Grammy ဆုရှင် အမေရိကန်ဂီတပညာရှင် Dr John အသက် (၇၇)တွင် ကွယ်လွန်

0
254

အမေရိကန်နိုင်ငံ Louisiana ပြည်နယ် အရှေ့တောင်ဘက်ရှိ New Orleansမြို့တွင် မွေးဖွားခဲ့သော အမေရိကန် အဆိုတော် Grammy ဆုရှင် Dr John လို့ လူသိများတဲ့ Malcolm John Rebennack ဟာ ဇွန်လ(၆) ရက်နေ့ တွင် နှလုံးဖောက်ပြီး သေဆုံးသွးခဲ့ပြီဖြစ်ကြောင်း သူ၏ တရားဝင် Twitter အကောင့်တွင် တင်ထားချက်အရ သိရှိရပါ တယ်။ သူဟာ The Rock and Roll ရဲ့ ထင်ပေါ်တဲ့ Hall of Fame အဆိုတော်တစ်ယောက်ဖြစ်ပြီး blues၊ pop၊ jazz၊ boogie woogie နှင့် rockandroll သီချင်းအမျိုးအစားအားလုံးကိုပေါင်းပြီး ကိုယ်ပိုင်ဟန်ဖြင့် သီဆိုခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။ တေးဂီတ လောကမှာ ဧရာမချီးကျူးထိုက်တဲ့ ပုဂ္ဂိုလ် Legend လို့ဆိုရင်လည်း မမှားပါဘူး။

Dr John ဟာ ၁၉၅၀ ခုနှစ်နောက်ပိုင်းကစလို့ New Orleans မှာ စန္ဒယားပညာရှင်၊အဆိုတော်အဖြစ် စတင် လူ သိများလာခဲ့တာဖြစ်ပါတယ်။၁၉၆၈ခုနှစ်မှာတော့ သူ့ရဲ့ပထမဦးဆုံး တစ်ကိုယ်တော် album ဖြစ်တဲ့ Gris-Gris album ကိုထုတ်နိုင်ခဲ့ပါတယ်။DrJohnရဲ့သက်တမ်းတစ်လျှောက်မှာ albumပေါင်း(၃၅)ခုအထိ ထုတ်လုပ်နိုင်ခဲ့ ပြီး Grammy ဆုကို (၆)ကြိမ် တိတိရယူနိုင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ အဆိုတော် John Legend က Rock and Roll Hall of Fame အဆိုတော်အဖြစ် ချီးမြှောက်ခဲ့သဖြင့် Rock and Roll Hall of Fame အဆို တော် ဖြစ်လာခဲ့ပါတယ်။

Dr.John ရဲ့ နာမည်ကြီးတဲ့ကိုယ်ပိုင်ဟန်ကတော့ ငှက်အမွှေးတွေနဲ့လုပ်ထားတဲ့ ဝတ်စုံကိုဝတ်ကာ စန္ဒယားဖြင့် သီ ချင်း ဆိုခြင်းပဲ ဖြစ်ပါတယ်။DrJohn ဟာ အသက်၆၀ကျော်လောက်မှာဘိန်းဖြူအမှုနဲ့ထောင်(၂)နှစ်ကျခဲ့ပါတယ်။ ထိုအ မှု ကြောင့်ပဲ သူ့ရဲ့ album (၃၅)ခုလုံးကို ၂၀၁၃ ခုနှစ်မှာ ပိတ်သိမ်းခြင်းခံခဲ့ရပါတယ်။ သူထောင်က ထွက်ပြီးနောက် သူ့ ရဲ့ဘဝကို သူ့ကလေးတွေနဲ့ပဲ အချိန်ကုန်ခဲ့တယ်လို့ သိရပါတယ်။ Dr John ဟာ အိမ်ထောင်(၂)ဆက်ရှိခဲ့အတွက် က လေးတွေ အများကြီးမွေးထားတယ်လို့ သိရှိရပါတယ်။

Blondielead အဆိုတော် Debbie Harry ကလည်း Dr John ရဲ့ သေဆုံးမှုအတွက် သူမ၏အကောင့်တွင် Dr John နှင့် သူမ တွဲရိုက်ထားတဲ့ ပုံကိုတင်ပြီး ဝမ်းနည်းကြောင်း ရေးသားခဲ့ပါတယ်။ ထို့အပြင် Beatles ရဲ့ drummer ဟောင်း Ringo Starr ကလည်း သူ၏ Twitter မှာ Dr John နဲ့အတူ ဖျော်ဖြေခဲ့တဲ့ ပုံကိုတင်ပြီး ဝမ်းနည်းကြောင်း ပြောဆို ခဲ့ပါ တယ်။

Source : BBC News

LEAVE A REPLY

Please enter your comment!
Please enter your name here