Home Entertainment Disney က Marvel Studios ရဲ့ နောက်ထပ်ခြေလှမ်းအသစ်များကို ချပြ

Disney က Marvel Studios ရဲ့ နောက်ထပ်ခြေလှမ်းအသစ်များကို ချပြ

0
Disney က Marvel Studios ရဲ့ နောက်ထပ်ခြေလှမ်းအသစ်များကို ချပြ

မကြာသေးမီက ထွက်ရှိခဲ့ပြီး လူတွေရဲ့ စိတ်ကိုဖမ်းစားနိုင်ခဲ့တဲ့ Marvel ရဲ့ End Game ဟာ ယခုဆိုရင် ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ဇာတ်ကားတွေထဲမှာ ဒုတိယနေရာကိုရရှိသွားပြီးဖြစ်ပါတယ်။ ပထမနေရာကတော့ ၂၀၀၉ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ Avatar ပဲဖြစ်ပါတယ်။ Avatar နဲ့ End Game ဟာ $2billions လောက်ပဲကွာတော့တာဖြစ်တဲ့အတွက် End Game ဟာ ပထမနေရာကိုရောက်သွားမလားဆိုတာ စိတ်လှုပ်ရှားစရာပါပဲ။ အဲလိုအောင်မြင်ခဲ့တဲ့ Marvel Studios ရဲ့ နောက်ထပ်ခြေလှမ်းဟာ ဘာဖြစ်နိုင်မလဲဆိုတာကို ယခုအချိန်မှာ လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။ Disney က နောက်လာမည့် ၃နှစ် အတွင်းမှာ ပြသသွားမယ့် Marvel ရဲ့ Phase 4 မှာ ပါဝင်တဲ့ ဇာတ်ကား ၈ ကား ရဲ့ အချိန်စာရင်းတွေကို ထုတ်ပြန်ကြေငြာလိုက်ပြီးဖြစ်ပါတယ်။

၎င်းအချိန်စာရင်းတွေကတော့-

  1. May 1,2020
  2. November 6,2020
  3. February 12,2020
  4. May 7,2021
  5. November 5,2021
  6. February 18,2022
  7. May 6,2022
  8. July 29,2023 တို့ဖြစ်ပါတယ်။

Marvel ပရိတ်သတ်တွေရဲ့ သုံးသပ်ချက်အရ နောက်ထပ်လာမည့်ကားတွေထဲမှာ အဓိကဇာတ်ကောင်တွေက Spider Man၊ Captain Marvel၊ Black Panther နှင့် Dr.Strange တို့ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ Disney က လူတွေပိုပြီးစိတ်ဝင်စားနေစေဖို့အတွက် Phase 4 က ဇာတ်ကားနာမည်တွေကို မဖော်ပြခဲ့ပဲ ရုံတင်ပြသ သွား မယ့်အချိန်တွေကိုသာ ချပြသွားတာဖြစ်ပါတယ်။ ကောလဟာလ သတင်းတွေအရ လာမည့်နွေရာသီထဲမှာ scarlett johansson မင်းသမီးရဲ့ Black Widow ဇာတ်လမ်းကို ပြသသွားမှာဖြစ်တယ်လို့သိရပြီး Marvel က gardians of the galaxy ဇာတ်ကားရဲ့ ဒါရိုက်တာဖြစ်တဲ့ James Gunn ကိုပြန်လည် ငှားရမ်းခဲ့တာဖြစ်တဲ့အတွက် gardians of the galaxy ဇာတ်ကားအသစ်ပဲ ထပ်ထွက်လာမလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ထို့အပြင် Marvel ရဲ့ comics ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ The Eternals နဲ့ မကြာသေးမီက ဝယ်ယူခဲ့တဲ့ Shang Chi တို့ဟာလည်း နောက်လာမည့် Marvel ရဲ့ ဇာတ်ကားတွေမှာ ဘယ်လိုနေရာကနေ ပါဝင်ပက်သတ် လာမလဲ ဆို တာကလည်း စိတ်ဝင်စားစရာပါပဲ။ Marvel က သူတို့ရဲ့ ဇာတ်ကားတွေကို လူစိတ်ဝင်စားဖို့အတွက် ကြိုးစားနေတာ ဖြစ်တဲ့ အတွက် နောက်ထပ်လာမည့်ကားတွေထဲမှာ ဘယ်လို Hero အသစ်တွေ၊ villain အသစ်တွေ ပါဝင်လာမလဲဆိုတာကို စိတ်ဝင်တစားဖြင့် စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Source : Elite Readers News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: