Home How To စွဲမက်ဖွယ်ကောင်းတဲ့ သလဲသီးမိုဂျီတို မော့ဂ်တေး တစ်ခွက် ဘယ်လိုဖျော်စပ်မလဲ

စွဲမက်ဖွယ်ကောင်းတဲ့ သလဲသီးမိုဂျီတို မော့ဂ်တေး တစ်ခွက် ဘယ်လိုဖျော်စပ်မလဲ

0
စွဲမက်ဖွယ်ကောင်းတဲ့ သလဲသီးမိုဂျီတို မော့ဂ်တေး တစ်ခွက် ဘယ်လိုဖျော်စပ်မလဲ

ရေခဲတုံးလေးတွေရဲ့မြည်သံကို ကြားဖို့ ဖန်ခွက်မှာရှိတဲ့ အေးမြမြ မော့ဂ်တေးကို စုပ်လိုက်ရခြင်းဟာ အထူးစွဲဆောင်မှု တစ်ခုပါ။ ဘယ်သူမှ ဒီလိုသာယာငြိမ့်ညောင်းလှတဲ့ အသံလေးတွေဟာ ဇိမ်ခံစရာကောင်းတဲ့ အရာတွေဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီဆောင်းပါးမှာတော့ သလဲသီးမိုဂျီတို မော့ဂ်တေး စပ်နည်းကို ဖော်ပြသွားမှာဖြစ်ပြီး သေချာတာကတော့ သင့်ကို လန်းဆန်းပြီး စိတ်ပျော်ရွှင်မှုပေးနိုင်မှာ အမှန်ပါဘဲ။ သေချာတာကတော့ ဒီဖျော်စပ်မှုအပြီးမှာ သင်ရဲ့မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတို့နဲ့ အတူ လန်းဆန်းပြီး ပျော်ရွှင်မှုအပြည့်ပေး နိုင်တဲ့ သလဲသီးမိုဂျီတို မော့ဂ်တေးနဲ့ Cheers လုပ်နိုင်မှာဖြစ်ပါတယ်။ နောက်တစ်ခေါက် ပါတီ လုပ်ဖြစ်မယ်ဆိုရင်တော့ ဒီဖျော်စပ်မှုကို မမေ့လိုက်ပါနဲ့။ သင့်ကို စိတ်လှုပ်ရှားစရာကောင်းတဲ့ အသံတွေနဲ့အတူ ကမ္ဘာပေါ်က တန်ဖိုးရှိတဲ့ အချိန်မှာ နားထောင်လိုက်ရတဲ့ သံစုံတီးဝိုင်းတွေကို နားထောင်ခံစားရသလို ဖြစ်စေပါလိမ့်မယ်။ ဒါဆို ကျွန်မတို့ တူတူဖျော်စပ်ကြည့်ရအောင်။

ဘာတွေလိုအပ်မလဲ

၁။ သကြား
၂။ ဆိုဒါ
၃။ သလဲသီးအစေ့
၄။ သလဲသီး အနှစ်ရည်
၅။ သံပရာသီး (၁)လုံး
၆။ ဇီယာရွက်(၁၀) ရွက်ခန့်
၇။ ရေအနည်းငယ်

သလဲသီးမိုဂျီတို မော့ဂ်တေး အတွက်လိုအပ်ချက်များ

၁။ သကြား ပျော်ရည်ပြုလုပ်ခြင်း

သေးငယ်တဲ့ ဒယ်အိုးကင်းလေးထဲမှာ ရေ နဲ့ သကြားကို မီးပြင်းပြင်းနဲ့ အပူပေးမယ် ။ သကြားကို မပျော်မခြင်း မွှေပေးရပါမယ်။ရေဆူလာပီဆိုရင် သကြားပျော်ရည် ရပါပီ။ ထို့နောက် မီးပေါ်က ချပြီး အအေးခံရပါမယ် ။

သကြားရည်

၂။ ပါဝင်ပစ္စည်းများကို ရောနှောခြင်း

သံပုရာသီး နှစ် စိပ် ၊ ဇီယာရွက် ငါးရွက် နဲ့ ခုနက အအေးခံထားသော ပျော်ရည်တစ်ဝက်တို့အား ဖန်ခွက် တစ်ခုစီတွင်ထည့်ပါ။ ရေခဲနဲ့ သလဲသီး အစေ့တွေကို ပေါင်းထည့်လိုက်ပါအုံး။ ပြီးရင် သလဲသီးအနှစ်ရည်ကို ၂အာင်စ ခန့်လောက်နဲ့ ဆိုဒါအရည် ၄အောင်စ ခန့်လောက်ထည့်ပြီး သမအောင် မွှေပါ။

mix mock

၃။ စွဲမက်ဖွယ်ဖြစ်အောင် ပြင်ဆင်ခြင်း

ကျန်ရှိနေတဲ့ ဇီယာရွက် နဲ့ သလဲသီး စေ့ လေးတွေကို ဖျော်ရည်ခွက်ရဲ့ အပေါ်မှာ အလှဆင်ပါမယ်။ ဒါမှသာလျှင် အပေါ်ပိုင်းမှာ သလဲသီးစေ့လေးတွေနဲ့ သောက်ချင်စဖွယ်ဖြစ်စေမှာပါ။ ဒါဆိုရင်တော့ သင့်ရဲ့စိတ်ကို လန်းဆန်းစေမယ့် သလဲသီးမိုဂျီတို မော့ဂ်တေး တစ်ခွက်ရရှိပြီဖြစ်ပါတယ်။

သလဲသီး မိုဂျီတို မော့တေး

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: