Home Knowledge Rubik Cube ကို ဖြေရှင်းဖို့ ၁.၂ စက္ကန့်အချိန်သာ အသုံးပြုသွားတဲ့ A.I

Rubik Cube ကို ဖြေရှင်းဖို့ ၁.၂ စက္ကန့်အချိန်သာ အသုံးပြုသွားတဲ့ A.I

0
Rubik Cube ကို ဖြေရှင်းဖို့ ၁.၂ စက္ကန့်အချိန်သာ အသုံးပြုသွားတဲ့ A.I

ကယ်လီဖိုနီးယား တက္ကသိုလ်က​ သုတေသနပညာရှင်တွေဖြစ်တဲ့ Irvine က Rubik Cube ကို ဖြေရှင်းဖို့ Artificial Intelligence တစ်ခုကို ဖန်တီးခဲ့ပါတယ်။ AI က Rubik Cube ကို အခါနှစ်ဆယ် ရွှေ့လျားမှုနဲ့ အချိန်  ၁.၂ စက္ကန့်အတွင်းမှာ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ကမ္ဘာမှာ Rubik Cube ကို အမြန်ဆုံး ဖြေရှင်းနိုင်တဲ့ လူသားရဲ့စံချိန်က ၃.၄၇ စက္ကန့်ဖြစ်ပြီး ဒီနေ့မှာတော့ A.I က ၁.၂ စက္ကန့်နဲ့ ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ လူသားအသုံးပြုပြီး Rubik Cube ကိုဖြေရှင်းတုန်းက ရွေ့လျားမှုအကြိမ် ငါးဆယ် လုပ်ခဲ့ရပါတယ်။

Rubik Cube ကို ဖြေရှင်းဖို့ သီးသန့်ထုတ်ထားတဲ့ A.I တွေရှိသလိုမျိုး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး Rubik Cube ကို ဖြေရှင်းရတဲ့ ​A.I တွေလည်း ပေါ်နေပြီဖြစ်ပါတယ်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်ချပြီး Rubik Cube ကို ဖြေရှင်းရတဲ့ AI တွေလည်း rubik cube ကို ဖြေရှင်းနိုင်နေပြီဖြစ်ပါတယ်။ DeepCube လို့ခေါ်တဲ့ A.I company က ထုတ်တဲ့ A.I တွေက puzzle တွေကို ဖြေရှင်းနိုင်ပြီး မှားသွားခဲ့ရင် အလိုအလျောက် သင်ယူနိုင်စွမ်းရှိပြီး ဆုံးဖြတ်ချက်ချနိုင်တဲ့ လုပ်ဆောင်ချက်တွေ လုပ်နိုင်ပါတယ်။

ဒီနေ့ခေတ်မှာ A.I တွေက နည်းပညာတိုးတက်လာတဲ့ခေတ်မှာ လူသားတွေရဲ့နေရာတော်တော်များများမှာ အစားထိုးလာပြီဖြစ်ပါတယ်။ အနာဂတ်မှာ စက်မှုတော်လှန်ရေးခေတ်ပုံစံ ပြန်ရောက်သွားမလားဆိုတာတော့ မေးခွန်းတွေ မေးစရာဖြစ်လာပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: