Home Knowledge သင်သတိမထားမိတဲ့ တိရစ္ဆာန်မျိုးစိတ်များ

သင်သတိမထားမိတဲ့ တိရစ္ဆာန်မျိုးစိတ်များ

0
သင်သတိမထားမိတဲ့ တိရစ္ဆာန်မျိုးစိတ်များ

ကမ္ဘာပေါ်မှာ လူတိုင်းနီးပါး ကြားဖူးတွေ့ဖူးမြင်ဖူးနေတဲ့ သတ္တဝါများစွာရှိပေမယ့် သတ္တဝါတစ်ကောင်ခြင်းဆီရဲ့ မတူညီတဲ့မျိုးစိတ်ကွဲတွေ ကိုတော့ လူတိုင်းသတိထားမိမှာ မဟုတ်ပါဘူး။ ဒီပိုစ့်မှာတော့ ကျနော်တို့ သာမန် မြင်နေတွေ့နေကြတဲ့ သတ္တဝါတွေရဲ့ မျိုးကွဲတွေကို ဗဟုသုတ အနေနဲ့ဖော်ပြလိုက်ပါတယ်။

အမွှေးစုသမင်(Tufted Deer)

တရုတ်နိုင်ငံ အလယ်ပိုင်းမှာတွေ့ရတတ်တဲ့ ရှားပါးသမင်မျိုးစိတ်ပါ။ ရယ်စရာကောင်းတာက အမွှေးတွေဟာ သူတို့ရဲ့ နဖူးရှေ့မှာစုနေပါတယ်။ အဲ့ဒီသမင်တွေဟာ ဒရက်ကူလာကဲ့သို့ သွားအစွယ်တွေရှိတယ်လို့ လူတွေသိထားကြပါတယ်။

Tufted Deer

ဖိုဆာကျားသစ်(Fossa)

ပူးမားကျားသစ်လိုမျိုး အငယ်စားဖြစ်ပြီးမက်ဒါဂက်စကာကျွန်းမှာအများဆုံး တွေ့ရတဲ့ အသားစားနို့တိုက်သတ္တဝါ ဖြစ်ပါတယ်။ အသွင်းအထုတ်ပြုလုပ်လို့ရတဲ့ သူတို့ရဲ့ လက်သည်းတွေဟာ သစ်ပင်တက်ရာမှာအထောက်အကူပြုပြီး အမဲလိုက်လျှင် အရှိန်ယူနိုင်အောင် ကူညီပေးပါတယ်။

fossa

ဂိရီနက် ဒရယ်(gerenuk)

အာဖရိက အရှေ့ပိုင်းမှာတွေ့ရတတ်တဲ လည်ပင်းရှည် ဒရယ်အငယ်မျိုးဖြစ်ပြီး ဝေါ်လာ ဂါဇယ်လီ လို့လည်ခေါ်ကြပါတယ်။သူတို့ရဲ့ လည်ပင်း အရှည်ကြီးတွေဟာ သစ်ကိုင်းအမြင့်က အစာတွေကို အလွယ်တကူ ယူနိုင်အောင်ကူညီပေးပါတယ်။ လည်ပင်းရှည်ရှည်ကြီးနဲ့ ချစ်စရာကောင်းနေတတ်တဲ့ ဒရယ်လေးတွေပါ။

gerenuk

လုံးတီးပွေး ကြွက် (Naked Mole Rat)

သူတို့ရုပ်ဆိုးချက်ကတော့ မယုံနိုင်အောင်ကို တွေ့တဲ့အတိုင်းပါပဲ။ အခြားတိရစ္ဆာန်နဲ့မတူတာက သူတို့ဟာ သက်တမ်း ၂၈နှစ်အထိတောင် နေနိုင်ပြီး အချိန်မရွေး မျိုးပွားနိုင်ကြပါတယ်။ သူတို့ကို ကင်ဆာသုသေသနပြုခြင်းနဲ့ အိုမင်းခြင်းတို့ကို စမ်းသပ်တဲ့နေရာမှာသုံးပါတယ်။ဘာလို့လဲဆိုတော့ သူတို့ဟာ အသက်အရွယ်ပြောင်းလည်း ဒီအရွယ်အတိုင်းဖြစ်နေလို့ပါပဲ။

naked-mole-rat

အီရာဝတီ လင်းပိုင်(Irrawaddy Dolphin)

ဘင်္ဂလားပင်လယ်အော်နဲ့ အရှေ့တောင်အာရှတို့မှာသာ တွေ့နိုင်တဲ့ လင်းပိုင်အမျိုးအစားပါ။ အသားစားဝေလငါးနဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ တော်တော်လေးချစ်စရာကောင်းပါတယ်။

Irrawaddy Dolphin

မားကော ဆိတ်(Markhor)

အာဖဂန်နီစတန် အရှေ့မြောက်နဲ့ ပါကစ္စတန်တို့မှာတွေ့ရတတ်တဲ့ အန္တရာယ်ရှိ ဆိတ်ရိုင်းပါ။ သူတို့ စားမြုံ့ပြန်တဲ့အခါ အမြုပ်တွေထွက်နေတတ်ပြီး မြေကြီးပေါ်သို့ရောက်တဲ့အခါ ခြောက်သွေ့လာတတ်တပါတယ်။ အဲ့ဒါကို ကောက်ရိတ်သိမ်းချိန်တွေမှာဆို မြွေဆိပ်ဖြေဖို့ထုံဆေးအဖြစ်အသုံးပြုကြပါတယ်။ ၄င်းရဲ့မုတ်ဆိပ်ရှည်ကြီး ဟာ ပညာရှိအဘိုးအိုကြီးလို့ထင်စေပါတယ်။

markhor

ရီတီ ကဏန်း (Yeti Crab)

ရီတီ ကဏန်းမျိုးစိပ်တွေဟာ ပူပြင်းတဲ့ရေငန်းပိုင်းမှာ လှိုင်းရဲ့ရိုက်ခတ်မှုတွေနဲ့အတူပါလာတတ်တဲ့ ကောင်လေးတွေပါ။ ကီဝေဒဲလို့လည်းသိကြပါတယ်။ ကျွန်တော့်ထင်မြင်ချက်အရ”အမွှေးထူကဏန်း”လို့ဆိုလိုတာဖြစ်ပါလိမ့်မယ်။

yeti crab

နှာတို မျောက်(Snub-Nosed Monkey)

နှာတိုမျောက်တွေဟာ အာရှတိုက်မှာ အကောင်၆ဝဝကို တစ်ဖွဲ့ဖွဲ့နေတတ်ကြတဲ့မျောက်တွေပါ။ သူတို့ကို သံပြိုင်အော်တတ်ကြတာကြောင့် လူသိများကြပါတယ်။ သူတို့ပါးလေးတွေကို ဆွဲစိတ် ပစ်ချင်စရာကောင်းလောက်အောင် ချစ်စရာကောင်းကြပါတယ်။

Snub-Nosed Monkey

သွေးစည်း ဝံပုလွေ(Maned Wolf)

တောင်အမေရိကတိုက်က အဖွဲ့ဝင်အများဆုံးခွေးမိသားစုပါ။ သူတို့ရဲ့ခြေတံရှည်တွေက သူတို့နေထိုင်တဲ့ချုံအုပ်ထူထူတွေ မှာ နေထိုင်သွားလာရလွယ်ကူစေပါတယ်။ ဝံပုလွလောကမှာတော့ အပြေးမြန်ဆုံးမျိုးစိတ်လို့ပဲ ဆိုရမှာပေါ့။

Maned Wolf

ရက်ကွန်း ခွေး (Raccoon Dog)

အရှေ့အာဆီယံခွေးမျိုးစိတ်ပါ။ ဖြူနက် ရက်ကွန်းဝက်ဝံနဲ့ တူတာကြောင့် တူနကီလို့လည်းခေါ်ပါတယ်။ ရက်ကွန်ဝံလိုမျိုးတော့ ချစ်စရာမကောင်းသလို လက်ဖဝါးတွေလည်းပြေပြစ်မှုမရှိပါဘူး။

Raccoon Dog

ဒီအပတ်မှာတော့ လူတွေမသိမထားမိနိုင်တဲ့ သတ္တဝါမျိုးကွဲ (၁၀) မျိုးကို ဖော်ပြခဲ့ပြီးဖြစ်သလို အလျင်းသင့်ရင် သင့်သလို နောက်ထပ် သတ္တဝါမျိုးစိတ်ကွဲတွေကိုလည်း ဆက်လက်ဖော်ပြပါအုံးမယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: