Home Knowledge အာကာသယာဉ်မှုးတွေအတွက် သိပ္ပံပညာရှင်တွေ ထုတ်လိုက်တဲ့ 3D print အရေပြားနဲ့ အရိုး။

အာကာသယာဉ်မှုးတွေအတွက် သိပ္ပံပညာရှင်တွေ ထုတ်လိုက်တဲ့ 3D print အရေပြားနဲ့ အရိုး။

0
အာကာသယာဉ်မှုးတွေအတွက် သိပ္ပံပညာရှင်တွေ ထုတ်လိုက်တဲ့ 3D print အရေပြားနဲ့ အရိုး။

Mars ဂြိုလ်ကိုသွားတဲ့ခရီးက အရမ်းဝေးလွန်းတာကြောင့် အာကာသယာဉ်မှုးတွေက လမ်းမှာ အနာတရ တစ်ခုခုဖြစ်ခဲ့ရင် ကုသဖို့ အတွက် ရည်ရွယ်ပြီး သိပ္ပံပညာရှင်တွေက 3D printer နဲ့ထုတ်လို့ရတဲ့ လူသားအစားထိုးအရေပြားနဲ့ အရိုးကို အာကာသခရီးစဉ်မှာ အသုံးပြုလို့ရအောင် မိတ်ဆက်လိုက်ပါတယ်။ လူသားတွေရဲ့ အရေပြား လောင်ကျွမ်းတဲ့အခါ အစားထိုးကုသမှုနည်းလမ်းများစွာရှိပေမယ့် အာကာသလိုနေရာမျိုးဖြစ်တဲ့ ကမ္ဘာမြေကြီး ဆွဲငင်အားမရှိတဲ့နေရာမှာတော့ 3D print အရေပြားနဲ့ အရိုးတွေက အသုံးဝင်ပါတယ်။

3D print ဆိုတာက ဒီနေ့ခေတ်  နေရာတော်တော်များများမှာ တွင်ကျယ်စွာ အသုံးပြုလာကြပါတယ်။ ဥပမာ အိမ်ဆောက်တဲ့နေရာမျိုး နဲ့ လူသုံးကုန်ပစ္စည်းတွေထုတ်တဲ့နေရာမျိုးတွေမှာပါ အသုံးပြုလာကြပါတယ်။ လူနေအိမ် တစ်ထပ်တိုက်ကို နာရီပိုင်းအတွင်း 3D printer က ဆောက်ပေးနိုင်ပါတယ်။

3D print အရေပြားထုတ်တဲ့ printer မှာအသုံးပြုတဲ့ကုန်ကြမ်းကတော့ အပင်တစ်မျိုးကရတဲ့ ပစ္စည်းဖြစ်ပါတယ်။ ကမ္ဘာမြေကြီးဆွဲငင်အားမရှိတဲ့နေရာမှာတော့ 3D print အရေပြားက အနာလောင်တဲ့နေရာမှာ အလွယ်တကူ ကပ်လို့ရပြီး အနာကျက် သက်သာစေပါတယ်။ 3D print အရိုးရဲ့ ကုန်ကြမ်းကတော့ calcium phosphate ဖြစ်ပါတယ်။ Calcium Phosphate က အရိုးပြန်ကြီးထွားဖို့အတွက် လိုအပ်တဲ့  cells တွေ ပြန်ရှင်သန်အောင် အထောက်အကူပေးပါတယ်။ 3D print အရေပြားနဲ့ အရိုးတွေထုတ်လုပ်ပုံကိုတော့ အောက်က video မှာကြည့်ရှုနိုင်ပါတယ်။

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: