Home Knowledge Podcasts ဆိုတာဘာလဲ။

Podcasts ဆိုတာဘာလဲ။

0
Podcasts ဆိုတာဘာလဲ။

“Podcast” စာလုံးကို Apple users တော်တော်များများ ရင်းနှီးဖူးကြမှာပါ။ အထူးသဖြင့် iPhones နဲ့ iPods အသုံးပြုသူတွေ ရင်းနှီးဖူးသားစကားလုံး ဖြစ်ပါတယ်။ Podcast ဆိုတာက ဒီနေ့ ခေတ်ပေါ်ရေဒီယို ဖြစ်ပါတယ်။ Online Radio လို့လည်းခေါ်နိုင်ပါတယ်။

လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်ခန့်က​ အစီအစဉ်တစ်ခုကို နားထောင်ချင်ရင် ရေဒီယိုကို နားထောင်ရပါတယ်။ ရေဒီယိုကတစ်ဆင့် ကိုယ်နားထောင်ချင်တဲ့ အစီအစဉ်နဲ့ ကြိုက်တဲ့သီချင်းတွေကို အချိန်တစ်ခုစောင့်ပြီး နားထောင်ခဲ့ရပါတယ်။ Internet ခေတ်ရောက်လာတဲ့အခါမှာတော့ ကိုယ်ပိုင် creation လုပ်နိုင်တဲ့လူတွေက ကိုယ်ပိုင်စိတ်ကြိုက် ကမ္ဘာတစ်ခု ဖန်တီးလာနိုင်ပြီး ကိုယ့်ပရိတ်သတ်နဲ့ကိုယ် ကမ္ဘာတစ်ခု တည်ဆောက်လာနိုင်ပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် facebook မှာမြင်နေရတဲ့ Game Live Streamer, Vloggers, Bloggers နဲ့ အခြား entertainment အပိုင်းမှာ စွမ်းဆောင်နေကြတဲ့လူတွေက ကိုယ်ပိုင် ကမ္ဘာကို တည်ဆောက်ထားကြတဲ့လူတွေဖြစ်ပါတယ်။ ဒါပေမယ့် ဗီဒီရိုဖန်တီးတဲ့ စရိတ်နဲ့ အခြားကုန်ကျစရိတ်တွေကို ကြည့်မယ်ဆိုရင် Podcasts လွှင့်တဲ့စရိတ်ထက် အဆမတန်များနေပါတယ်။

Podcast ကို ၂၀၀၅ ခုနှစ်မှာ Apple company ရဲ့ founder Steve Jobs က စတင်မိတ်ဆက်ခဲ့ပါတယ်။ Podcasts လွှင့်ဖို့လိုအပ်တာက ပိုက်ဆံအနည်းငယ်၊ မိုက်ကရိုဖုန်းကောင်းကောင်းနဲ့ ကိုယ့်မှာရှိတဲ့ idea ကောင်းကောင်းပဲ လိုအပ်ပါတယ်။ Podcast ရဲ့အားသာချက်က ဗီဒီရိုမပါပဲ အသံပဲ ပါတဲ့အတွက် အလွယ်တကူကြိုက်တဲ့နေရာမှာ နားဆင်နိုင်သလို ဖုန်းထဲကိုလည်း သီချင်းလိုထည့်ထားပြီး နားဆင်နိုင်ပါတယ်။ Online mode ရော Offline mode ရော နှစ်မျိုးလုံးအတွက် အဆင်ပြေပါတယ်။ အခုလူတိုင်းအသုံးပြုနေကြတဲ့ facebook အကောင့်လို အကောင့်တစ်ခုကို ဖန်တီးရပါမယ်။ အကယ်၍ သင်က သင့် podcast ကို apple platform မှာ အသုံးပြုမယ်ဆိုရင် Apple ကို လစဉ်ကြေး(သို့) နှစ်စဉ်ကြေး ပေးသွင်းရမှာ ဖြစ်ပါတယ်။ နှစ်စဉ်ကြေးကလည်း အရမ်းနည်းပြီး လူတိုင်းတတ်နိုင်တဲ့ amount တစ်ခုဖြစ်ပါတယ်။ သင့် podcasts ကို နားထောင်တဲ့လူများလာတာနဲ့အမျှ သင့် fans တွေလည်း တိုးလာမှာ ဖြစ်ပါတယ်။ ကြော်ညာ companies တွေက​ လူကြည့်များတဲ့ podcast တွေမှာ ကြော်ညာတွေ ထည့်လာတဲ့အခါ podcast ပိုင်ရှင်တွေက visitors တွေအပေါ်မူတည်ပြီး ဝင်ငွေကလည်းများလာပါတယ်။ စာရေးဆရာ၊ အဆိုတော်တွေနဲ့ အခြားနယ်ပယ်အသီးသီးက​ knowledge ပိုင်းပြောနိုင်တဲ့ လူတွေက podcast channel တစ်ခုကို ကောင်းကောင်းဖန်တီးနိုင်ပါတယ်။

Music Production လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ Spotify ကလည်း လူတိုင်း ဖန်တီးနိုင်တဲ့ ကိုယ်ပိုင် podcast ကို ဖန်တီးနိုင်ဖို့ အမေရိကန်ဒေါ်လာ ၅၀၀ မီလီယံကို အသုံးပြုခဲ့ပါတယ်။ ဒါ့အပြင် Google နဲ့ အခြား Tech Giant companies တွေကလည်း ကိုယ်ပိုင် podcast တွေကို ဖန်တီးဖို့ လက်ရှိမှာကြိုးစားနေပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: