Home Lifestyle Health အရက်နာကျရင် ဘာတွေလုပ်သင့်လဲ

အရက်နာကျရင် ဘာတွေလုပ်သင့်လဲ

0
အရက်နာကျရင် ဘာတွေလုပ်သင့်လဲ

ယနေ့ခေတ်မှာ လူတိုင်းနီးပါး အရက်သောက်လာကြပါတယ်။ လူမှုရေးအရ သောက်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေ စုံလို့သောက်တာပဲဖြစ်ဖြစ်၊ အပျော်သဘောနဲ့သောက်တာပဲဖြစ်ဖြစ်၊ စိတ်ညစ်လို့သောက်တာပဲဖြစ်ဖြစ်၊ အသဲကွဲလို့ သောက် တာပဲဖြစ်ဖြစ် သောက်တာများသွားတဲ့ အခါမှာ မနက်အိပ်ရာထရင် ခေါင်းကိုက်တာတို့၊ ကြွက်သားတွေ နာ ကျင်နေတာ တို့၊ ကတုန်ကယင်ဖြစ်နေတာတို့ စတဲ့ ဝေသနာတွေကို ခံစားရတတ်ပါတယ်။ အဲလိုခံစားရတာကို အရက်နာ ကျတယ်လို့ ခေါ်ပါတယ်။အရက်နာကျခြင်းနဲ့ ပတ်သက်ပြီး Wake Forest ဆေးဘက်ဆိုင်ရာကျောင်းမှ ဆရာဝန်ဖြစ်တဲ့ Laura Veach မှရှင်းပြထားတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

အရက်ကို အလွန်အကျွံသောက်သုံးမိတဲ့ အခါမှာ ခန္ဓာကိုယ်ထဲမှ ရေဓာတ်တွေနဲ့ Vitamin A,B၊ Zinc ဓာတ်နဲ့ ပို တက်ဆီယမ်အစရှိတဲ့ ဓာတ်တွေဟာ ခမ်းခြောက်သွားတဲ့ အတွက်ကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ ဓာတ်တွေကို အပြည့်အဝမရရှိတော့ပါဘူး။ ၎င်းရဲ့ အကျိုးဆက်ကတော့ အရက်နာကျခြင်းပဲ ဖြစ်ပါတယ်။

အရက်နာမကျအောင်ဘယ်လို ကြိုတင်ကာကွယ်မလဲ။ အဖြေကတော့ရှင်းပါတယ်။ အရက်မသောက်နဲ့ပေါ့။ ဒါမှမဟုတ် အလွန်အကျွံမသောက်ပဲ တော်သင့်ရုံပမာဏလောက်ပဲသောက်ပေါ့။ အဲလိုမှမဟုတ် မဖြစ်မနေသောက်ရမယ့် ကိစ္စ တွေရှိလာခဲ့ရင် တစ်ခွက်တည်းကို အချိန်အကြားကြီးပေးပြီးသောက်ပါ။ များသောအားဖြင့် ကျွန်တော်တို့ဟာ အရက်မ သောက်မီမှာ ဘာမှမစားပဲ သောက်တတ်ကြပါတယ်။ အဲလိုသောက်ခြင်းဟာ အစာအိမ်ကို ထိခိုက်စေသလို အသဲကို လည်း များစွာထိခိုက်စေတာဖြစ်ပြီး မနက်အိပ်ရာထရင် အရက်နာကျဖို့ ရာခိုင်နှုန်းအများဆုံးဖြစ်ပါတယ်။ ဒါကြောင့် အ ရက်မသောက်မီမှာ အစာအရင်စားဖို့ ဆရာဝန်မ Laura Veach က ပြောပြခဲ့ပါတယ်။

အရက်နာကျတဲ့ အခါကျရင်ဘယ်လိုကုရမလဲ။ များသောအားဖြင့် လူတွေဟာ အရက်နာကျတဲ့အခါမှာ နောက် ထပ် အရက် တစ်ပက်နှစ်ပက် သောက်ပြီး ဖြေကြပါတယ်။ ဒါဟာ မှားတဲ့ အယူအဆပဲဖြစ်ပါတယ်။ အဲလိုလုပ်ခြင်းဟာ အ ရက်နာကျတာကို အမှန်တကယ်ပျောက်ကင်းသွားတာမဟုတ်တဲ့အပြင် အသဲကိုပါ များစွာထိခိုက်စေမှာဖြစ်ပါတယ်။ အရက်နာကျရင် အကောင်းဆုံးကတော့ ရေများများသောက်ခြင်းပါပဲ။ အရက်နာကျတဲ့အချိန်မှာ ခန္ဓာကိုယ်က အလို အပ်ဆုံးက ရေဓာတ်ပဲဖြစ်ပါတယ်။

အဲဒါကြောင့် ရေများများသာက်ပေးပါ။ ပြီးရင် Vitamin A,B၊ Zinc ဓာတ်နဲ့ ပိုတက်ဆီဓာတ်တွေ ပါဝင်တဲ့ အသီး အနှံ တွေကို စားသုံးပေးပါ။ အထူးသတိထားရမှာက အရက်နာကျတဲ့အချိန်မှာ အကိုက်အခဲပျောက်ဆေးတွေ အဖျား ပျော က်ဆေးတွေ မသောက်သုံးဖို့ပါပဲ။ အဲလိုသောက်ခြင်းဟာ အရမ်းအန္တာရာယ်များတဲ့ အရာပဲဖြစ်ပါတယ်။ ခွေးရဲ့ အမွှေး တွေပါတဲ့ လေကို ရှုရှက်ခြင်းမှလည်း ရှောင်သင့်ပါတယ်။ အရက်နာကျခြင်းမှ အားလုံး ကင်းဝေးကြပါစေ။

Source : CNN News

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: