Home News အီဂျစ်သမ္မတအဟောင်း Mohammed Morsi ထောင်ထဲတွင်သေဆုံး

အီဂျစ်သမ္မတအဟောင်း Mohammed Morsi ထောင်ထဲတွင်သေဆုံး

0
အီဂျစ်သမ္မတအဟောင်း Mohammed Morsi ထောင်ထဲတွင်သေဆုံး

အီဂျစ်သမ္မတအဟောင်း Mohammed Morsi ဟာ ဇွန်လ ၁၇ရက် တနင်္လာနေ့တွင် အမှုစစ်ဆေးတဲ့ တရားခွင် အတွင်း နှလုံးဖောက်သဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ရပါတယ်။ ဆေးရုံသို့ရောက်ရှိပြီး ဒေသစံတော်ချိန် 16:50 (14:50 GMT)တွင် သေဆုံးသွားတာဖြစ်ကြောင်း ဒေသတွင်း သတင်းဌာနများ၏ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

သမ္မတအဟောင်း Mohammed Morsi ဟာ ၂၀၁၂ ခုနှစ်တုန်းက အီဂျစ်ရဲ့ပထမဦးဆုံးသော ဒီမိုကရေစီ သမ္မတ ဖြစ်ခဲ့ပါတယ်။ သမ္မတဖြစ်ပြီး မကြာမီ၂၀၁၄ခုနှစ်တွင် Abdul Fattah al-Sisi ဟာ နိုင်ငံရဲ့ စစ်ဗိုလ်ချုပ်ကြီးရာထူးကို ရခဲ့ပြီးနောက် သမ္မတအဖွဲ့အတွင်းရှိ ရာထူးကြီးများကို ပါလက်စတိုင်းရှိ အစ္စလာမ်သူပုန်အဖွဲ့ ဖြစ်တဲ့ Hamas တို့နှင့် အဆက်အသွယ်ရှိသည်ဟု စွဲစွပ်ကာ ဖမ်းဆီးခဲ့ပါတယ်။ ထို့အချိန်ကတည်းက သမ္မတ Mohammed Morsi ဟာ ထောင်ထဲမှာနေခဲ့ရတာဖြစ်ပါတယ်။ ယခုအသက် ၆၄နှစ်အရွယ်မှာတော့ သေဆုံးသွားခဲ့ရပြီးဖြစ်ပါတယ်။ မသေမီရှေ့တစ်နှစ်လုံးတွင် သမ္မတ Mohammed Morsi ဟာ အလင်းရောင်မတွေ့ရပဲ တိုက်ပိတ်ခြင်းခံခဲ့ရတယ်လို့ သိရှိရပါတယ်။

Mohammed Morsi ၏ မိသားစုများ၏ ပြောပြချက်အရ Mohammed Morsi တွင် ဆီးချိုနှင့် နုလုံးရောဂါရှိနေတဲ့အတွက် ဆေးကုသခွင့်တောင်းခဲ့သောလည်း မပေးခဲ့ဘူးလို့သိရှိရပါတယ်။ သူထောင်ထဲမှာ နေခဲ့ရတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ဧည့်တွေ့ခွင့် (၃)ကြိမ်သာရရှိခဲ့တယ်လို့သိရပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒါဟာ လုပ်ကြံမှုတစ်ခုဖြစ်တယ်လို့ ပြောဆိုနေကြပြီး သမ္မတ၏ သေဆုံးမှုကို လက်မခံနိုင်တဲ့ ပြည်သူတစ်ချို့က ဆန္ဒပြနေကြတယ်လို့ သိရှိရပါတယ်။

Source : BBC News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: