Home Knowledge အာဖရိကတိုက်ရဲ့ Online Shopping ဘုရင် Jumia (ဂျူမီယာ)။

အာဖရိကတိုက်ရဲ့ Online Shopping ဘုရင် Jumia (ဂျူမီယာ)။

0
အာဖရိကတိုက်ရဲ့ Online Shopping ဘုရင် Jumia (ဂျူမီယာ)။

Amazon နဲ့ Alibaba နာမည်ကို လူတိုင်း မိတ်ဆက်စရာမလိုအောင် အားလုံးသိထားကြပါတယ်။ ဒီနေ့ခေတ်မှာ သင်ဘယ်နိုင်ငံကဖြစ်ဖြစ် online shopping (အရောင်း၊ အဝယ်) လုပ်မယ်ဆို သူတို့နှစ်ခုကို အားကိုးရပါတယ်။ မြန်မာနိုင်ငံမှာဆို onlineshopping.com.mm ကို Alibaba က ဝယ်ယူခဲ့ပြီး ဒီနေ့ပစ္စည်းတော်တော်များများကို aliexpress ကလည်း တစ်ဆင့် ဝယ်ယူနိုင်ပါတယ်။ Alibaba နဲ့ Amazon တို့ကို ယှဉ်နိုင်တယ့် local ပြည်တွင်းဖြစ် သူရဲကောင်းတစ်ဦးရှိပါတယ်။ သူ့နာမည်က Jumia ဖြစ်ပြီး အာဖရိကတိုက်က နိုင်ငံသားတွေအားထားနေရတဲ့ online shopping company တစ်ခုဖြစ်ပါတယ်။

Jumia ကို ၂၀၁၂ ခုနှစ် မှာ အနောက်နိုင်ငံသားတွေဖြစ်တဲ့ founders တွေ စတင် တည်ထောင်ခဲ့ပါတယ်။ သူတို့နာမည်တွေက Sacha Poignonnec , Tende Kehinde နဲ့ Raphael Kofi Afaedor တို့ဖြစ်ပြီး အရင်က အမေရိကန်နိုင်ငံရဲ့ စီးပွားရေး အကြံပေး Management Company တစ်ခုမှာ လုပ်ကိုင်ခဲ့ကြတဲ့ လူများလည်း ဖြစ်ပါတယ်။ လက်ရှိ Jumia ရဲ့ CEO က Sacha Poignonnec ဖြစ်ပါတယ်။ Jumia က အာဖရိကတိုက်က ပထမဦးဆုံး Tech Company အဖြစ် New York Exchange မှာ အများပိုင်ကုမ္ပဏီအဖြစ် စာရင်းဝင်ခဲ့တဲ့ ကုမ္ပဏီလည်းဖြစ်ပါတယ်။

စတင်တည်ထောင်ခဲ့တဲ့နေရာကတော့ အာဖရိကတိုက်က နိုင်ဂျီရီးယားနိုင်ငံမှာ ဖြစ်ပါတယ်။ Jumia မစတင်ခင်မှာ အာဖရိကတိုက်က နိုင်ငံတွေရဲ့ ယဉ်ကျေးမှုက online shopping နဲ့ စိမ်းကားနေတာကြောင့် လူတွေကို​ အသုံးပြုတတ်အောင် marketing နဲ့ operation ပိုင်းလည်ပတ်နိုင်အောင် အချိန်တစ်ခု ယူခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ် အေပရယ်လမှာ New York Exchange ပေါ်ရောက်လာတဲ့အခါမှာ investors တော်တော်များများက မျှော်မှန်းချက်အကြီးကြီးထားပြီး stocks တွေ ဝယ်ယူခဲ့ကြပါတယ်။ သိပ်မကြာခင်မှာပဲ Jumia တွေရဲ့ stocks တွေထိုးကျခဲ့ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက company က ငွေစာရင်းရှင်းတမ်းတွေကို ရိုးရိုးသားသား ပြတဲ့ သက်သေတွေမရှိတာတစ်ကြောင်း၊ အာဖရိကတိုက်မှာ operation တစ်ခုလုံးမလုပ်ပဲ Dubai နဲ့ အခြားနိုင်ငံတွေမှာ operation လည်ပတ်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် stock စျေးတွေ ထိုးကျခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ Founder ကိုယ်တိုင် ဒီလိုဖြေရှင်းခဲ့ပါတယ်။ ကျွမ်းကျင်တဲ့ developers တွေနဲ့ ပညာရှင်တွေက​ အာဖရိကမှာ အလုံအလောက်မရှိသေးတာကြောင့် အခြားနိုင်ငံကြီးတွေမှာ developers တွေနဲ့ အခြားပညာရှင်တွေကို အသုံးပြုပြီး လည်ပတ်ရတာဖြစ်ကြောင်းကို ပြန်လည်ဖြေရှင်းခဲ့ရပါတယ်။ အဲ့နောက်ပိုင်းမှာတော့ stock စျေးတွေက ပုံမှန်ပြန်ဖြစ်လာပြီး ပြန်လည် အဆင်ပြေလာခဲ့ပါတယ်။ အခုဆို Jumia မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းပေါင်း ၅၀၀၀ ကျော်ရှိပြီး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက်လည်း အခွင့်အလမ်းတွေ တိုးလာအောင် Jumia ရဲ့ product အသစ်တွေကို ထပ်တိုးလာပါတယ်။ Alipay , Amazon pay ပုံစံမျိုး Jumia က လက်ရှိ အာဖရိကတိုက်က နိုင်ငံသားတိုင်း အသုံးပြုလို့လွယ်ကူတဲ့ Jumia Pay ငွေပေးချေမှုစနစ်တွေကိုလည်း လုပ်လာပြီဖြစ်ပါတယ်။ Jumia က​ အာဖရိကတိုက်က နိုင်ငံသားတိုင်းအားကိုးနေရတဲ့ company တစ်ခုဆိုလည်း မမှားပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: