Home Knowledge တရုတ်ပြည်ရဲ့ Google (သို့) Baidu

တရုတ်ပြည်ရဲ့ Google (သို့) Baidu

0
တရုတ်ပြည်ရဲ့ Google (သို့) Baidu

တစ်ကမ္ဘာလုံးမှာ Google ကို သုံးလို့ရပေမယ့် တရုတ်ပြည်မှာ Google အစား Baidu ကို သုံးရပါတယ်။ Baidu ဆိုတာ Google လိုမျိုး search engine ဖြစ်ပြီး တရုတ်ပြည်က ထုတ်တဲ့ smartphone နဲ့ laptops တွေမှာ ပါဝင်ပါတယ်။ ကမ္ဘာမှာ လူကြည့်အများဆုံး website ငါးခုမှာ ပါဝင်ပါတယ်။ Google နဲ့ Facebook အပြင် အချို့ website တွေကိုလည်း တရုတ်အစိုးရက တားမြစ်ထားပါတယ်။

Baidu ကို ၂၀၀၀ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ စွန့်ဦးတီထွင်လူငယ် နှစ်ယောက်က ဘေဂျင်းမြို့မှာ စတည်ထောင်ခဲ့ပါတယ်။ နှစ်တွေကြာလာတဲ့အခါမှာတော့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး search engine တစ်ခုဖြစ်လာခဲ့ပါတယ်။ Baidu ရဲ့ အခြား products တွေကတော့ ကိုယ်ပိုင် maps, images နဲ့ အခြား internet video streaming service ဖြစ်တဲ့ netflix ပုံစံ ကိုယ်ပိုင် netflix ရှိပါတယ်။ ဒါ့အပြင် encyclopedia ပုံစံ တရုတ်ကိုယ်ပိုင် encyclopedia ရှိပါတယ်။ ဒီနေ့မှာတော့ Baidu က အင်တာနက်မှာ လူတွေအသုံးပြုတဲ့ seacrch engine တစ်ခုသာမက Artifical Intelligence နဲ့ မောင်းသူမဲ့ကားတွေကိုပါ စမ်းသပ်ပြုလုပ်လာပါတယ်။ Microsoft လို နည်းပညာ companies ကြီးတွေနဲ့ ပေါင်းပြီး မောင်းသူမဲ့ကားတွေနဲ့ Artificial Intelligence နည်းပညာသုံး products တွေကိုထုတ်လုပ်နေပါတယ်။

Baidu က လက်ရှိကမ္ဘာမှာ တန်ဖိုးကြီးနည်းပညာ company တစ်ခုဖြစ်သလို တရုတ်ပြည်သူတွေအားထားနေရတဲ့ company တစ်ခုအဖြစ်လည်း ရပ်တည်နေပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: