Home News ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရေး မဲဆွယ်စည်းရုံးရေးဆင်းလိုက်တဲ့ Donald Trump

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရေး မဲဆွယ်စည်းရုံးရေးဆင်းလိုက်တဲ့ Donald Trump

0
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရေး မဲဆွယ်စည်းရုံးရေးဆင်းလိုက်တဲ့ Donald Trump

ဇွန်လ၁၈ရက် တနင်္လာနေ့တွင်လက်ရှိ အမေရိကန်သမ္မတDonaldTrumpဟာ၂၀၂၀တွင်ကျင်းပမယ့် ရွေးကောက် ပွဲတွက် မဲစွယ်စည်းရုံးရေးပွဲကို ဖလော်ရီဒါပြည်နယ်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။၎င်းပွဲကိုထောင်နဲ့ချီတဲ့ Donald Trump ၏ ပရိသတ်များနှင့် အတိုက်အခံပါတီမှ လူများပါတက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

ထိုပွဲမှာ အိမ်ဖြူတော်အတွင်းဝန်၊ ဒုသမ္မတအပြင်၊ Trump ရဲ့ ဇနီးလည်း တက်ရောက်ခဲ့ပါတယ်။ Trump ဟာ ၂၀၁၆ ရွယ်ကောက်ပွဲအတွက်လည်း ဖလော်ရီဒါမှာပဲ အခုလိုပထမဦးဆုံး မဲစွယ်စည်းရုံးရေးဆင်းခဲ့တာဖြစ်ပြီး ဖလော်ရီဒါကို သူ့ရဲ့ ဒုတိယအိမ်တော်လို့ တင်စားခေါ်ဝေါ်ခဲ့ပါတယ်။ အင်္ဂါနေ့မှာ Trump ဟာ ၈၀မိနစ်ကြာအောင် စကားပြောခဲ့ပြီး သူ့ရဲ့ နောက်ဆုံးမဲဆွယ်ရေး စကားကတော့ “We are going to keep America great again” (ကျွန်တော်တို့အားလုံး အမေရိကန်နိုင်ငံတော်ကြီးကို ကြီးမြတ်အောင် ဆက်လက်ထမ်းသိမ်းကြဖို့) ဖြစ်ပါတယ်။

၎င်းပွဲတွင် Trump ဟာ ပြည်သူတွေရဲ့ စီးပွားရေးဒီထက်ကောင်းမွန်လာစေဖို့အတွက် သူ့အနေနဲ့ ဘာမဆို လုပ်သွား မှာဖြစ်ကြောင်း၊ ကျွန်တော်တို့ နိုင်ငံသားတွေအားလုံးဟာ ဥပဒေကိုလိုက်နာကြတဲ့ နိုင်ငံသားတွေဖြစ်ကြပြီး၊ ဥပဒေကို မလေးစားမလိုက်နာကြတဲ့ နိုင်ငံခြားသား တရားမဝင် ရွေ့ပြောင်းလုပ်သားတွေအားလုံးကို နိုင်ငံထဲမှ မောင်းထုတ် နိုင်ဖို့ အတွက် ဆက်လက်ကြိုးစားသွားမှာဖြစ်ကြောင်း ကတိပေးခဲ့ပါတယ်။

Trump ရဲ့ ဇနီးဖြစ်သူကလည်း အမေရိကန်ရဲ့ (၆)နှစ်ဆက်တိုက် သမ္မတရဲ့ ဇနီးအဖြစ် နေသွားဖို့အတွက် မျှော်လင့် နေတာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ အတိုက်အခံပါတီမှ လူများကတော့ Trump ရဲ့ တရားမဝင် ရွေ့ပြောင်း လုပ်သားများကို နိုင်ငံအတွင်းမှ မောင်းထုတ်မယ်ဆိုတဲ့ စကားကို အပြစ်တင်ပြောဆိုနေကြပါတယ်။ နိုင်ငံအတွင်းမှာ တရားမဝင်တဲ့ သူဆိုတာမရှိဘူးဆိုတဲ့ စာတန်းတွေကို ကိုင်ဆောင်ကာ ပြန်လည်ချေပပြောဆိုနေကြပါတယ်။

Source : BBC News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: