Game of Throne ထဲက Arya Stark သရုပ်ဆောင် Maisie Williams ပြောပြတဲ့ အောင်မြင်မှု အကြောင်း။

0
192

သူ့ကိုတော့ Game of Throne fans တော်တော်များများ သိမှာပါ။ သူ့ fans တွေကလည်း ကမ္ဘာတစ်ခွင်မှာ မနည်းပါဘူး။ Masie Williams ရဲ့ပုံပြင်က သာမန်မိသားစုလေး က စခဲ့ပါတယ်။ Masie Williams အသက် လေးလသားအရွယ်မှာပဲ မိဘတွေက ကွာရှင်းခဲ့ပါတယ်။ ဒါ့အပြင် Cindrealla မင်းသမီးလေးလိုပဲ Step Siblings တွေနဲ့ကြီးပြင်းလာခဲ့ပါတယ်။ ငယ်ငယ်တည်းက dancer ဖြစ်ချင်တဲ့ Masie Williams လေးက အသက်ဆယ်နှစ်မှာ Dancing School မှာ အကပညာကို သင်ကြားခဲ့ပါတယ်။ ပထမဆုံး အကပြိုင်ပွဲမှာပဲ အစိုးရထောက်ပံ့ငွေ ကျောင်းစရိတ် ၄၀% ရရှိခဲ့ပါတယ်။ ဒါပေမယ့် Masie Williams လေးက ဘယ်မှမသွားပဲ အကကျောင်း ဆက်တတ်ခဲ့ပါတယ်။ အသက် ၁၁နှစ်မှာတော့ အကဆရာမက Audition တစ်ခုမှာ သူ့ကို ဝင်ပြိုင်ခိုင်းပါတယ်။ ခေါင်းစဉ်က Bowling Ball အမည်နဲ့ သရုပ်ဆောင်ခိုင်းပါတယ်။ သူ့ရဲ့ဘ၀ဖြတ်သန်းလာပုံနဲ့ Step Siblings တွေနဲ့ ကြီးပြင်းလာတဲ့ပုံစံနဲ့ သရုပ်ဖော်ခဲ့ပါတယ်။ အကဆရာမက သဘောကျပြီး Professional Teacher တွေနဲ့ သရုပ်ဆောင်ပိုင်းကို ပြုစုပျိုးထောင်ပေးပါတယ်။ ဒီလိုနဲ့ ၂၀၀၉ ခုနှစ်မှာ Game of Thrones series ကို ရိုက်ကူးဖို့ audition ခေါ်ယူတဲ့အခါမှာတော့ Arya Stark နေရာမှာ လူထောင်ပေါင်းများစွာကို ခေါ်ယူပါတယ်။ အဲ့အချိန်က Maisie Williams က အရမ်းငယ်ပြီး အမေလက်ဆွဲပြီး Audition ခန်းကို ဝင်ခဲ့ရပါတယ်။

ပထမဆုံး audition မှာ သူ့ရဲ့ကြောက်စိတ်တွေအားလုံးကို ဖယ်ရှားပြီး သူ့မှာရှိတဲ့အရာအားလုံးကို ထုတ်ပြပြီး သရုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုနဲ့ HBO Show မှာ လူကြည့်အများဆုံး GOT ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့အောင်မြင်ကျော်ကြားမှုကလည်း တစ်ဖြည်းဖြည်း မြင့်တတ်လာပါတယ်။ Masie Williams လေးက​ စီးပွားရေးလုပ်တာလည်း ဝါသနာပါတဲ့ လူငယ်ပီပီ GOT က ရတဲ့ အနုပညာကြေးအားလုံးကို စုပြီး “Daisie App” ကို သူ့သူငယ်ချင်းနဲ့ စတင် တည်ထောင်ခဲ့ပါတယ်။ Daise App ဆိုတာက​ အနုပညာရှင်တွေ၊ ဖန်တီးတဲ့လူတွေ ဆုံရာ လူမှုကွန်ရက်တစ်ခု ဖြစ်ပါတယ်။​ App စထွက်တဲ့ Version 1 မှာတင် download လုပ်တဲ့လူဦးရေပေါင်းမနည်းပါဘူး။ Bugs တွေနဲ့ Error တွေရှိတာကြောင့် သုံးစွဲသူတွေနဲ့ Investors အားလုံးက ပစ်တင်ပြောဆိုခဲ့ပါတယ်။ ဒီလိုနဲ့ တစ်ဖြည်းဖြည်း ကြိုးစားလာတဲ့အခါမှာတော့ Daisie App က အောင်မြင်မှုတွေရရှိလာခဲ့ပါတယ်။

Masie Williams က အင်တာနက်ခေတ်မှာမွေးလာပြီး သူသိတာ အင်တာနက်ပဲ ဆိုပြီးပြောခဲ့ပါတယ်။ ဒါ့အပြင် အိမ်မက်ကို အကောင်အထည်ဖော်တဲ့အခါမှာ “မရှက်ကြောက်ကြပါနဲ့ ၊ လေ့လာသင်ယူဖို့ အမြဲအားမွေးပါ။ ​လူအယောက် ၁၀၀ မှာ အယောက် ၉၀ ယုံကြည်မှုကို ရဖို့မလိုပါဘူး။ တစ်ယောက်ရဲ့ ယုံကြည်မှုကို သေချာရဖို့ပဲလိုပါတယ်။”

အထက်ပါ အကြောင်းအရာ အချက်အလက်များကို Manchester မြို့က Ted ဟောပြောပွဲမှာ Masie Williams ပြောခဲ့တဲ့အချက်တွေက ကောက်နှုတ်ထားတာဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here