြီး သိနိုင်တဲ့အဆင့်ထိတော့ မရောက်သေးပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: