
Text Now Appဆိုတာက Internetပေါ်ကတဆင့် မိမိကြိုက်နှစ်သက်တဲ့ ဖုန်းနံပါတ်တွေကို ခေါ်ဆိုစာပို့ပေးနိုင်ရန် ရည်ရွယ် ထုတ်လုပ်ထားတဲ့Appတစ်ခုပါ။ အခြားတစ်ဖက်က အင်တာနက်မဖွင့်ထားရင်ဖြစ်ဖြစ်၊ အဲ့ဒီAppကို မထည့်ထားရင်ပဲဖြစ်ဖြစ် ဆိုရင်လည်း ဖုန်းခေါ်ဆိုခြင်း၊ စာပို့ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
ပထမဦးစွာ ဒီ Appကို စတင် အသုံးပြုတော့မယ်ဆိုရင် အကောင့်လျောက်ဖို့အတွက် Emailတစ်ခုတော့လိုအပ်ပါတယ်၊ အကောင့်လျောက်ပြီးသွားရင်တော့သင်ဟာ +1နဲ့စတဲ့US ဖုန်းနံပါတ်တစ်ခုတစ်ခုကိုရရှိမှာဖြစ်ပြီး ဤနံပါတ်ဖြင့်သင်ဟာ အမေရိကန်နှင့် ကနေဒါဖုန်းနံပါတ်တွေကိုအခမဲ့စတင်ခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ ကျန်ရှိတဲ့နိုင်ငံတကာcodeတွေနဲ့ ဖုန်းနံပါတ်တွေ ကိုခေါ်ဆိုလိုရင်တော့ သင့် အကောင့်ထဲကိုငွေသွင်းပေးရမှာပါ။ USဖုန်းနံပါတ်တစ်ခုကို ရရှိထားတဲ့အတွက် သင့်ဟာ အမေရိက သို့မဟုတ် ကနေဒါ ကိုရောက်နေတဲ့ ဆွေမျိုးတွေဆီဖြစ်ဖြစ်၊ သူငယ်ချင်းတွေဆီပဲဖြစ်ဖြစ် Free call ခေါ်ဆိုနိုင်မှာဖြစ်ပြီး Viber Lineစသဖြင့် ဖုန်းနံပါတ်သုံးပြီး အကောင့်လျောက်ကြရတဲ့ Social Appsတွေအတွက် သင့်သူငယ်ချင်းတွေကို နံပါတ်အသစ် တစ်ခုနဲ့ စနောက်ဖို့သော်လည်းကောင်း၊ Facebookအကောင့်မှာlockကျရင် အဆင်ပြေနိုင်အောင်Phoneနံပါတ်နေရာမှာ ထည့်သွင်း အသုံးပြုလျှင်သော်လည်းကောင်း ဒီAppလေးက အကျိုးပြုစေမှာပါ၊
Android အသုံးပြုသူများအတွက် : Text Now App
iPhone အသုံးပြုသူများအတွက် : Text Now App