Home Lifestyle Health သင့်အလုပ်စားပွဲက ဘယ်လိုပုံစံဖြစ်သင့်လဲ။

သင့်အလုပ်စားပွဲက ဘယ်လိုပုံစံဖြစ်သင့်လဲ။

0
သင့်အလုပ်စားပွဲက ဘယ်လိုပုံစံဖြစ်သင့်လဲ။

လှုပ်လှုပ်ရှားရှားနဲ့ အလုပ်လုပ်တဲ့လူတွေအတွက် တစ်နေ့တာက ဘာမှမသိပေမယ့် ကွန်ပျူတာနဲ့ တစ်နေကုန်အလုပ်လုပ်ရတဲ့လူတွေက position မှန်ဖို့အရေးကြီးပါတယ်။ တစ်ရက်ကို ၈နာရီ အလုပ်လုပ်ရတဲ့ လူတွေအတွက် အနေအထိုင် position မမှန်တဲ့အခါ ညောင်းညာကိုက်ခဲတာနဲ့ ကျီးပေါင်းတတ်တာမျိုးတွေ ခါးနာတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဒီတော့ position မှန်မှန် ဘယ်လိုထိုင်ပြီး အလုပ်စားပွဲကို ထားသင့်လဲဆိုတာ ပြောပြပေးသွားပါမယ်။

ပထမဦးဆုံးက သင်ထိုင်တဲ့ခုံအမြင့်ဖြစ်ပါတယ်။ သင်ထိုင်တဲ့ခုံက ကြမ်းပြင်က အမြင့်၂၉ လက်မ (သို့) ၃၀ လက်မရှိသင့်ပါတယ်။ အချို့လူတွေအတွက်က ဒီအမြင့်က မြင့်တာ နိမ့်တာ ဖြစ်နိုင်ပါတယ်။ သင့်အရပ်နဲ့ ချိန်ပြီး ခုံကို adjust လုပ်ပါ။ သင့်ရဲ့ တံတောင်ဆစ်အနေအထားက 90 ဒီဂရီ ဖြစ်ရပါမယ်။ ဒါမှ keyboard မှာ စာရိုက်တဲ့အခါ ပုခုံးမညောင်းမှာ ဖြစ်ပါတယ်။

Monitor က သင့်နဲ့ လက်တစ်ထောင် အကွာမှာ ရှိသင့်ပါတယ်။ Monitor ရဲ့အမြင့်နဲ့ သင့်မျက်လုံးနဲ့က တစ်ဖြောင့်တည်း ဖြစ်ရပါမယ်။ သင့်မှာ monitor နှစ်လုံးရှိရင် တြိဂံပုံစံ ထားရပါမယ်။ ဒါမှ နှစ်လုံးကို တစ်ပြိုင်နက်တည်းကြည့်နိုင်ပြီး သင့်ဇာတ်မညောင်းမှာ ဖြစ်ပါတယ်။ သင်က laptop အသုံးပြုတဲ့လူဆိုရင် laptop ကို တစ်ခုခုနဲ့ တင်ထားပါ။ သင် မျက်လုံးနဲ့ တစ်တန်းတည်းဖြစ်တဲ့နေရာမှာ တင်ပြီး external keyboard နဲ့ အသုံးပြုပါ။ သင့်ခါးနေရာမှာ ခေါင်းအုံးအသေးလေးတစ်ခုခံပြီး အလုပ်လုပ်ခြင်းကလည်း ခါးနာခြင်းကို ကာကွယ်ပေးပါတယ်။

အရေးကြီးဆုံးက ၄၅ မိနစ်လောက်ထိုင်တာကြာသွားရင် လမ်းထလျှောက်ပြီး ရေသောက်တာမျိုးလုပ်ပေးပါ။ ပုခုံးကိုအကြောဆန့်တာမျိုးလည်း လုပ်ပေးပါ။ ဇာတ်ကို 45ဒီဂရီ စောင်းပြီး လက်နဲ့ ဆွဲချပါ။ ဘယ်ရောညာရော ဒီလိုပုံစံမျိုးလုပ်ပေးပါ။ အပေါ်ကနည်းလမ်းတွေက ကျန်းမာတဲ့အလုပ်လုပ်နည်းပုံစံမျိုးတွေ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: