Home Knowledge ၂၀၂၀ ဂျပန်မှာကျင်းပမယ့် အိုလံပစ်ပွဲမှာ တွေ့ရမယ့် စက်ရုပ်များ။

၂၀၂၀ ဂျပန်မှာကျင်းပမယ့် အိုလံပစ်ပွဲမှာ တွေ့ရမယ့် စက်ရုပ်များ။

0
၂၀၂၀ ဂျပန်မှာကျင်းပမယ့် အိုလံပစ်ပွဲမှာ တွေ့ရမယ့် စက်ရုပ်များ။

စက်ရုပ်နိုင်ငံလို့ တင်စားပြီး ခေါ်ဝေါ်ကြတဲ့ ဂျပန်နိုင်ငံမှာ အိုလံပစ်ပွဲကို ၂၀၂၀ ခုနှစ်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ နည်းပညာတိုးတက်နေတဲ့ခေတ်မှာ စက်ရုပ်တွေက နေရာတိုင်း မရှိမဖြစ်လိုအပ်တဲ့အရာတွေ ဖြစ်လာခဲ့ပါတယ်။ လက်ရှိ A.I နည်းပညာတွေနဲ့ စက်ရုပ်တွေ ပူးပေါင်းလိုက်တဲ့အခါမှာ​​ စက်ရုပ်တွေက ကိုယ်ပိုင်စဉ်းစားနိုင်စွမ်းတွေရှိလာပြီး ဆုံးဖြတ်ချက်တွေ ချတတ်လာပါတယ်။ အိုလံပစ်ပွဲကို နိုင်ငံကြီးတော်တော်များများမှာ ကျင်းပပြီး ပုံစံမျိုးစုံနဲ့ နိုင်ငံရဲ့ယဉ်ကျေးမှုပေါ် အခြေခံပြီး ကျင်းပကြပါတယ်။

၂၀၂၀ ခုနှစ် ဂျပန်မှာကျင်းပမယ့် အိုလံပစ်အားကစားပွဲတော်ကိုတော့ ဂျပန်က တစ်မျိုးတစ်ဖုံ စက်ရုပ်တွေသုံးပြီး ပြသပေးသွားမှာ ဖြစ်ပါတယ်။ စားစရာ၊ သောက်စရာ စက်ရုပ်တွေ၊ ပွဲကြည့်ပရိတ်သတ်တွေကို နေရာလိုက်ပြပေးမယ့် စက်ရုပ်တွေ နဲ့ အခြား အားကစားပစ္စည်းတွေကို လိုက်ပြပေးမယ့် စက်ရုပ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ကြက်တောင်ကောက်တဲ့ စက်ရုပ်၊ တန်းနစ်ဘောလုံးကိုကောက်ပေးတဲ့ စက်ရုပ်တွေပါဝင်ပါတယ်။

ဂျပန်နိုင်ငံရဲ့ အလုပ်ခွင်တော်တော်များများမှာ စက်ရုပ်တွေကို အသုံးပြုကြပြီး တစ်နိုင်ငံလုံးက စက်ရုပ်တွေ အစားထိုးလာတာကို အသိအမှတ်ပြုကြပါတယ်။ ၂၀၂၀ မှာလာမယ့် အိုလံပစ် ပွဲတော်မှာလည်း ဂျပန်က စက်ရုပ်တွေကို အသုံးပြုပြီး ဖွင့်ပွဲကို ဘယ်လိုဖွင့်မလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: