Home News ဗိုလ်ချုပ်မှ မိဖုရားအဖြစ်သို့ တင်မြှောက်ခြင်းခံရတဲ့ ထိုင်းမိဖုရားအသစ်

ဗိုလ်ချုပ်မှ မိဖုရားအဖြစ်သို့ တင်မြှောက်ခြင်းခံရတဲ့ ထိုင်းမိဖုရားအသစ်

0
ဗိုလ်ချုပ်မှ မိဖုရားအဖြစ်သို့ တင်မြှောက်ခြင်းခံရတဲ့ ထိုင်းမိဖုရားအသစ်

ဧပြီလ ၂၈ရက် စနေနေ့တွင် ထိုင်းဘုရင် Vajiralongkorn ဟာ သူ၏ သက်တော်စောင့်လည်းဖြစ် သူ့စစ်တပ်ရဲ့ ဗိုလ်ချုပ် လည်းဖြစ်တဲ့ Suthida Vajiralongkorn Na Ayudhya ကို တရားဝင် မိဖုရားအဖြင့်တင်မြှောက်ကာ တော်ဝင်မျိုးနွယ် အဖြင့် သတ်မှတ်ခဲ့ပါတယ်။သူတို့မင်္ဂလာပွဲ ကျင်းပခဲ့ခြင်းကိုတော့ မေလ ၁ရက် ဗုဒ္ဓဟူးနေ့တွင် တော်ဝင်ကြေငြာချ က် ဖြင့် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

မိဖုရား Suthida ဟာ ဘုရင် Vajiralongkorn နဲ့ သိကျွမ်းဝင်ခဲ့တာ နှစ်အတော်ကြာခဲ့ပြီးဖြစ်ပါတယ်။ သူတို့ ၂ ဦးရဲ့ ဆက်ဆံရေးကိုတော့ ဘယ်သူမှမသိပါဘူး။ ၂၀၁၄ ခုနှစ်တုန်းက Vajiralongkorn ဟာ ထိုင်းလေကြောင်းလိုင်းနဲ့ ခရီးသွားဖို့ စီစဉ်ခဲ့တုန်းက Suthida ကို သူ၏ သက်တော်စောင့်အဖြင့် တာဝန်ထမ်းရွက်ပေးရန် တောင်းဆိုခဲ့တယ် လို့ သိ ရပါတယ်။ ယခင်ထိုင်းဘုရင် Bhumibol Adulyadej နတ်ရွာစံပြီး Vajiralongkorn ဘုရင်ဖြစ်လာတဲ့အချိန် ၂၀၁၆ ဒီဇင်ဘာလမှာ Suthida ကို ဗိုလ်ချုပ်အဖြင့် တင်မြှောက်ခဲ့ပြီး ယခုအခါမှာတော့ မိဖုရားအဖြင့် တင်မြှောက် ခဲ့တာ ဖြစ် ပါတယ်။

အသက်၆၆နှစ်ရှိပြီဖြစ်တဲ့ထိုင်းဘုရင်MahaVajiralongkorn ဟာ ၂၀၁၆ခုနှစ်မှာ သူဖခင် Bhumibol Adulyadej နတ်ရွာစံပြီးနောက်မှာ ထီးနန်းဆက်ခံခဲ့တာဖြစ်ပါတယ်။သူဖခင်ဟာ နှစ်၇၀တိုင် ထီးနန်းစိုးစံခဲ့တာဖြစ်ပြီး ကမ္ဘာမှာ အကြာဆုံး ထီးနန်းစိုးစံခဲ့တဲ့ ဘုရင်တစ်ပါးအဖြစ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

Source : BBC News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: