
နိုဝင်ဘာ ၁၄ရက်နေ့မှာ ကျရောက်မယ့် တန်ဆောင်မုန်းလပြည့်နေ့ညမှာ လမင်းကို မြင်တွေ့နေကြ အရွယ်အစားပုံစံအတိုင်း မဟုတ်ဘဲ ပိုမိုအရွယ်အစားကြီးမားစွာတွေ့မြင်ရမှာဖြစ်ပါတယ်။ လနဲ့ ကမ္ဘာမြေ နီးကပ်စွာရှိတဲ့ အခြေအနေမှာ လရဲ့အရွယ်အစားဟာ ပိုမိုကြီးမား လာပြီး ဒီဖြစ်စဉ်ကိုဘဲ Super-Moon ဖြစ်စဉ်လို့ခေါ်ပါတယ်။ ဒါပေမယ့် ဒီလာမယ့် နိုဝင်ဘာ ၁၄ တင်္နလာနေ့ညမှာ တွေ့မြင်ရမယ့် လဟာ အရင်က ဖြစ်ပေါ်ခဲ့ဖူးတဲ့ Super-Moon ထက်ပိုမိုကြီးမားပါလိမ့်မယ်။
၁၉၄၈ ခုနှစ်တုန်းကလဲ ဒီလိုမျိုးဖြစ်စဉ်ကြောင့် လမင်းကို အရွယ်အစားကြီးမားစွာဖြင့် ကမ္ဘာမြေကနေ တွေ့မြင်ခဲ့ရပြီး ယခု ၂၀၁၆ နိုဝင်ဘာ (၁၄) မှာမြင်တွေ့ရမယ့် လရဲ့အရွယ်အစားကတော့ ၁၉၄၈ခုနှစ်တုန်းက မြင်တွေ့ခဲ့ရတဲ့ အရွယ်အစားထက် ပိုမိုကြီးမား မှာဖြစ်ပါတယ်။ ဒါကြောင့် သမိုင်းတစ်လျှောက်မှာ လကို အကြီးမားဆုံးအရွယ်အစားအဖြစ် မြင်တွေ့ရတဲ့ အခြေအနေလို့တောင် ပြောလို့ ရပါတယ်။ နောက်ထပ် ဒီလိုမျိုး ဖြစ်စဉ်ကို ၂၀၃၄ ခုနှစ်မှသာ ပြန်လည်မြင်တွေ့ ရမှာဖြစ်မယ်လို့နာဆာမှ ကြေငြာထား ပါတယ်။ ယခု နိုဝင်ဘာ (၁၄) မှာ ပေါ်မယ့် Super-Moon ဖြစ်စဉ်မှာ သာမန်လပြည့်နေ့ညတွေမှာ မြင်တွေ့ရတဲ့ လရဲ့ အရွယ်အစားထက် ၁၄ရာခိုင်နှုန်းပိုမိုကြီးမားပြီး ၃ဝရာခိုင်နှုန်း ပိုမို တောက်ပလာမှာကို မြင်တွေ့ရတော့မှာဖြစ်ပါတယ်။
ဆန်းသစ်မြန်မာပရိတ်သတ်တို့လဲ ဒီလိုမျိုး ကြုံတောင့်ကြုံခဲ အခွင့်အရေးမျိုးကို လက်လွှတ်မခံဘဲ လမင်းကြီးရဲ့ ထွန်းလင်းတောက်ပပုံ ကို အမိအရမှ တ်တမ်းတင်ထားနိုင်ဖို့ လက်တို့အသိပေးလိုက်ပါတယ်။