Home Lifestyle Health မိုဘိုင်းလ်ဖုန်းတွေရဲ့ ရေဒီယိုသတ္တိကြွမှုကို ဘယ်လိုကာကွယ်မလဲ

မိုဘိုင်းလ်ဖုန်းတွေရဲ့ ရေဒီယိုသတ္တိကြွမှုကို ဘယ်လိုကာကွယ်မလဲ

0
မိုဘိုင်းလ်ဖုန်းတွေရဲ့ ရေဒီယိုသတ္တိကြွမှုကို ဘယ်လိုကာကွယ်မလဲ

ယနေ့ ကမ္ဘာပေါ်မှာ မိုဘိုင်းလ်ဖုန်းအသုံးပြုမှုဟာ မြင့်သထက် မြင့်လာသလို လူမှုရေး၊ စီးပွားရေးနဲ့ ဖျော်ဖြေရေးတွေမှာ မပါမဖြစ် အရေးကြီးပစ္စည်းအနေနဲ့ ပါဝင်လာပါတယ်။ ဒါပေမယ့် မိုဘိုင်းလ် ဖုန်း သုံးစွဲမှုမြင့်တက်လာတာနဲ့အမျှ အခြားတစ်ဖက်မှာလဲ လူတို့ရဲ့ ကျန်းမာရေးပြဿနာတွေကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ မိုဘိုင်းလ်ဖုန်းဟာ ရေဒီယိုသတ္တိကြွမှုကို အိုင်ယွန် မပါတဲ့ ပုံစံမျိုးနဲ့ ထုတ်လွှတ်ပြီး အဲ့ဒီ လှိုင်းတွေဟာ ခန္ဓာကိုယ်ထဲရောက်ရှိတဲ့အခါ ပြန်လည် ဖယ်ရှားဖို့မလွယ်ကူတော့ပါဘူး။ အဲ့ဒီချိန်မှာ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာရပါတယ်။

လေ့လာတွေ့ရှိချက်များအရ ၁ဝနှစ်ကြာ မိုဘိုင်းလ်ဖုန်း အသုံးပြုခြင်းဟာ ဦးနှောက် တစ်သျူး ကြီးထွားမှုကို ၂၆ဝရာခိုင်နှုန်းတောင် ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ စမ်းသပ်များမှလည်း မိုဘိုင်းဖုန်းအသုံးပြုမှုများတဲ့လူရဲ့ ဦးနှောက်မှာ တစ်သျူးတွေကြီးထွားလာတာကို ထူးခြားစွာတွေ့ရှိခဲ့ရပါတယ်။

မိုဘိုင်းလ်ဖုန်းကြားရှည်အသုံးပြုရာမှအရိုးအဆစ်များသည်းသိပ်မှုနည်းသွားခြင်း၊ကိုယ်အလေးချိန်လျော့ကျခြင်းတို့အပြင် ဦးနှောက်ရဲ့ သွေးစီးခြင်းကို အနည်းငယ်အဟန့်အတားဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်ကလေးငယ်တွေမှာ ပိုပြီးဖြစ်ပွားလွယ်ပါတယ်။
ဒါဆိုရင်တော့ ရေဒီယိုသတ္တိကြွလှိုင်းထုတ်လွှတ်မှုတွေ ကိုကာကွယ်ဖို့ လုံးဝလိုအပ်နေပါပြီ။ဖုန်းနဲ့ကင်းကင်း ကွာကွာ မနေနိုင်လို့ မရှောင်ရှားနိုင်ဘူးဆိုရင်တောင်မှ ဒီလှိုင်းတွေကို ထိတွေမှုလျော့နည်းအောင်ဘယ်လုပ်ကြမလဲ?

 

 

အောက်ကအချက်(၉)ချက်အတိုင်း လုပ်ကြည့်လိုက်ပါ

၁။ ဖုန်းပြောရင် စပီကာဖွင့်ပြီးပြောပါ

အကယ်၍ သင်ဟာ သူများတွေကို ကိုယ်ဘာတွေပြောနေလဲဆိုတဲ့အကြောင်းအရာကို မသိစေချင်ဘူးဆိုရင်တော့ နားကြပ်သုံးပေါ့။ ဖုန်းကိုခန္ဓာကိုယ်နဲ့ ဝေးနိုင်သမျှဝေးအောင်ထားပြီးဖုန်းပြောတာ အကောင်ဆုံးပါပဲ။

၂။ ဖုန်းအားပုံမှန်သွင်းပါ

ဖုန်းအားဟာ ၃ဝရာခိုင်နှုန်းအောက်ရောက်သွားပြီးဆိုရင် ရေဒီယိုသတ္တိကြွထုတ်လွှတ်မှုပမာဏဟာ ခါတိုင်းထက်ပိုမြင့်လာလေ့ရှိပါတယ်။ ဖုန်းအားနည်းနေချိန် လုံးဝ ဖုန်းခေါ်ဆိုမှုတွေမလုပ်ပါနဲ့။ ဖုန်းအားသွင်းဖို့အဆင်မပြေဘူးဆိုရင် သာမာန် စာတို smsပေးပို့ခြင်းက အကောင်းဆုံးပါပဲ။

၃။စာပို့ခြင်းဖြင့်ဆက်သွယ်ပါ

စာပို့ခြင်းက ဖုန်းပြောခြင်ထက်ရေဒီယိုသတ္တိကြွမှုကိုအများကြီးလျော့နည်းစေပါတယ်။

၄။ကားမောင်းနေစဉ်စီးနေစဉ်သို့မဟုတ်အခြားသောယာဉ်များမောင်းနေစဉ်၊ စီးနေစဉ် ဆက်သွယ်မှုများမလုပ်ပါနှင့်။

ရွေ့လျားသွားလာမှုလုပ်နေစဉ်မှာ ဖုန်းဖြင့်အဆက်အသွယ်လုပ်ခြင်းသည် မိုဘိုင်းဖုန်းက တာဝါတိုင်ကို ပို၍ကြိုးစားချိတ်ဆက်ရသောကြောင့် ရေဒီယိုကြွမှုနှုန်းမြင့်တက်လာစေပါသည်။ထို့ကြောင့် ယာဉ်များစီးနင်းနေစဉ်အတွင်း ဖုန်းပြောခြင်းသာမက စာပို့ခြင်း ဆက်သွယ်ခြင်းများအား ရှောင်ရှားသင့်ပါတယ်။

၅။ ရေဒီယိုသတ္တိကြွမှုနည်းတဲ့ဖုန်းကိုဝယ်သုံးပါ

ရေဒီယိုသတ္တိကြွမှု နည်းတဲ့ ဖုန်းတွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ အချို့ကတော့ အမှတ်တံဆိပ်အပေါ်မူတည်ပြီး ရေဒီယိုသတ္တိကြွမှု အနည်းအများကို ဆုံးဖြတ်ပါတယ်။ အမှန်တော့ အဲ့ဒီလို ဆုံးဖြတ်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အမှတ်တံဆိပ်တစ်ခုထဲကနေ မတူညီတဲ့ ပစ္စည်းအမျိုးမျိုးကို နှစ်စဉ်ထုတ်လုပ်နေလို့ဘဲဖြစ်ပါတယ်။ ကိုယ် ကိုင်မယ့် ဖုန်းအမျိုးအစားမော်ဒယ်အပေါ်လဲ မူတည်ပါသေးတယ်။ ဒါကြောင့် ရေဒီယိုသတ္တိကြွမှု အနည်းအများကို အသေးစိတ်သိလိုရင်တော့ Googling လုပ်ပါလို့ ပြောချင်ပါတယ်။

၆။တစ်ဖက်လူဖုန်းမကိုင်မချင်း ဖုန်းကိုနားနှင့်မကပ်ပါနဲ့

သင့်မှာနားကြပ်မပါဘူးဆိုရင် စပီကာဖွင့်ပြီး စကားပြောဖို့လည်းအဆင်မပြေဘူးဆိုရင် ဖုန်းအားရှေးဦးစွာ တစ်ဖက်လူမကိုင်မချင်း စပီကာလေးတော့ဖွင့်ထားသင့်ပါတယ်။ တစ်ဖက်လူကကိုင်မှ စပီကာလေးပိတ်ပြီးနားနဲ့ကပ်ပြောပေါ့။

၇။ ဖုန်းအကြာကြီးမပြောပါနှင့်။

 မတွေ့တာကြာတဲ့မိတ်ဆွေတစ်ယောက်နဲ့ဖုန်းပြောပြီးဆို ပုံမှန်အားဖြင့် အချိန်ကြာလေ့ရှိတတ်ကြပါတယ်။ ဒါပေမဲ့လည်း ဖုန်းပြောတာထက် စာပို့တာမျိုး အပြင်မှာချိန်းတွေ့ပြီးပြောတာမျိုးလုပ်တာက ကျန်းမာရေးရှုထောင့်အနေနဲ့ကြည့်ရင်ပိုကောင်းသလို သင်နဲ့ သင့်မိတ်ဆွေတို့ရဲ့ ဆက်ဆံရေးကိုလည်း တိုးတက်စေပါတယ်။

၈။ အိပ်တော့မယ်ဆိုရင် ဖုန်းကို မိမိနဲ့အဝေးဆုံးနေရာမှာထားပါ။

သင့်ရဲ့မျက်လုံးမမှေးစက်ခင်လေးတော့ဖုန်းကိုသင့်ရဲ့ အဝေးတစ်နေရာမှာထားပေးပါ။ ဖုန်းအဝင်အထွက်ရှိမယ်ဆိုရင် Soundကိုဖွင့်ထားလိုက်ပါ။ Vibrate Mode မထားပါနှင့်။ သင်မကြားရမှာစိုးလို့ပါ။

သိပ်မကြာသေးခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ဖုန်းရေဒီယိုသတ္တိကြွမှာကာကွယ်ရေးပစ္စည်း(လျှပ်စစ်သံလိုက်လှိုင်း ကာကွယ်ရေးပစ္စည်း)ကို တန်နဲ့ချီပြီး ထုတ်လုပ်ပေးထားပါတယ်။ အကယ်၍များ တတ်နိုင်တယ်ဆိုရင်တော့ ဝယ်သုံးတာ ပိုကောင်းပါ တယ်။

စာဖတ်ရှုသူများအားလုံး ကျန်းမာသက်ရှည်သော ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေဟု ဆန်းသစ်မြန်မာမှ ဆန္ဒပြုလိုက်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here

%d bloggers like this: