Home How To ငလျင် လှုပ်ရင် သင့်ကိုယ်သင် ဘယ်လိုကာကွယ်မလဲ

ငလျင် လှုပ်ရင် သင့်ကိုယ်သင် ဘယ်လိုကာကွယ်မလဲ

0
ငလျင် လှုပ်ရင် သင့်ကိုယ်သင် ဘယ်လိုကာကွယ်မလဲ

ယနေ့ခေတ်မှာ မမျှော်လင့်တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် လူတွေ အတော်များများ ဒုက္ခရောက်နေ ကြရ ပါတယ်။ ဒါ့ကြာင့် ကယ်ဆယ်ရေးအဖွဲ့တွေကလည်း သဘာဝဘေးအန္တရာယ်နဲ့ ရုတ်တရက်တွေ့ကြုံလာရတဲ့အခါ မိမိရဲ့ အသက်ကို ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အသိပညာတွေကို စာသင်ကျောင်းမှာရော အပြင်မှာပါ လေ့ကျင့်ပို့ ချပေး နေတဲ့အပြင် အင်တာနက်မှာလည်း လိုသလို ရှာဖွေပြီး ကြည့်ရှုလေ့လာနိုင်ပါတယ်။ ယနေ့ခေတ်မှာ အဖြစ်များလာ တဲ့ ငလျင်ဘေးကို ဘယ်လိုကာကွယ်ရမလဲဆိုတာကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ငလျင်ဟာ ဘယ်အချိန် ဘယ် နေရာမှာလှုပ်နိုင်သလဲဆိုတာကို မိုးလေဝသဌာနမှ သုတေသီများက အစဉ်မပြတ် စောင့်ကြည့်ပြီး သတိပေးမှုတွေ ပြု လုပ်နေပေမယ့် တစ်ခါတစ်ရံမှာ မမျှော်လင့်ပဲ လှုပ်သွားတဲ့အတွက် ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြာင့် င လျင်လှုပ်ခဲ့ရင် ဘာတွေလုပ်သင့်လဲဆိုတာကို ဖတ်ကြည့်ကြရအောင်။

ငလျင်လှုပ်တဲ့ အချိန်မှာ အဆောက်အဦထဲ ဒါမှမဟုတ် တိုက်မြင့်ပေါ်မှာ ရှိနေတဲ့အချိန်ဖြစ်နေခဲ့ရင် ငလျင်လှုပ်မှု ကြောင့် စိတ်ချေုက်ခြားပြီး တိုက်ပေါ်ကပြေးဆင်းဖို့ စဉ်းစားတတ်ကြပါတယ်။ ကျွန်တော်တို့ ရောက်နေတဲ့ အဆောက် အဦ ဟာ တစ်ထပ်တိုက်ပုဖြစ်နေမယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။တိုက်မြင့်ပေါ်ရောက်နေခဲ့ရင် တိုက်ပေါ်က ဆင်းဖို့ဆိုတာက ဘယ်လိုမှမဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒီအချိန်မှာ ကျွန်တော် တို့ဟာ တိုက်ပေါ်မှာ ပတ်ပြေးမနေသင့်ပါဘူး၊ ကျွန် တော်တို့ ခန္ဓာကိုယ်ရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ ဦးခေါင်းကို ကာကွယ်ရမှာဖြစ်ပါတယ်။ မိမိရဲ့ ဦးခေါင်းကို လက် သို့ မဟုတ် ပစ္စည်းတစ်ခုခုဖြင့် ကာကွယ်ပြီးနောက် စားပွဲခုန်သို့မဟုတ် မိမိကိုယ်ကို ကာကွယ်ပေးနိုင်မယ့် အရာရဲ့ အောက် မှာ ပုန်းခိုရမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ငလျင်ကြောင့် မိမိရဲ့ ခေါင်းပေါ်က အရာတွေကျလာနိုင်သလို အဆောက် အဦတစ်ခုလုံး ပြိုကျတာလဲ ဖြစ်လာနိုင်ပါတယ်။

အန္တရာယ် အကင်းဆုံးကတော့ မိမိကိုယ်ကိုကာကွယ်ဖို့ အကောင်းဆုံးနေရာကို ရှာဖွေပြီး ပုန်းအောင်းနေပါ။ မိမိပုန်း အောင်းတဲ့နေရာက စားပွဲအောက်မှာဆိုပါက စားပွဲရဲ့ ခြေထောက်ကို မြဲမြဲဆုပ်ကိုင်ထားဖို့ လိုပါတယ်။ ငလျင်ကြောင့် စားပွဲ နေရာ ရွေ့သွားနိုင် တဲ့အတွက်ဖြစ်ပါတယ်။ အဆောက်အဦပြိုကျသွားခဲ့တယ်ဆိုရင်လည်း အဲလိုပုံစံမျိုး မိမိကိုယ်ကို ကာ ကွယ်ပြီး ကယ်ဆယ် ရေးအဖွဲ့များလာသည်အထိ စောင့်နေသင့်ပါတယ်။

ငလျင်လှုပ်ပြီးနောက် အဆောက်အဦမပြိုကျခဲ့ဘူးဆိုရင်လည်း အဆောက်အဦထဲမှာ တစ်စက္ကန့်လေးတောင် နေဖို့ စိတ်မကူးပါနဲ့။ငလျင်ဒဏ်ကြောင့် အဆောက်အဦပြိုကျတာ ဖြစ်နိုင်သေးလို့ပါ။ ဒါ့ကြာင့် ငလျင်လှုပ်ပြီးတာနဲ့ မိမိပိုင်ဆိုင်တဲ့ ပိုက်ဆံအိတ်၊ ဖုန်း အစရှိတဲ့ အဓိကပစ္စည်းတွေကို ယူပြီးအဆောက်အဦနဲ့ ဝေးရာကို ထွက်သွားပါ။ အဆောက်အဦရဲ့ အနီးမှာနေရင် အဆောက်အဦပြိုကျပြီး ထွက်လာတဲ့ အပိုင်းအစတွေက ထိခိုက်နိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါ့ ကြောင့် အဆောက်အဦနှင့် ဝေးရာမှာရှောင်နေပြီး အခြေအနေစောင့်ကြည့်သင့်ပါတယ်။

အိပ်ရာထဲမှာ ရှိနေတဲ့အချိန်ဖြစ်ပါက ခေါင်းအုံးနဲ့ မိမိရဲ့ ဦးခေါင်းကို ကာကွယ်ပါ။ ပြီးနောက် ကုတင်အောက်ထဲဝင်ပြီး မိမိ ကိုယ်ကိုအကာအကွယ်ယူပါ။ လမ်းပေါ်ရောက်နေခဲ့ရင်တော့ အဆောက်အဦတွေ ဓာတ်မီးတိုင်တွေနဲ့ အဝေးဆုံးကို ပြေးပါ။ မိမိဟာ လမ်းမလျှောက်နိုင်တဲ့အတွက် Wheelchair အသုံးပြုနေရသူဖြစ်ပါက Wheelchair ကို မရွေ့အောင် ဘီးကို သတ်ပြီး မိမိရဲ့ ဦးခေါင်းကို ကာကွယ်ပြီး ဝတ်နေပါ။ ကားထဲမှာဖြစ်နေပါက လမ်းဘေးချရပ်ပြီး စုံမီးပြကာ ကားထဲတွင် နေပါ။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဦးခေါင်းကို မထိခိုက်အောင် ဦးစွာကာကွယ်ပြီးမှ အကာအကွယ်ယူပါ။ အားလုံး ပဲ ငလျင်ဘေးက ကင်းဝေးနိုင်ကြပါစေ။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: