Home Lifestyle Food သင့်ခန္ဓာကိုယ်ရဲ့ အချိုးအစားပြေပြစ်မှုကို ထိန်းညှိပေးမယ့် အစာ(၄)မျိုး

သင့်ခန္ဓာကိုယ်ရဲ့ အချိုးအစားပြေပြစ်မှုကို ထိန်းညှိပေးမယ့် အစာ(၄)မျိုး

0
သင့်ခန္ဓာကိုယ်ရဲ့ အချိုးအစားပြေပြစ်မှုကို ထိန်းညှိပေးမယ့် အစာ(၄)မျိုး

၁။ ပဲစိမ်းတောင့်

အာဟာရသုသေသနဂျာနယ်တွေကဖော်ပြတာကတော့ပဲစိမ်းတောင့်ဟာအဆီတက်ခြင်းလုံးဝမရှိပဲ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးတယ်လို့ဆိုပါတယ်။ ပဲစိမ်းတောင့်စားတဲ့ အမျိုးသမီးတစ်ဦးဟာ ဝလျှင်သော်လည်းကောင်း၊ ပိန်လျှင်သော်လည်းကောင်း အနေတော် ခန္ဓာကိုယ်သို့ရောက်ရှိ လာတာကိုလည်းတွေ့ရှိခဲ့ရပါတယ်။ အမျှင်ဓာတ်ပါဝင်တာကြောင့်လည်း သင့်ခန္ဓာအတွက်အထောက်အကူဖြစ်စေမှာပါ။

ပဲသီးစိမ်း

၂။ ဆော်လမွန်ငါး

အိုမီဂါသရီးနဲ့ ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ ငါးများ- ဥပမာ ဆော်လမွန်နှင့်တူနာငါးတွေဟာ သင့်အသားအရေအတွက်များစွာ အထောက်အကူဖြစ်စေနိုင်ပါတယ်။အရေပြားနေရောင်ခြည်အဆိပ်သင့်မှုကိုလည်းလျော့ချပေးပါတယ်။အမေရိကန် ကျန်းမာရေးဌာန ရဲ့လေ့လာတွေ့ရှိချက်အရ အိုမီဂါသရီးပါတဲ့ ငါးကိုစားသုံးတဲ့လူတစ်ဦးဟာ တစ်ပတ်လျှင် ကင်ဆာဖြစ်နိုင်ချေ ၃ဝရာခိုင်နှုန်းစီလျော့ပါးသွားတယ်လို့သိရပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အိုမီဂါသရီးဟာ ဆဲလ်လွှာတွေကို သာမာန်အရေပြားပျက်စီးခြင်းတွေကိုကကာကွယ်ပေးနိုင်တယ်လို့သုံးသပ်ကြပါတယ်။

ဆော်လမွန်ငါး

၃။ ဘလူးဘယ်ရီ

ဘယ်ရီသီးတစ်ခွက်စာစားသုံးသူဟာကိုလက်စရောလ်နှင့်သွေးဖိအားကိုလျော့ချပေးပါတယ်။ နှလုံးကျန်းမာရေး အတွက်လည်းအထောက်အကူပြုတယ်လို့အမေရိကန် ကျန်းမာရေးဌာနက သတိပေးပြောကြားထားပါတယ်။ နှလုံးအတွက်အထောက်အကူပြုတဲ့ ဓာတ်သဘာဝများပါဝင်တာကြောင့်လည်း သင့်ကျန်းမားရေးအတွက်ကောင်းမွန်ပါတယ်။

blue-berries

၄။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ ခရိုမီယမ် သတ္တုဓာတ်တွေ အများအပြား ပါဝင်တာမို့ ဆီးချို မဖြစ်အောင် ထိန်းညှိပေးပါတယ်။ ခရမ်းချဉ်သီးထဲက ဗီတာမင်အေဓာတ်ကြောင့် မျက်လုံးအမြင်အာရုံကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ မျက်လုံးအရောင် မကြည်တာကအစ ညဘက်အမြင် အာရုံအားနည်းတာတွေကိုပါ ပိုပြီး တိုးတက် ကောင်းမွန်လာစေပါတယ်။

ခရမ်းချဉ်သီး

အသားအရေလှပခြင်းရဲ့အဓိကလျို့ဝှက်ချက်ကတော လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ စတော်ဘယ်ရီစသီးတွေနဲ့ မုန်ညင်းထုပ်စတဲ့ ဗီတာမင်စီကြွယ်ဝတဲ့အစားအစားတွေများများစားပေးလို့ပါပဲ။သုသေသနပြုသူတွေကတော့ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစားတွေစားတာဟာနုပျိုခြင်းကိုထိန်းသိမ်းပေးပါတယ်တဲ့။ တွေ့ရှိချက်များအရ အသက်အရွယ် အလတ်ပိုင်းအမျိုးသမီးတွေအတွက်အရေပြားမွဲခြောက်ခြင်းနှင့်အရေပြားနဲ့ ပတ်သက်တဲ့ ရောဂါတွေအတွက် ကောင်းမွန်တယ်လို့ဆိုပါတယ်။ဗီတာမင်စီဟာ အရွယ်တင်နုပျိုစေသည့်အပြင် ခရမ်းလွန်ရောင်ခြည်သင့်မှုကိုကာကွယ်ပေးပြီး အရေပြားရဲ့ ကော်လဂျင်ကိုလည်းထိန်းညှိပေးပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: