ကြမ်းပိုး အန္တရာယ် အတွက် ဆေးနည်းများ

0
26513
Red-bugs

ကြမ်းပိုး ဒုက္ခပေး လို့ အိပ်ရေးပျက် သူပေါင်း အများကြီး ရှိမယ်ထင်ပါတယ်။ ကြမ်းပိုးပြဿ နာ ဟာ သေး သလို လို နဲ့ တစ်ကယ်ကြီးတဲ့ ဒုက္ခ တစ်မျိုးဖြစ်ပါတယ်။ ကြမ်းပိုး ကို အင်္ဂလိပ် လို Red Bugs လို့ခေါ်ပြီး လေ့လာ သူများရဲ့ အဆိုအရ ကြမ်းပိုး စတင်ပေါ်ပေါက်ခဲ့တာ အမေရိက မှာ ဖြစ်ပါတယ်။ ကြမ်းပိုး ဟာ တော်ရုံနဲ့ မသေပဲ အသက်ပြင်းတဲ့ သတ္တဝါ စာရင်းထဲမှာ ပါဝင်ပါ တယ်။

လူတွေရဲ့ အသွေး ကို မစုပ်ပဲ နဲ့တောင် ၃ လ တိတိ အသက် ရှိနေနိုင်ပြီး အပူချိန်၊ အအေး ဒီဂရီ အမြင့်ကြီး ထဲ မှာလည်း အသက် ရှင်နေနိုင်ကြပါတယ်။ ရေထဲတောင် အချိန်ကြာမြင့်စွာ နေနိုင်တယ် လို့ ဆိုပါတယ်။
ကြမ်းပိုး သတ်ဆေး မျိုးစုံတို့ကိုလည်း အမေရိက မှ စတင် တီထွင်ခဲ့ကြပေမယ့် အခုထိ ဘယ် တံဆိပ်က အကောင်းဆုံး ဆိုတာ ညွန်းရ ခက်နေတုန်းပါပဲ။ DDT ဆိုတဲ့ ဖြန်းဆေး ကလည်း လူတွေ အတွက် အန္တရာယ် ရှိစေလို့ ပိတ်ထား လိုက်ပါတယ်။ ဒါ့ကြောင့် ဂျပိုး အတွက် ဆေးနည်းပေါင်းစုံ တို့ကို စုစည်းပြီး တင်ပေးလိုက်ပါတယ်။ တစ်နည်း မပျောက်ရင် တစ်နည်း နဲ့ စမ်းသပ်နိုင်ကြပါတယ်။

(၁) ဆပ်ပြာမှုန့်၊ ဆပ်ပြာ ကရင်မ် တစ်မျိုးမျိုး ကို ရေနဲ့ဖျော်ပြီး ဂျပိုး ရှိတဲ့နေရာ များကို ဖြန်းပေးပါ။

(၂) ဒူးရင်းသီး ရဲ့ ထူးခြားပြီး ပြင်းထန်တဲ့ အနံ့ကို ကြမ်းပိုးတွေ ကြောက်ကြ ပါတယ်တဲ့။ ဒူးရင်းသီး အခွံကို အိပ်ယာဘေး၊ အိပ်ယာအောက် မှာ ထားပါ။ အိပ်ခါနီး အနံ့ မခံနိုင်ရင် ဘေးဖယ် ထားပါ။

(၃) ဆေးနည်း တစ်မျိုး ကတော့ မြင်းသား အဆီကို ဆီမီးခွက်ထဲ ထည့်ပြီး မီးထွန်း ထားရင် ၄င်း အနံ့ကို ဂျပိုး များကြောက်ပြီး ပြေးကြ ပါတယ်။

(၄) ပရုပ်လုံး များကို ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ အိပ်ယာဘေး တို့မှာ ထည့်ထားပါ။ ပရုပ်လုံး အနံ့ကို ဂျပိုး များ ကြောက်ပါတယ်။

(၅) ကြောင်မန်းရွက် ကို အိပ်ယာအောက် ထည့်ထားပါ။ ၄င်း အနံ့ကြောင့် ကြမ်းပိုး များ မလာတော့ပါ။

(၆) ဖယောင်းကော်ဇော ခင်းအိပ်ပါ။ ဖယောင်းကော်ဇော ကို ဂျပိုး များ မနှစ် သက်ပါ။

(၇) အသင့်ပြုလုပ် ထားတဲ့ ဖြန်းဆေး များလည်း တံဆိပ် မျိုးစုံ ရှိနေပါတယ်။ Red Bugs Killer (ဂျပိုးဖြန်းဆေး) လို့ ပြောပြီး ဝယ်ယူနိုင်ကြပါတယ်။

ကြမ်းပိုး မရှိအောင် အိပ်ယာခင်း၊ ခေါင်းအုံးစွပ် များကို မကြာခဏ လျှော်ပါ။ နေပူ လှန်းပါ။ သန့် ရှင်းအောင် နေ ပါ။ သတိ ထားရမှာ ကတော့ ဖြန်းဆေးတွေ သုံးရင် ကလေးတွေ ကို သတိထားရမယ်။ ကြမ်းပိုးဖြန်းဆေး များ ဟာ ခြင်ဆေး ထက် အဆပေါင်းများစွာ ပြင်းထန်တဲ့ အတွက် အန္တရာယ် ပိုကြီးပါတယ်။ ဆေးဖြန်းပြီးရင် လက်ကို စင်ကြယ်အောင် ပြန်ဆေးပေးရပါမယ်။ အားလုံးပဲ ကြမ်းပိုး အန္တရာယ်မှ ကင်းဝေးကြပြီး အိပ်ရေး ၀၀ အိပ်နိုင်ကြပါစေ။

 

LEAVE A REPLY

Please enter your comment!
Please enter your name here