Home Lifestyle နှစ်လေးဆယ်တိုင်ခဲ့ပြီဖြစ်တဲ့ sony ရဲ့ Walkman

နှစ်လေးဆယ်တိုင်ခဲ့ပြီဖြစ်တဲ့ sony ရဲ့ Walkman

0
နှစ်လေးဆယ်တိုင်ခဲ့ပြီဖြစ်တဲ့ sony ရဲ့ Walkman

လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုလောက်က သီချင်းနားထောင်တဲ့အခါ တိပ်ခွေတွေကို ထည့်ပြီး နားထောင်ခဲ့ရပါတယ်။ ၁၉၇၉ ခုနှစ် ဇူလိုင်လ တစ်ရက်နေ့မှာ Sony က ပထမဦးဆုံး Walkman TPS-L2 ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ ကမ္ဘာမှာ ပထမဦးဆုံး အလွယ်တကူ သယ်ယူသွားနိုင်တဲ့ music player တစ်ခုလည်းဖြစ်ခဲ့ပါတယ်။

အဲ့အချိန်က Boombox နဲ့ အခြား ရေဒီယိုစက်တွေရှိနေပေမယ့် Walkman က ပထမဦးဆုံး  ကိုယ်ပိုင် သီချင်းတွေကို သွားလေရာမှာ စိတ်ကြိုက် နားဆင်နိုင်တဲ့ music player တစ်ခု ဖြစ်ခဲ့ပါတယ်။ တိပ်ခွေခေတ်အကုန်မှာတော့ CD တွေခေတ်ပေါ်လာပါတယ်။ Walkman က CD ခေတ်အချိန်ထိ အောင်မြင်လာခဲ့ပါတယ်။ 80s born တော်တော်များများကတော့ Walkman ကို ကောင်းကောင်းမှီကြပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ Apple ရဲ့ ပထမဦးဆုံး iPod ပေါ်လာပြီး သီချင်းပေါင်း အပုဒ်ရာနဲ့ချီိကို iPod မှာ အလွယ်တကူ နားထောင်နိုင်လာပါတယ်။

နှစ်လေးဆယ်ကြာလာတဲ့အခါမှာတော့ Walkman ပုံစံကလည်း တိုးတက်ပြောင်းလဲလာပါတယ်။ အင်တာနက်နဲ့ smart phone ခေတ်မှာတော့ သီချင်းတွေကို ဖုန်းထဲဲဲဲဲမှာ အလွယ်တကူနားဆင်လာနိုင်ကြတဲ့အခါမှာ Walkman က sony ရဲ့ smartphone တွေထဲဲ ဝင်ရောက်လာခဲ့ပါတယ်။ ဒီနေ့အချိန်ထိ sony ကထုတ်တဲ့ voice recorder တွေက အရည်သွေးအကောင်းဆုံး ဖြစ်နေပြီး လူကြိုက်များနေဆဲပါပဲ။ ဘယ်လိုပဲဖြစ်ပါစေ Sony ရဲ့ Walkman က သီချင်းလောကသက်တမ်းမှာ ပထမဦးဆုံး စတင်ပေါ်ပေါက်လာတဲ့ portable music player တစ်ခုဖြစ်ခဲ့ပြီး အသစ်ထွက်လာတဲ့ protable music player တွေက walkman ရဲ့ တိုးတက်ပြောင်းလဲလာတဲ့ မျိုးဆက်သစ်ဆိုလည်း မမှားပါဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: