Home Lifestyle အနာဂတ် Electric Motorcycle ပုံစံ မိတ်ဆက်လိုက်တဲ့ BMW

အနာဂတ် Electric Motorcycle ပုံစံ မိတ်ဆက်လိုက်တဲ့ BMW

0
အနာဂတ် Electric Motorcycle ပုံစံ မိတ်ဆက်လိုက်တဲ့ BMW

BMW ကားတွေကို လူအများသိကြပေမယ့် BMW က ထုတ်တဲ့ ဆိုင်ကယ်တွေကို လူသိနည်းကြပါတယ်။ BMW က ဆိုင်ကယ်ကြီးတွေကိုသာထုတ်ပြီး စျေးနှုန်းကလည်း သာမန်ကားတစ်စီးစာလောက် စျေးရှိတာကြောင့် ဝယ်စီးတဲ့လူ နည်းပါးပါတယ်။ အင်ဂျင်ကားနဲ့ဆိုင်ကယ်တွေခေတ်က မကြာခင်ကုန်တော့မှာ ဖြစ်ပြီး လျှပ်စစ်ကားနဲ့ ဆိုင်ကယ်တွေကို သိပ်မကြာတော့တဲ့အနာဂတ်မှာ လူအများ အသုံးပြုကြတော့မှာ ဖြစ်ပါတယ်။ လျှပ်စစ်ကားနဲ့ဆိုင်ကယ်တွေက မီးခိုးမထွက်တဲ့အပြင် အင်ဂျင်ကားနဲ့ဆိုင်ကယ်တွေရဲ့ အမြန်နှုန်းအတိုင်း သွားလာနိုင်ပါတယ်။ ပြင်ဆင်စရိတ်လည်းနည်းပြီး သဘာ၀ပတ်ဝန်းကျင်ကို မထိခိုက်တာကြောင့် အများပြည်သူအတွက် အထူးသင့်တော်ပါတယ်။

လွန်ခဲ့တဲ့လအနည်းငယ်က ​Harley Davidson ကလည်း လျှပ်စစ်ဆိုင်ကယ်ကို ပွဲထုတ်ခဲ့ပြီး bikers တွေရဲ့ စိတ်ဝင်စားမှုကို ရယူခဲ့ပါတယ်။ BMW ကလည်း အားကျမခံ လျှပ်စစ်ဆိုင်ကယ် ပုံစံကို မိတ်ဆက်ခဲ့ပါတယ်။ အရင်ဆိုင်ကယ်ကြီးတွေရဲ့ အလယ်မှာ အင်ဂျင်တုံးပါပြီး BMW electric motorcycle က​ ဘေးတစ်ဖက်တစ်ချက်မှာ Battery Pack ကို တပ်ဆင်ထားပါတယ်။ နောက်ပြီးBattery Pack ကို heat အရမ်းမတက်စေဖို့အတွက် လေဝင်လေထွက်အပေါက်ကိုလည်း ဆိုင်ကယ်မှာ ပုံဖော်ထားပါတယ်။

လက်ရှိ Electric Motorcycle စျေးကွက်မှာတော့ Zero Electric Motorcycle က ထိပ်ဆုံးနေရာယူထားပြီး လူကြိုက်အများဆုံး လျှပ်စစ်ဆိုင်ကယ်အဖြစ် ရပ်တည်နေပါတယ်။ Harley Davidson နဲ့ BMW ကတော့ လျှပ်စစ်ဆိုင်ကယ်စျေးကွက်မှာ ထိပ်ဆုံးနေရာယူနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: