Home Lifestyle Health ညဘက်အိပ်ပျော်စေမယ့် နည်းလမ်းများ

ညဘက်အိပ်ပျော်စေမယ့် နည်းလမ်းများ

0
ညဘက်အိပ်ပျော်စေမယ့် နည်းလမ်းများ

လူတိုင်းနီးပါး အကြောင်းအမျိုးမျိုးကြောင့် ညဘက် အိပ်မပျော်တာတွေရှိပါမှာ။ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကြောင့် သော်လည်းကောင်း၊ ခန္ဓာကိုယ်မှာလုံလောက်တဲ့ အာဟာရဓာတ်နဲ့ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကြောင့်သော် လည်းကောင်း ဖြစ်တတ်ပါတယ်။ အကယ်၍ သင်ဟာ ညဘက်မှာ နှစ်ခြိုက်စွာ မအိပ်စက်နိုင်ဘူး ဆိုရင်တော့ အောက်ပါ အချက်လေးတွေအတိုင်း လိုက်နာကြည့်ပါ။

မနက် ၇ နာရီ

အချိန်မှန်ထပါ အချိန်မှန်ထဖို့ အရင်ဆုံးအချိန်တခု သတ်မှတ်ပြီး နှိုးစက်သုံးကာ တပတ်လောက် ပုံမှန်ထကြည့်ပါ။နောက်ပိုင်း အကျင့်ဖြစ်သွားရင်နှိုးစက်မလိုဘဲ အလိုလိုနိုးလာပါလိမ့် မယ်။ဤနည်းအတိုင်းပဲအိပ်ချိန်ကိုလည်းပုံမှန်လုပ်ပါ။ အချိန်မှန်အိပ် ၊အချိန်မှန်ထခြင်းဖြင့် ညဘက် မှာကောင်းကောင်းအိပ်ပျော်လာမှာပါ။

မနက်၉နာရီ

ကယ်(လ်)စီယမ်သုံး ဆောင်ပါ မနက်စာစားတဲ့အခါ ကယ်(လ်)စီယမ် ဓာတ်ပါရှိတဲ့အစာစားဖို့မမေ့ ပါနဲ့။ဒီသတ္တုဓာတ်ဟာ အိပ်ကောင်းခြင်းအိပ် စေနိုင်တဲ့ ဆီရိုတိုနင်နဲ့ မယ်ဘတိုနင်ဟော်မုန်း တွေကို ခန္ဓာကိုယ် ကနေပမာဏအများအပြား ထွက်ရှိလာစေနိုင်ခြင်းကြောင့်ပါ။ ကယ်လ်စီယမ်ပါတဲ့ကွေကာအုတ်သောက်ပါ။ တနေ့ကို ကယ်လ်စီယမ် ၁၂ဝဝမီလီဂရမ်သုံးဆောင် သင့်တာကြောင့်လိုအပ်ပါကကယ်လ်စီယမ် အားဆေးသောက်ပါ။

မနက်၁ဝနာရီ

နေရောင်ခံပါ နေရောင်ခြည်ခံယူခြင်းဖြင့် ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှုမှန်ကန်ပြီး နေ့လည် နေ့ခင်းငိုက်မျဉ်းခြင်းနဲ့ ညဘက်မျက်စိကြောင် ခြင်းမဖြစ်တော့မှာပါ။အိပ်ကောင်းခြင်းအိပ်ပျော်စေနိုင်ဖို့နေ့ပိုင်းမှာနေ့အလင်းရောင်များစွာလိုအပ်ပြီး ညပိုင်းမှာ လုံးဝအမှောင်ချထား ဖို့လိုပါတယ်။ဒါကြောင့် နေ့လည်ပိုင်း အိမ်ထဲ အခန်းထဲမှာပဲအောင်းနေမယ့်အစား အလင်း ရောင်ခံယူလိုက်ပါ။

နေ့လည်၁နာရီ

လေ့ကျင့်ခန်းလုပ်ပါ။ အိပ်မပျော်ရခြင်းရဲ့ အကြောင်း ရင်းများစွာထဲမှာ စိုးရိမ်ပူပန်ခြင်းနဲ့စိတ်ဓာတ်ကျ ခြင်းက အဖြစ်များဆုံးအကြောင်းအရာတွေပါ။ အဲဒါတွေ ပျောက်ကင်းဖို့လေ့ကျင့်ခန်းလုပ်ဖို့ လိုပါတယ်။ပုံမှန်လမ်းလျှောက်ခြင်းနဲ့ ယောဂလေ့ကျင့်ခန်းများက စိတ်ဓာတ်ကျကာကွယ်တဲ့ဆေးတွေလိုပဲ အစွမ်းထက်လှပါတယ်။ပြင်ပမှာလေ့ကျင့်ခန်း လုပ်တာက Gymထဲမှာလုပ်တာထက်စာရင် ပိုပြီးအကျိုးရှိပါတယ်။

ညနေ၃နာရီ

ကဖင်းဓာတ်လျှော့ပါ ညနေပိုင်း မှာကော်ဖီ၊လက်ဖက် ရည်မသောက်ပါနဲ့ ၊ခန္ဓာကိုယ်ကနေကဖင်း ဓာတ်ကိုဖယ်ရှားစွန့်ထုတ်ဖို့အချိန်အနည်း ဆုံးခြောက်နာရီလိုပါတယ်။ ညနေပိုင်းမှာ ကော်ဖီခါးခါးတစ်ခွက်သောက်လိုက်ပါက ည၉နာရီအထိ ခန္ဓာကိုယ်ထဲက ကဖင်းဓာတ် ရှိနေဦးမှာပါ။ အဲဒီကဖင်းဓာတ်ကမျက်စိ ကြောင်စေနိုင်ပါတယ်။

ည၆နာရီ

အယ်လ်ကိုဟောလျှော့ပါ အိပ်ရာဝင်ခါနီး အရက်၊၀ိုင်၊ ဘီယာစတဲ့ အယ်လ်ကိုဟောပါတဲ့အရည်တွေ ကိုသောက်တာက အိပ်စက်ခြင်းကို အနှောင့် အယှက်ပေးပါတယ်။အိပ်နေစဉ်သွေးတွင်းရှိ အယ်လ်ကိုဟောအဆိပ်ဓာတ်တွေကို ခန္ဓာ ကိုယ်ကနေ ဖယ်ရှားပေးရတာကြောင့် ခြေ လက်လှုပ်ခြင်း၊ကိုယ်အပူချိန်တက်ခြင်းဖြစ်ကာ အိပ်ကောင်းခြင်းနဲ့မအိပ်ရတော့ပါဘူး။ဒီလို မဖြစ်ရအောင် မအိပ်ခင်အနည်းဆုံးသုံးနာရီအ ကွာမှာ မသောက်ပါနဲ့။ညပိုင်းတွေမှာ ၀ိုင် တခွက် နှစ်ခွက်ထက်ပိုပြီးမသောက်ပါနဲ့။ အကယ်၍ ညစာစားပွဲတွေမှာသောက်မိပါက ရေများများသောက်ပေးလိုက်ပါ။

ည၉နာရီ

မီးရောင်လျှော့ပါ ကွန်ပျူတာ၊တီဗီနဲ့ ဒစ်ဂျစ်တယ် နာရီတွေကထွက်ရှိတဲ့ အလင်းတန်းတွေက ငိုက်မျဉ်းခြင်းဖြစ်ပေါ်စေတဲ့ မယ်လိုနင်ဟော် မုန်းသဘာဝအတိုင်း ထွက်ရှိမှုကိုအနှောင့်အ ယှက်ဖြစ်စေပါတယ်။ဒီဟော်မုန်းက ငိုက်မျဉ်း ခြင်းကိုသာမက အိပ်မက်ပုံမှန်မက်စေဖို့လည်း ြုပုလုပ်ထားပါတယ်။ အိပ်မက်မက်တာကစိတ် ဖိစီးမှုနဲ့ စိတ်ဓာတ်ကျမှုကိုသက်သာစေပါ တယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီး တီဗီကြည့် တာ၊ကွန်ပျူတာကြည့်တာမျိုးမလုပ်ပါနဲ့။

ည၁ဝနာရီ

အိပ်ဆေးမသောက်ပါနဲ့ အိပ်မပျော်လို့ အိပ်ဆေးသောက် တာမျိုးမလုပ်ပါနဲ့။အိပ်ဆေးပုံမှန်သောက်နေ ပါက နောက်ပိုင်းဆေးမတိုးပဲဖြစ်သွားဖြစ်သွား ပါလိမ့်မယ်။ ဒါ့အပြင်နေ့လည်ဘက်မှာပင်ပန်း နွမ်းလျခြင်း၊ အတွေးအခေါ်အားနည်းခြင်းတို့ ဖြစ်လာတတ်ပါတယ်။ သဘာဝအတိုင်းအိပ် ပျော်အောင်သာကြိုးစားပါ။

ည ၁ဝနာရီခွဲ

စိတ်ဖြေလျှော့ကာအသက်ရှူပါ အပေါ်သွားအနောက်နားမှာ အာခေါင်ကိုလျှာနဲ့ထောက်ပြီးအသက်ဝဝရှူ ထုတ်လိုက်ပါ။ပါးစပ်ပိတ်ပြီး တစ်ကနေ လေး ကအထိစိတ်ထဲရေတွက်ကာနှာခေါင်းနဲ့အ သက်ရှူသွင်းပါ။တစ်ကနေ ခုနှစ်အထိစိတ် ထဲရေတွက်ပြီး အသက်အောင့်ထားပါ။ပြီး တော့တစ်ကနေရှစ်အထိရေတွက်ကာအ သက်ရှူထုတ်ပါ။အစအဆုံးသုံးကြိမ်လုပ်ပါ။ သဘာဝအတိုင်း အိပ်ပျော်သွားပါလိမ့်မယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: