Home Entertainment Call of Duty Game ကို အဆင့်ထပ်မြှင့်ထားတဲ့ Modern Warfare 2019 Version အသစ်ထွက်ရှိမည်

Call of Duty Game ကို အဆင့်ထပ်မြှင့်ထားတဲ့ Modern Warfare 2019 Version အသစ်ထွက်ရှိမည်

0
Call of Duty Game ကို အဆင့်ထပ်မြှင့်ထားတဲ့ Modern Warfare 2019 Version အသစ်ထွက်ရှိမည်

လာမည့် အောက်တိုဘာ ၂၅ရက်နေ့တွင် Call of Duty Version အသစ်ကို Player တွေရဲ့လက်ထဲသို့ ပို့ဆောင် ပေး မှာဖြစ်ကြောင်း မေလ ၃၀ရက် ကြာသပတေးနေ့တွင် Infinity Ward မှ Developer များက တရားဝင် ကြေငြာခဲ့ပါ တယ်။ Battle royale Game တွေထဲမှာ နာမည်ကြီးတဲ့ Call of Duty Game Series အစမှ ယခုနောက်ဆုံး ထွက်ရှိထားတဲ့ 2011’s Modern Warfare 3 အထိ ပုံပြင်ဇာတ်လမ်းများကို ပြန်လည်ပြုပြင်ကာ Modern Warfare 2019 Version ကိုထုတ်လုပ်ခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။

Modern Warfare 2019 ဟာ ယခုလက်ရှိ ကမ္ဘာမှာဖြစ်ပွားနေတဲ့ အကြောင်းအရာများကို အခြေခံပြီး ပြုလုပ်ထား ပါတယ်။ အရင် Version တွေထက် ပိုပြီးသဘာဝနှင့် နီးစပ်အောင်ပြုပြင်ထားတယ်လို့ သိရှိရပါတယ်။ သေနတ် ပစ်ခြင်း၊ ကားမောင်ခြင်းတို့ကအစ တကယ်လက်တွေ့ပြုလုပ်နေသကဲ့သို့ဖြစ်အောင် ပြုပြင်ထားတဲ့အတွက် ကစားသူတွေကို ဖမ်းစား နိုင်မှာ အသေအချာပဲဖြစ်ပါတယ်။ Call of Duty Game ဟာ လက်ရှိမှာလည်း ရုပ်ထွက်အလွန်ကောင်းတဲ့ Game တစ်ခုဖြစ်ပါတယ်။

သို့သော် သူ့ရဲ့ပုံပြင်ဇာတ်လမ်းတွေက ယခုလက်ရှိဖြစ်ပျက်နေတဲ့ အကြောင်းအရာတစ်ချို့ ပါဝင်ခြင်းမရှိပါဘူး။ ထို့ကြောင့် Call of Duty ကို ပြုပြင်နေတဲ့ Developer တွေက Version တစ်ခုထွက်တိုင်း ပိုပြီး သဘာဝနှင့်တူညီအောင် ကြိုးစား နေကြတာဖြစ်တဲ့အတွက် ရုပ်ထွက်နဲ့ ဇာတ်လမ်းတွေဟာ ပြောစရာမလိုအောင် ကောင်းမွန်ခဲ့ပါတယ်။ ယခု ကြေငြာခဲ့တဲ့ Modern Warfare 2019 ဟာ အရင်ထွက်ရှိခဲ့တဲ့ Version တွေထက် ပိုမိုကောင်းမွန်လာမယ်လို့ ပြောထားတဲ့ အ တွက် တကယ့်လက်တွေ့အတိုင်းဖြစ်နေမယ်ဆိုတာ အပြောနဲ့တင်ခန့်မှန်းလို့ရပါတယ်။

Modern Warfare 2019 မှာ ကစားရမယ့် ဇာတ်လမ်းလည်း အနည်းငယ်ပြောင်းထားတယ်လို့ သိရှိရပါတယ်။ Player ဟာ ပထမအပိုင်းတွင် special forces စစ်သားတစ်ယောက်အဖြစ် Mission တွေကို ကစားရမှာဖြစ်ပြီး ဒုတိ ယအပိုင်းမှာတော့ အရှေ့အလယ်ပိုင်းဒေသရှိ သူပုန်များကို တိုက်ခိုက်တဲ့ တိုက်ခိုက်ရေးသမားတစ်ယောက်အဖြစ် ကစားရမှာဖြစ်ပါတယ်။ ဂိမ်းထဲရှိ သေနတ်ပစ်မှု၊ တွားသွားမှု၊ လမ်းလျှောက်မှု၊ အခန်းအပြင်အဆင်တွေကအစ တကယ့်လက်တွေ့ သဘာဝအတိုင်းဖြစ်အောင် ပြုလုပ်ပေးထားတာဖြစ်လို့ ကစားသူတွေကို စိတ်ချမ်း သာမှုအပြည့် အဝ ပေးနိုင်မှာဖြစ်တယ်လို့ Developer တွေက ယုံကြည်နေကြပါတယ်။

Call of Duty : Modern Warfare 2019 Version ကို အောက်တိုဘာ ၂၅ရက် ၂၀၁၉ ခုနှစ်မှာ စတင်ပြီး Xbox One၊ PS4 နှင့် PC တို့တွင် ကစားလို့ရမှာဖြစ်ပါတယ်။ Call of Duty : Modern Warfare 2019 ကို တစ်ဦး တည်း ကစားလို့ရသလို (၂)ဦးတွဲ ကစားလို့လည်း ရမှာဖြစ်ပါတယ်။ သို့သော် Developer များ၏ပြောပြထားချက်အရ တစ်ဦးတည်းကစားရင် ပိုပြီးတော့ ကစားလို့ကောင်းမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ပရိသတ်ကြီးလည်း Call of Duty ကစားသူတစ်ယောက်ဖြစ်တယ်ဆိုရင်တော့ အောက်တိုဘာလ ၂၅ရက်နေ့ကို မမေ့ပဲ Modern Warfare 2019 Version ကို အသင့်စောင့်နေဖို့ သတင်းကောင်းပါးလိုက်ပါတယ်။

Source : The Verge News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: