Home How To ချစ်သူစုံတွဲ များအကြားဖြစ်တတ်တဲ့ နားလည်မှုလွဲခြင်းပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
ချစ်သူစုံတွဲ များအကြားဖြစ်တတ်တဲ့ နားလည်မှုလွဲခြင်းပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
0
ချစ်သူစုံတွဲ များအကြားဖြစ်တတ်တဲ့ နားလည်မှုလွဲခြင်းပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
ချစ်သူရည်းစားတွေနားလည်မှုလွဲတဲ့ပြဿနာဟာလမ်းခွဲခြင်းဆိုတဲ့အထိရောက်အောင်လုပ်ပစ်နိုင်ပါတယ်။ အရမ်းချစ်ကြတဲ့ ချစ်သူတွေဆိုရင် မထင်မှတ်တဲ့ ဒီကိစ္စလေးတစ်ခုကြောင့် လမ်းခွဲလိုက်တာဆိုရင် နှလုံးသားနုနုလေးဟာ အလွန်ပဲခံစားရတတ်ပါတယ်၊ သစ္စာရှိစွာချစ်ကြတဲ့ ချစ်သူတွေဆိုရင် ဒီလိုမျိုး အခြေအနေမျိုးကို ဘယ်လိုလက်ခံနိုင့်ပါ့မလဲ? အချစ်ကိုတန်ဖိုးမထားတတ်တဲ့လူတွေကိုတော့စာရင်းမသွင်းတော့ပါဘူး။ကဲ…ဟုတ်ပါပြီ။ ခိုင်မြဲတဲ့အချစ်တစ်ခုကို ရရှိဖို့အတွက်ဒီလိုမျိုးနားလည်မှုလွဲတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းသင့်လဲ?
အောက်ကအချက်လေးတွေကိုတစ်ချက်လောက်လေ့လာကြည့်ပါအုံး။
၁။ စေ့စပ်စွာနားထောင်ပေးပါ
သင့်ရဲ့ချစ်သူပြောတာကိုသေချာစွာနားထောင်ပေးတာဟာ နားလည်မှုလွဲတာကိုဖြေရှင်းနိုင်မဲ့ သော့ချက်တစ်ခုပါပဲ။ သူပြောနေတဲ့စကားကိုဆုံးတဲ့ထိနားထောင်ပေးလိုက်ပါ။ ကြားဖြတ်ပြီးပြောတာဟာ ပြောနေတဲ့အကြောင်းအရာတစ်ခုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ပြောတဲ့စကားအကြောင်းအရာ ဘာလဲ ဘာလုပ်ပေးရမလဲ ဆိုတာကိုပဲ သေချာစွာအာရုံစိုက်ပြီးနားထောင်ပေးပါ၊ ဒီအချက်ဟာလည်း အချစ်စစ်တစ်ခုခိုင်မြဲတိုးတက်ဖို့အတွက် အင်မတန်မှအရေးပါ လှပါတယ်။ သူဘာပြောနေတာလဲ ဘာကိုဆိုလိုတာကိုသိပြီမှ ဘယ်လို တုံပြန်သင့်လဲ စဉ်းစားပါ။
၂။ ချစ်သူအတွက်မျှော်လင့်ချက်ထားပါ။
သင့်ရဲ့လက်ရှိချစ်သူဟာ အနာဂတ်လက်တွဲဖော််ဖြစ်ရမယ်ဆိုတဲ့မျှော်လင့်ချက်ထားပြီး ခွင့်လွှတ်သင့်တာကို ခွင့်လွှတ်ပေးလိုက်ရင် နားလည်မှုလွဲတဲ့ ကိစ္စကြီးက ရှင်းလင်းသွားမှာပါ။ အရင်က ဘယ်သူနဲ့ဘဲ တွဲခဲ့ တွဲခဲ့ လက်ရှိ ချစ်သူဟာ ကိုယ့်ချစ်သူပါ။ သူ့ကို ငါဘယ်လို ပြဿနာပဲ ဖြစ်ဖြစ် ထာဝရချစ်သွားမယ်ဆိုတဲ့စိတ်ကိုထားပါ။  လက်ရှိချစ်သူကို မရှိသလို မသိသလိုနေတာဟာ နားလည်မှုလွဲခြင်းဆီကို ဦးတည်စေနိုင်ပါတယ်။
၃။ အီလက်ထရောနစ်ပစ္စည်းများနှင့်ဆက်သွယ်ခြင်းကိုရှောင်ကြဉ်ပါ
ယနေ့ခေတ်မှာ စာရိုက်ပို့ခြင်း အီးမေးလ် ပို့ခြင်းတွေက အသုံးများလာတယ်ဆိုပေမဲ့ အဲ့ဒီအရာတွေက နားလည်မှုလွဲခြင်းကိုဖြစ်စေနိုင်ပါတယ်။ တစ်ဦးနှင့်တစ်ဦးမျက်နှာချင်းဆိုင်မတွေ့ရပဲ ခံစားချက်တွေမျှဝေဖို့ နွေးထွေးမှုတွေပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လိုင်းပေါ်မှာစာရိုက်ပို့နေစဉ် သင့်Replyနောက်ကျတာပဲဖြစ်ဖြစ် သင်ဘာကိုဆိုလိုလဲဆိုတာပဲဖြစ်ဖြစ် သင့်ချစ်သူကမှားယွင်းစွာဘာသာပြန်ကောက်ချက်ချမိသွားရင် နားလည်မှုစတင်လွဲပြီး သင့်ဘက်က ဖြေရှင်းချက်လိုလာမယ် ချစ်သူကသံသယဝင်လာမယ် ရန်တွေဖြစ်လာမယ်ပေါ့။ ဒါကြောင့် သင့်အနာဂတ်အတွက် စာပို့တာတွေမလုပ်ပါနဲ့တော့။ ဖုန်းပြောတာကတော့ပြဿနာမရှိလောက်ပါဘူး။
လိုင်းပေါ်မှာ သူစာပို့လို့မပြီးသေး၊ ကိုယ်က စကားနိဂုံးချုပ်ပြီး Outသွားတယ်ဆိုရင်ဘယ်ကောင်းပါ့မလဲ။ စောစောကလိုပဲ သူ့မှာ ဘာလိုအပ်လဲ ဘာတွေအရေးကြီးနေလဲဆိုတာဆုံးအောင် ဖတ်ပေးလိုက်ပါ။ အဲ့လိုမှမဟုတ်ရင် တစ်ဖက်သားကိုနာကျင်စေပြီး နားလည်မှုလွဲတာတွေဖြစ်လာမှာပေါ့၊
နားလည်မှုလွဲတာတွေမဖြစ်အောင် ဘယ်လိုနေထိုင်သင့်လဲဆိုတာ လေ့လာကျင့်ကြံရင်း တန်ဖိုးရှိတဲ့အချစ်စစ်ကို ပိုင်ဆိုင်ကြတဲ့RSတွေဖြစ်ကြပါစေလို့ ဆန်းသစ်မြန်မာမှ ဆန္ဒပြုလျက်
Zawgyi Font : ချစ်သူစုံတွဲ များအကြားဖြစ်တတ်တဲ့ နားလည်မှုလွဲခြင်းပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
LEAVE A REPLY
Please enter your comment!
Please enter your name here
%d bloggers like this: