Home How To ယုံကြည်မှု အပြည့်နဲ့ လူတိုင်းကို စကားဘယ်လိုပြောနိုင်မလဲ။

ယုံကြည်မှု အပြည့်နဲ့ လူတိုင်းကို စကားဘယ်လိုပြောနိုင်မလဲ။

0
ယုံကြည်မှု အပြည့်နဲ့ လူတိုင်းကို စကားဘယ်လိုပြောနိုင်မလဲ။

လူတော်တော်များများက ကိုယ်နဲ့မရင်းနှီးတဲ့လူတွေနဲ့ စကားပြောတဲ့အခါ ကြောက်တတ်ကြတဲ့ စိတ်ရှိပါတယ်။ တစ်ခုခုမှားသွားပြီး ကိုယ့်ကို အထင်သေးသွားမှာကို ကြောက်တတ်တဲ့ စိတ်အခံရှိပါတယ်။ ဥပမာ သင်မသိတဲ့ လူတစ်စုဆီကို ရောက်သွားတဲ့အခါမျိုးမှာ ဒီလိုအဖြစ်မျိုး ကြုံတတ်ပါတယ်။ စကားပြောရမှာ ကြောက်နေပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တတ်ပါတယ်။

ယုံကြည်မှုရဲ့ အဓိကသော့ချက်က ကိုယ်ခံယူထားတဲ့ စိတ်သဘောထားနဲ့ သတ္တိပါပဲ။ သင်မသိတဲ့ ပတ်ဝန်းကျင်တစ်ခု ရောက်သွားမယ်ဆိုရင် လူတွေနဲ့ ရင်းနှီးအောင် အရင်လုပ်ပါ။ လူတွေနဲ့ ရင်းနှီးအောင်လုပ်ဖို့ တစ်ကူးတစ်က လုပ်နေစရာမလိုပါဘူး။ နေကောင်းလား၊ စားပြီးပြီးလား နဲ့လည်း စကားကို စတင်စရာ မလိုပါဘူး။ ချီးမွမ်းစကားနဲ့ ကောင်းတဲ့အချက်လေးတွေနဲ့ စကားစတင်ပါ။ သင့်မျက်နှာကို ပြုံးထားဖို့ကိုလည်း မမေ့ပါနဲ့။ ဒီလိုလုပ်ခြင်းအားဖြင့် လူတွေရဲ့ စိတ်ထဲမှာ ကြည်နူးသွားပြီး အပြုံးတွေ ဝေဆာသွားမှာ ဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ အပြုံးတွေမြင်ရလေလေ သင် ယုံကြည်မှုတွေရလာပြီး စကားပြော ချောမွေ့လာမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကိုယ့်ကိုယ်ကို တစ်ခုခုလိုအပ်နေတယ်လို့ မခံယူထားပါနဲ့။ ကိုယ့် ကောင်းကွက်လေးတွေကို ကိုယ်တိုင်မြင်အောင်ကြည့်ပြီး အားပေးပါ။ သင့်မှာ တစ်ခုမရှိရင် ရှိတဲ့တစ်ခုနဲ့ အလုပ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ယုံကြည်ချက်လေးနဲ့ သတ္တိကိုမွေးပါ။

ယုံကြည်မှုရှိတဲ့လူက လူကြားထဲမှာ ပါဝါအကြီးဆုံးဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဩဇာညောင်းတဲ့လူတွေဖြစ်ပြီး လူအများရိုသေလေးစားမှုကို ခံရတဲ့လူတွေ ဖြစ်ပါတယ်။ ယုံကြည်မှုအပြည့်နဲ့ စကားပြောနိုင်အောင် သင် များများစကားပြောဖို့လိုပါတယ်။ လူတွေနဲ့ တွေ့တဲ့အခါ ကြိုးစားပြီး မိတ်ဆွေဖွဲ့ကြည့်ပါ။ သင့်ကိုယ်သင် ယုံကြည်မှု နည်းလာတဲ့အခါမျိုးမှာ အသက်ကို တစ်၀ ရှုထုတ်ထာမျိုး လုပ်လိုက်ပါ။ အထူးသဖြင့် စင်ပေါ်မှာ စကားပြောတာမျိုးနဲ့ presentation လုပ်တဲ့အခါမျိုးမှာ စကားမပြောခင် လေကို တစ်၀ရှုရှိုက်တာမျိုး လုပ်ပါ။ ဒါတွေအားလုံးက ယုံကြည်မှုအပြည့်ရှိတဲ့ လူတွေရဲ့ လုပ်လေ့လုပ်ထရှိတဲ့ လျှို့ဝှက်ချက် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: