Home Knowledge ကားတွေကို မောင်းနှင်အသုံးပြုဖို့ ငှားရမ်းခြင်း မလုပ်တဲ့ ဂျပန်လူမျိုးများ။

ကားတွေကို မောင်းနှင်အသုံးပြုဖို့ ငှားရမ်းခြင်း မလုပ်တဲ့ ဂျပန်လူမျိုးများ။

0
ကားတွေကို မောင်းနှင်အသုံးပြုဖို့ ငှားရမ်းခြင်း မလုပ်တဲ့ ဂျပန်လူမျိုးများ။

ဒီနေ့ခေတ်မှာ ကားအငှားဝန်ဆောင်မှုလုပ်ငန်းတွေ အမျိုးမျိုးရှိကြပါတယ်။ ကိုယ်တိုင်မောင်းနှင်ခွင့်ရှိတဲ့ကားတွေနဲ့ driver ပါတဲ့ ကားအငှားဝန်ဆောင်မှုဆိုပြီး ရှိကြပါတယ်။ ဂျပန်မှာ ကိုယ်တိုင်မောင်းနှင်လို့ရတဲ့ကားတွေကို company က ငှားကြပေမယ့် တစ်ကယ်တမ်း မောင်းနှင်မှုမလုပ်ကြပဲ ငှားရမ်းကြပါတယ်။ ဒီအဖြစ်အပျက်ကို ဂျပန်က ကားအငှားဝန်ဆောင်မှု company ဖြစ်တဲ့ Orix car-sharing service company က စတင်ပြီး သတိထားမိသွားပါတယ်။ company က customers တွေအသုံးပြုပုံကို လေ့လာကြည့်လိုက်တဲ့အခါမှာတော့ ထူးခြားတာ တွေ့လိုက်ရပါတယ်။

အချို့က ကားကိုရုံးခန်းသဘောလုပ်ပြီး ကားထဲမှာ laptop နဲ့ အလုပ်လုပ်ကြပါတယ်။ အကြောင်းရင်းကတော့ မြေနေရာ နဲ့ ရုံးခန်းခ စျေးကြီးတာကြောင့် ကားကိုအချိန်ပိုင်းငှားပြီး ကားထဲမှာပဲ အလုပ်လုပ်ကြပါတယ်။ အချို့က​ store ခန်းအနေနဲ့ ကားကို အသုံးပြုကြပါတယ်။ ကားထဲမှာ ပစ္စည်းတွေထားပြီး တစ်နေရာကို သွားပါတယ်။ အချိန်ပိုင်း store ခန်းအနေနဲ့ အသုံးပြုကြပါတယ်။ အချို့က ခဏတာ နားခိုရာအနေနဲ့ အသုံးပြုကြပါတယ်။ ဂျပန်မှာ အလုပ်လုပ်တဲ့လူတော်တော်များများက အိမ်ပြန်နောက်ကျတာမျိုးတွေ ရှိသလို အိမ်နဲ့ အလုပ်နဲ့ ဝေးတာတွေလည်း ရှိကြပါတယ်။ ဒီလိုအခါမျိုးမှာ တည်းခိုခန်းငှားတဲ့ စရိတ်က ကားကိုအချိန်ပိုင်းငှားတဲ့ စရိတ်နဲ့ ယှဉ်လိုက်ရင် များတာကြောင့် ကားကိုအချိန်ပိုင်းငှားပြီး ကားပေါ်မှာပဲ အိပ်စက်အနားယူကြပါတယ်။ ကားငှားခကလည်း ယွမ် ရာဂဏန်း (၇​ဒေါ်လာ) လောက်ပဲ ကုန်ကျတာကြောင့် သက်သာပါတယ်။ ဂျပန်မှာ ကားငှားချင်တဲ့အခါ အရမ်းလွယ်ကူပြီး ကိုယ်ရောက်နေတဲ့ နီးစပ်တဲ့နေရာမှာ ကားကိုငှားလို့ရပါတယ်။ နာရီကွက်ကို ကားငှားခက ၄ဒေါ်လာ လောက်သာ ရှိပါတယ်။

ဒီလိုအသုံးပြုမှုများလာတဲ့အခါမှာ ကား company က နစ်နာမှုတွေ ရှိလာနိုင်ပါတယ်။ Customers တွေအကြိုက် အသုံးပြုစေချင်ရင်တော့ ဒီအတိုင်း ငှားရမ်းပေးရုံကလွဲပြီး အခြားနည်းတော့ မရှိနိုင်ပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: