Star Wars ဇာတ်ကားတွင် Chewbacca နေရာ၌ပါဝင်သရုပ်ဆောင်ခဲ့သော မင်းသားကြီး Peter Mayhew သေဆုံး

0
255

ဧပြီလ ၃၀ရက်နေ့တွင် အသက် ၇၄နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီး Peter Mayhew သေဆုံးသွားပြီဖြစ်ကြောင်း သူ၏ ကျန်ရစ်သူမိသားစုက မေလ ၃ရက်နေ့တွင် Twitter လူမှုကွန်ရက်ပေါ်၌ ထုတ်ပြန်ခဲ့ပါတယ်။ Peter Mayhew ဟာ London မှာ မွေးခဲ့ပြီး British-American မင်းသားဖြစ်ပါတယ်။ သူအဓိက သရုပ်ဆောင်ခဲ့တာကတော့ Star Wars ဇာတ်ကားထဲမှာ giant Wookiee warrior Chewbacca နေရာဖြစ်ပါတယ်။ သူဟာ ၁၉၇၇ခုနှစ်မှာ စတင် ထုတ် လုပ်ခဲ့တဲ့ Star Wars ရဲ့ ပထမဦးဆုံးကားမှ စပြီး Chewbacca နေရာတွင် ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

Star Wars ရုပ်ရှင်ကို ဖမ်တီးခဲ့သူ George Lucas က Chewbacca နေရာကို သရုပ်ဆောင်ဖို့အတွက် အရပ်မြင့် တဲ့သူကို လိုအပ်ခဲ့တာဖြစ်ပါတယ်။ Peter Mayhew ရဲ့ အရပ်ဟာ ၇ပေ ၂လက်မ (၂.၁၈ မီတာ) ရှိနေတဲ့အတွက် Chewbacca နေရာကို သရုပ်ဆောင်ရန်အတွက် အလွန်သင့်တော်တဲ့ အရပ်ဖြစ်နေတာကြောင့် Peter Mayhew ဟာ Chewbacca ဖြစ်လာခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ ပရိတ်သတ်တွေကတော့ Chewbacca ကိုသာသိကြပြီး Chewbacca နေရာကို Peter Mayhew သရုပ်ဆောင်နေတယ်ဆိုတာကို တော်ရုံမသိခဲ့ကြပါဘူး။ Peter Mayhew နောက်ဆုံးရိုက်သွားတာကတော့ ၂၀၁၅ ခုနှစ်ကထွက်ခဲ့တဲ့ Star Wars : The Force Awakens ဇာတ်ကားပဲ ဖြစ်ပါ တယ်။အဲဒီဇတ်ကားကိုရိုက်ပြီးနောက် သူ့နေရာကို Joonas Suotamo ကဆက်လက် သရုပ်ဆောင်ခဲ့ပါတယ်။ Joonas Suotamo စတင်သရုပ်ဆောင်ခဲ့တဲ့ ၂၀၁၇ခုနှစ်ထုတ် The Last Jedi ကားတွင်လည်း Peter Mayhew က Joonas Suotamo ကို Chewbacca နေရာသရုပ်ဆောင်ဖို့အတွက် လျှို့ဝှက်ချက်တွေပြောပြပြီး ကူညီ ခဲ့ပါ သေးတယ်။

Peter Mayhew ဘယ်အတွက်ကြောင့် သေဆုံးခဲ့ရတယ်ဆိုတာကို သူ့ရဲ့ ကျန်ရစ်သူမိသားစုက ပြောပြခဲ့ခြင်းမရှိပါဘူး။ Peter Mayhew ဟာ ပရဟိတလုပ်ငန်းတွေမှာ စိတ်အားထက်သန်စွာနဲ့ ငွေအားရော လူအားရော ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပြီး Venezuela ရှိ ဆင်းရဲနွမ်းပါးတဲ့ သူများကို စောင့်ရှောက်မှုတွေပေးဖို့အတွက် ကိုယ်ပိုင် Foundation တစ်ခု လည်း တည်ထောင်ခဲ့တယ်လို့ သိရှိရပါတယ်။ သူနှင့်အတူ Star Wars ဇာတ်ကားထဲတွင် Luke Skywalker နေ ရာ၌ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Mark Hamill က Peter Mayhew ကို “the gentlest of giants” လို့ တင် စား ခေါ်ဝေါ်ခဲ့ပြီး ဒီလူထွားကြီးဟာ သူ့ကို ပျော်ရွှင်မှုတွေ အပြည့်အဝပေးခဲ့တဲ့လူဖြစ်ပြီး သူ့ကြောင့် တစ်ခါကလေးတောင် မှ အပြုံးမပျက်ခဲ့ရကြောင်း၊ စိတ်ထားအရမ်းကောင်းပြီး သူ့အတွက် သစ္စာရှိတဲ့ သူငယ်ချင်းကောင်း တစ် ယောက် ဖြစ် ကြောင်းနဲ့ သူ့ကို အရမ်းချစ်ကြောင်း ပြောခဲ့ပါတယ်။

Source : BBC News

LEAVE A REPLY

Please enter your comment!
Please enter your name here