Home How To Youtube နဲ့ ကလေးသူငယ်များ အန္တရာယ်။

Youtube နဲ့ ကလေးသူငယ်များ အန္တရာယ်။

0
Youtube နဲ့ ကလေးသူငယ်များ အန္တရာယ်။

ဒီနေ့ခေတ်မှာ သီချင်းနားထောင်ရင်ဖြစ်ဖြစ်၊ ရသဗဟုသုတများကို ရှာမှီးချင်ရင်ဖြစ်ဖြစ် Youtube ကို အားကိုးရပါတယ်။ Youtube တစ်ခွင်မှာ ညစ်ညမ်း ဗီဒီရိုတွေကြည့်လို့မရနိုင်ပေမယ့် ကလေးတွေကို​ လမ်းမှားရောက်စေတဲ့ ဗီဒီရိုတွေရှိပါတယ်။ Entertainment အရ Youtubers တွေက လူကြားထဲမှာ ပြောင်နောက်တဲ့ video မျိုးတွေ၊ လက်တွေ့စမ်းသပ်တဲ့ သက်စွန့်ဆံဖျား stunts အကွက် videos တွေကို ကလေးသူငယ်တွေကြည့်တဲ့အခါ စမ်းသပ်လုပ်ဆောင်ချင်ကြပါတယ်။ နောက်ပိုင်းမှာ မလိုလားအပ်တဲ့ ပြဿနာတွေနဲ့ ကြုံရတတ်ပါတယ်။

အခုဆို Youtubers တွေက အသက်အရွယ်ကန့်သတ်ချက်မရှိပဲ လေးနှစ်သားကလေးတောင် Youtuber ဖြစ်နိုင်ပါတယ်။ Tydus လို့အမည်ရတဲ့ လေးနှစ်သားကလေးက အရုပ်တွေကိုကစားပြပြီး youtube မှာ videos တွေတင်တဲ့အခါ သူနဲ့ရွယ်တူကလေးတွေနဲ့ အမေတွေက videos တွေကိုကြည့်ပြီး အားပေးကြပါတယ်။ အရုပ် companies တွေကလည်း Tydus လိုကလေးမျိုးကို အရုပ်တွ sponsor ပေးပြီး ကြော်ညာခိုင်းတာမျိုးတွေရှိပါတယ်။ Youtube မှာပေါ်တဲ့ ကြော်ညာတွေကိုလည်း တစ်ဖက်တစ်လမ်းအဖြစ် ဝင်ငွေရရှိနိင်တာကြောင့် Youtubers တွေက တစ်နေ့ထက်တစ်နေ့ ပိုများလာခြင်းဖြစ်ပါတယ်။

Youtube မှာ လူအများဆုံးကြည့်တဲ့ videos တွေကလည်း ဟာသဗီဒီရိုတွေနဲ့ ရူးရူးမိုက်မိုက်လုပ်တဲ့ videos တွေများပါတယ်။ ဒီလို videos တွေက သာမန်အရွယ်ရောက်လူတွေကြည့်မိရင် ဘာမှမဖြစ်ပေမယ့် ကလေးသူငယ်တွေကြည့်တဲ့အခါမှာတော့​ videos ထဲကအတိုင်း အတုယူမှားပြီး လိုက်လုပ်မိနိုင်တာကြောင့် အန္တရာယ်များပါတယ်။ Youtube က တာဝန်ရှိသူတွေကလည်း ကလေးတွေအတွက် နည်းလမ်းမျိုးစုံ စဉ်းစားပြီး videos တွေကို ကန့်သတ်ဖို့ကြိုးစားပေမယ့် ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။ ကလေးသူငယ်တွေကြည့်တဲ့အခါ မိဘတွေက သတိထားပြီး စောင့်ကြည့်သင့်ပါတယ်။ Youtube က ကလေးတွေအတွက်ရည်ရွယ်ပြီး ထုတ်ထားတဲ့ Youtube kids ကတော့ ကလေးတွေအတွက် အထူးသင့်လျော်ဆုံး ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: