Home How To ကိုယ့်ရည်မှန်းချက်ကို ပြည့်အောင် စနစ်တကျ ဘယ်လိုလုပ်ရမလဲ။

ကိုယ့်ရည်မှန်းချက်ကို ပြည့်အောင် စနစ်တကျ ဘယ်လိုလုပ်ရမလဲ။

0
ကိုယ့်ရည်မှန်းချက်ကို ပြည့်အောင် စနစ်တကျ ဘယ်လိုလုပ်ရမလဲ။

လူတိုင်းမှာ ကိုယ်ရည်ရွယ်ထားတဲ့ ရည်မှန်းချက်တွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ပြည့်အောင် လုပ်နိုင်တဲ့လူက အရမ်းနည်းပါးပါတယ်။ ရည်မှန်းချက်ပြည့်အောင် လုပ်နိုင်ဖို့ဆိုတာ နေ့ချင်းညချင်း တစ်နေ့တည်းနဲ့ မဖြစ်နိုင်ပါဘူး။ အချိန်အတိုင်းအတာတစ်ခုနဲ့ ကြိုးစားအားထုတ်မှုလိုပါတယ်။ ဒီထက်အရေးကြီးတာက ကိုယ့်ခံယူစိတ်က အရေးကြီးဆုံးပါပဲ။

အမေရိကန်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ Stephen Duneier  က​ သူ့ရဲ့ရည်မှန်းချက်တွေကို ဘယ်လိုပြည့်အောင်လုပ်ခဲ့လဲဆိုတာ အခုလိုပြောပြခဲ့ပါတယ်။ သူ ဂျာမနီမှာနေစဉ်က နှစ်အနည်းငယ်ထိ german စကားကို လုံး၀မပြောတတ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အင်္ဂလိပ်စကားကိုပဲ အဓိကပြောနေခဲ့ပြီး လမ်းသွားလမ်းလာ သီချင်းနားထောင်ရင်တောင် အင်္ဂလိပ်သီချင်းပဲ နားထောင်နေလို့ဖြစ်ပါတယ်။ ဒီလိုနဲ့ German စကားပြောတတ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို စထားပါတယ်။ ဒီလိုနဲ့ လမ်းသွားလမ်းလာ အလုပ်သွားတဲ့အခါ ရထားပေါ်မှာ ဂျာမန်သီချင်းတွေ နားထောင်ပါတယ်။ မနက်စောစောထတဲ့အခါ တစ်နေ့ကို ဆယ်မိနစ်လောက် အချိန်ပေးပြီး ဂျာမန်ရေဒီယိုတွေကို နားထောင်ပါတယ်။ တစ်နေ့ကို စကားတစ်လုံးမှတ်လာတဲ့အခါ တစ်နှစ်လောက်ကြာတော့ ဂျာမန်စကားကို ကောင်းကောင်းမွန်မွန် ပြောလာနိုင်ပါတယ်။ သူဂျာမန်စကားပြောတတ်တဲ့အချိန်မှာ သူ့ကလေးတွေတောင် အံ့ဩသွားပါတယ်။

ဂျာမန်စကားပြောတတ်သွားတဲ့အချိန်မှာ အပ်ချုပ်နည်းကို စသင်ပါတယ်။ အစမှာ အခက်အခဲတွေကြုံရပါတယ်။ အပ်ချုပ်တာက စိတ်ရှည်မှု အများကြီးလိုပါတယ်။ နောက်ပြီး အချိန်ပေးရပါတယ်။ Duneier က အချိန်ပေးပြီး အပ်ချုပ်နည်းကို သင်ယူပါတယ်။ တစ်နေ့နဲ့တစ်နေ့ တစ်လထက်တစ်လ ကြာလာတဲ့အခါမှာ အပ်ချုပ်နည်း ကောင်းကောင်းတတ်သွားပါတယ်။ ​အဲ့အချိန်တည်းကစပြီး သူ့ရဲ့ သင်ယူမှုက ဘယ်တော့မှ ရပ်မတန့်သွားပါဘူး။ တစ်ခုပြီးတစ်ခု အမြဲလေ့လာသင်ယူပါတယ်။

“လူတစ်ယောက်က စာအုပ်တစ်အုပ်ကို တစ်လအပြီးဖတ်နိုင်ရမယ်လို့ ဆုံးဖြတ်ချက်ချထားတယ်ဆိုပါစို့။ တစ်ရက်ကို အနည်းဆုံး  စာမျက်နှာ ငါးမျက်နှာ ဖတ်နေစရာလည်းမလိုပါဘူး။ တစ်မျက်နှာကို ထိုင်ဖတ်နေစရာ မလိုပါဘူး။ တစ်ရက်ကို တစ်ကြောင်းထိုင်ဖတ်နေစရာလည်းမလိုပါဘူး။ အဓိက လိုအပ်ချက်က စာအုပ်လေးလှန်ပြီး စာလုံးတစ်လုံးလောက်ဖတ်ဖို့ စိတ်ဆန္ဒတစ်ခုပဲ လိုအပ်ပါတယ်။ စာလုံးတစ်လုံး ဖတ်ပြီးတဲ့အခါ နှစ်လုံး ဖတ်ချင်လာပါမယ်။ ပြီးရင် တစ်မျက်နှာ ဖတ်လာပါမယ်။ ဒီလိုနည်းနဲ့ စာအုပ်တစ်အုပ်ကို တစ်လ မတိုင်ခင် ဖတ်ပြီးသွားပါလိမ့်မယ်။” သူပြောပြတဲ့အဓိက အချက်ကတော့ စိတ်ခွန်အားတစ်ခုပါပဲ။ တစ်ကူးတစ်က ကိုယ့်ရည်မှန်းချက်ကို ပြည့်အောင်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာမျိုးမဟုတ်ပဲ ကိုယ့်စိတ်ကိုက အဓိကလိုချင်နေတာမျိုး ဖြစ်ရပါမယ်လို့ ပြောတာပါ။

သင့်ရည်မှန်းချက်က ကြီးချင်ကြီးပါမယ်၊ သေးချင်သေးပါမယ်။ ကြိုးစားချင်တဲ့ စိတ်နည်းနည်းလေးနဲ့ တစ်ကယ်လုပ်တဲ့ သတ္တိလေး နည်းနည်းပဲ လိုပါတယ်။ ဒါတွေရှိရင်တော့ သင့်ကြိုးစားသမျှအရာထင်လာပြီး တစ်နေ့မှာ သင့်ပန်းတိုင်ကို ရောက်လာပါလိမ့်မယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: